ကခုန်မြူးတူးရသည်ဟု မြင်မက်မူ မကောင်း။

ကလေးသူငယ်များကို မြင်မက်သော် ချမ်းသာရအံ့။

ကလေးငယ်များ ဖျားနေသည်ဟု မြင်မက်သော် စိတ်သောက ရောက်ရအံ့။

ကလေးငယ်များနှင့်အတူ ခရီးဝေးသွားရသည်ဟု မြင်မက်သော် ပျော်ရွှင်မှုနှင့် ကြုံရအံ့။

ကရဝိက်ဖောင်ကို မြင်မက်သော် ပျော်ရွှင်မှုနှင့် ကြုံရအံ့။

ကရဝိက်ဖောင်စီးရသည်ကို မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ကလေးသူငယ်များ ချော်လဲသည်ကို မြင်မက်သော် အကြံပျက်အံ့။

ကန္တာရခရီးကြမ်းကို သွားရသည်ဟု မြင်မက်သော် အကြံ အစည် နှောင့်နှေးအံ့။

ကကြိုးတန်ဆာကို မြင်မက်သော် ပြဿနာဖြေရှင်းအံ့။

ကတ္တီပါကို မြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

ကတ္တီပါ စုတ်ပြဲသည်ကို မြင်မက်သော် စီးပွားပျက်အံ့။

ကတုတ်ကျင်းကို မြင်မက်သော် ဘေးရန်များအံ့။

ကလောင်တံကို မြင်မက်မူ နာမည်ကြီးအံ့။

ကဏန်းကို မြင်သော် အမှုအခင်းဖြစ်အံ့။

ကဏန်းသားစားရသည်ကို မြင်မက်သော် အမှုနိုင်အံ့။

ကဏန်းအသေကို မြင်မက်သော် အမှုနိုင်အံ့။

ကဏန်းညှပ်ခံရသည်ဟု မြင်မက်သော် အမှုရှုံးအံ့။

ကတုတ်ကျင်းတူးရသည်ဟု မြင်မက်သော် ခိုက်ရန်ဖြစ်အံ့။

ကာမပြုရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ကာမပြုခံရသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကာမေသုမိစ္ဆာကံကို ကျူးလွန်သည်ဟု မြင်မက်သော် ဆုံးရှုံးအံ့။

ကာလဝမ်းရောဂါဖြစ်သည်ဟု မြင်မက်သော် ဘေးသင့်အံ့။

ကာရံထားသော ခြံစည်းရိုးများ ပျက်နေသည်ဟု မြင်မက်သော် ဘေးအန္တရာယ်ရှိအံ့။

ကားစီးရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ကားပျက်သည်ဟု မြင်မက်သော် အကြံပျက်အံ့။

ကားတိုက်သည်ဟု မြင်မက်သော် အမှုဖြစ်အံ့။

ကား ရေပြင်ပေါ်တွင် မောင်းရသည်ဟု အိပ်မက်သော် သာယာအေးချမ်းမှုနှင့် ပြည့်စုံရအံ့။

ကား ပက်လက်လန်နေသည်ဟု မြင်မက်သော် စီးပွားရေး ကျဆင်းအံ့။

ကားဘီးပေါက်နေသည်ဟု မြင်မက်သော် လုပ်ငန်းအကြံပျက်အံ့။

ကားခိုးခံရသည်ဟု မြင်မက်သော် စီးပွားရေးကျအံ့။

ကား ချောက်ထဲသို့ ထိုးကျသွားသည်ဟု မြင်မက်သော် ဘေးဒုက္ခနှင့်တွေ့ကြုံရအံ့။

ကားဂိုဒေါင်ကို မြင်မက်သော် ငွေဝင်အံ့။

ကားဂိုဒေါင် အဖောက်ခံရသည်ဟု မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

ကားတစ်စီးပေါ် နောက်ထပ်ကားတစ်စီး ထပ်နေသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ကားတစ်စီးပေါ်သို့ နောက်ထပ် ကားအများကြီးတင်ဆောင် လာရသည်ဟု မြင်မက်သော် စုတ်ကြီး လာဘ်ကြီး မလွဲဝင်အံ့။

ကားအသစ်တစ်စီးဝယ်စီးရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ကားအသစ်တစ်စီးဝယ်စီးရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ကား မိုးပေါ်ပျံနေသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ကားတစ်စီး လက်ဆောင်ရသည်ဟု မြင်မက်သော် အကြံအစည်အောင်အံ့။

ကားအတွင်း ပစ္စည်းကျန်ခဲ့သည်ဟု မြင်မက်သော် သူခိုးအခိုးခံရအံ့။

ကားဆေးသုတ်သည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကုလားထိုင်ကို မြင်မက်သော် အလုပ်ရအံ့။

ကုလားထိုင်ပေါ်တွင် ထိုင်နေရသည်ဟု မြင်မက်သော် ရာထူးတိုးအံ့။

ကုလားထိုင်ပေါ်မှ ပြုတ်ကျသည်ဟု မြင်မက်သော် ကုသိုလ်ကံ အလွန်ညံ့အံ့။

ကုလားထိုင်ပေါ်တွင် ကလေးသူငယ်များ ထိုင်နေသည်ဟု မြင်မက်သော် အိမ်တွင်းအေးချမ်းမှုရှိအံ့။

ကုလားကာကို မြင်မက်သော် ဘေးဒုက္ခနှင့်ကြုံရအံ့။

ကုလားကာ မီးလောင်သည်ဟု မြင်မက်သော် နေအိမ်ပေါ်မှ ဆင်းရအံ့။

ကုလားအုတ်ကို မြင်မက်သော် ငွေကြေးအဆင်ပြေအံ့။

ကုလားအုတ်စီးရသည်ဟု မြင်မက်သော် အဆင့်အတန်းမြင့်စွာ နေထိုင်ရအံ့။

ကုလားအုတ် ကလေးမွေးသည်ဟု မြင်မက်သော် ကြီးစွာသော အမွေရအံ့။

ကုလားအုတ် ရေသောက်သည်ဟုမက်သော် ထီပေါက်အံ့။

ကော်ဇောကို မြင်မက်သော် ခဲယဉ်းစွာ အောင်မြင်အံ့။

ကော်ဇောပေါ်တွင် ထိုင်နေသည်ဟု မြင်မက်သော် ဆရာဖြစ်အံ့။

ကော်ဇောစီး၍ ကောင်းကင်၌ ပျံသန်းရသည်ဟု မြင်မက်သော် အထွတ်အထိပ်ရောက်အံ့။

ကော်ဇောမီးလောင်သည်ဟု မြင်မက်သော် သေကြေပျက်စီးအံ့။

ကော်ဇောပေါက်နေသည်ဟု မြင်မက်သော် အကြံပျက်အံ့။

ကော်ဖီသောက်နေသည်ဟု မြင်မက်သော် အလိုပြည့်အံ့။

ကော်ဖီခြံကို မြင်မက်သော် စီးပွားတိုးအံ့။

ကော်ကပ်သည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကံ့ကော်ပန်းကို မြင်မက်သော် ငွေဝင်အံ့။

ကံ့ကော်ပင် နေအိမ်ရှေ့တွင် ပေါက်နေသည်ကို မြင်မက်သော် မကြာမီကောင်းစားအံ့။

ကံ့ကော်နံ့ရသည်ဟု မြင်မက်သော် သတင်းကောင်းကြားရအံ့။

ကံ့ကော်ပင်ပေါ်သို့ တက်နေသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ကံ့ကော်ပင် ကျိုးကျနေသည်ဟု မြင်မက်သော် မှီခိုအားထားသူ ပျက်စီးအံ့။

ကံ့ကော်တစ်ထောင် ဘုရားဖူးရသည်ဟု မြင်မက်သော် ကျက်သရေတိုးအံ့။

ကန်ရေကြည်ကို မြင်မက်သော် အရာရှိဖြစ်အံ့။

ကန်ရေ နောက်နေသည်ကို မြင်မက်သော် အကြံပျက်အံ့။

ကန်ရေတွင် ကြာပေါက်နေသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ကန်ရေတွင် မြွေကို မြင်မက်သော် လာဘ်ရအံ့။

ကန်ရေတွင် ဖားကို မြင်မက်သော် လာဘ်ရအံ့။

ကန်ရေ ကျိုးပေါက်နေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကန်ရေတွင် ရေကူးရသည်ဟု မြင်မက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

ကန်ရေတွင် ရေနစ်သည်ဟု မြင်မက်သော် ဘေးဒုက္ခနှင့် ကြုံတွေ့ရအံ့။

ကန်ရေ တူးဖော်ရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ကန်ပေါင်တွင် ထိုင်နေရသည်ဟု မြင်မက်သော် သာယာချမ်းမှုရှိအံ့။

ကြက်ကို မြင်မက်သော် သူတစ်ပါးထက် မြင့်မြတ်အံ့။

ကြက်တွန်သံကြားရသည်ဟု မြင်မက်သော် အကြံအောင်မြင်အံ့။

ကြက်ခွပ်သည်ဟု မြင်မက်သော် အမှုဖြစ်အံ့။

ကြက်သားစားရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ကြက်ကြော်စားရသည်ဟု မြင်မက်သော် ရာထူးတိုးအံ့။

ကြက်အကောင်လိုက်စားရသည်ဟု မြင်မက်သော် ချမ်းသာအံ့။

ကြက်ဟင်းခါးသီးစားရသည်ဟု မြင်မက်သော် မချစ်မနှစ်သက်သူနှင့်တွေ့အံ့။

ကြက်တူရွေးကို မြင်မက်သော် မကောင်းစကား ပြောဆိုခံရအံ့။

ကွမ်းညှပ်သည်ကို မြင်မက်သော် ရန်များအံ့။

ကွမ်းအစ်ကို မြင်မက်သော် ဆရာဖြစ်အံ့။

ကွမ်းသီးကို မြင်မက်သော် သောကရောက်အံ့။

ကွမ်းစားရသည်ဟု မြင်မက်သော် အဝတ်အစားသစ် ဝတ်ဆင်ရအံ့။

ကွမ်းရွက်ကို မြင်မက်သော် အကြံအောင်အံ့။

ကွမ်းပင်ကို မြင်မက်သော် လုပ်ငန်းအကြံအစည် အောင်အံ့။

ကွမ်းရွက်ကို ရေဆေးသည်ဟု မြင်မက်သော် ကောင်းသော အကြံအစည် ပေါ်လာအံ့။

ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အမျိုးသမီးများကို မြင်မက်သော် အိမ်ထောင်ပြုရအံ့။

ကတ်ကြေးကို မြင်မက်သော် ရန်သူများအံ့။

ကတ်ကြေးလက်ဆောင်ရသည်ဟု မြင်မက်သော် ဘေးအန္တရာယ်နှင့် တွေ့ကြုံရအံ့။

ကတ်ကြေး သူတစ်ပါးကိုပေးသည်ဟု မြင်မက်သော် ဘေးအန္တရာယ်မှ လွတ်ကင်းအံ့။

ကြယ်ကို မြင်မက်သော် သူတစ်ပါးထက် ထူးချွန်အံ့။

ကြယ်ခုနစ်လုံးတန်းနေသည်ကို မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ကြယ်ပေါ်တွင်ရောက်ရှိနေသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ကြယ်ကြွေသည်ဟု မြင်မက်သော် ပျက်စီးဆုံးရှုံးအံ့။

ကြယ်သီးကို မြင်မက်သော် စိတ်သောကရောက်အံ့။

ကြံ့ကို မြင်မက်သော် နှောင့်နှေးအံ့။

ကြံ့သေသည်ကို မြင်မက်သော် ငွေဝင်အံ့။

ကြံ့သားစားရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ကြံ့အကိုက်ခံရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ကြံ့ မိမိနေအိမ်ပေါ်တွင် မြင်တွေ့ရသည်ဟု မြင်မက်သော် စုတ်ကြီးလာဘ်ကြီးဝင်အံ့။

ကြွက်ဖြူကို မြင်မက်သော် အကြံအောင်အံ့။

ကြွက်ကိုက်သည်ဟု မြင်မက်သော် ပျက်စီးအံ့။

ကြွက်သေကို မြင်မက်သော် ထီပေါက်အံ့။

ကြွက်ကလေးမွေးသည်ဟု မြင်မက်သော် ရွှေငွေဝင်အံ့။

ကြွက်သားစားရသည်ဟု မြင်မက်သော် ရန်အောင်အံ့။

ကြွက် မိမိနေအိမ်ပေါ်တွင် တက်နေသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကြွက်နို့ကို မြင်မက်သော် ထင်ပေါ်အံ့။

ကြွက်နို့ မိမိကိုယ်ပေါ်တွင်ပေါက်နေသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကြွက်နို့သတ်သည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကျားကို မြင်မက်သော် ဘေးရောက်အံ့။

ကျားသားစားရသည်ဟု မြင်မက်သော် ရန်အောင်အံ့။

ကျားကို ဖမ်းရသည်ဟု မြင်မက်သော် ရာထူးတိုးအံ့။

ကျားကိုသတ်ရသည်ဟု မြင်မက်သော် ရာထူးတိုးအံ့။

ကျားစွယ် ရင်ခွင်ပိုက်ထားသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ကျားအရေခွံကို မြင်မက်သော် အဝတ်အထည်လက်ဆောင် ရအံ့။

ကျား မိမိနေအိမ်ပေါ်ရောက်နေသည်ဟု မြင်မက်သော် အမှုအခင်းဖြစ်အံ့။

ကျားတစ်ကောင်နှင့်တစ်ကောင် ကိုက်နေသည်ဟု မြင်မက်သော် ခိုက်ရန်ဒေါသဖြစ်အံ့။

ကြာသီးစားရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကြာပန်းကို ဘုရားတင်ရသည်ဟု မြင်မက်သော် မင်္ဂလာသတင်း ကြားရအံ့။

ကြာပန်းပေါ်တွင် ထိုင်နေရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ကြာပန်းပန်ရသည်ဟု မြင်မက်သော် လကောင်းသားကောင်းရအံ့။

ကြာညိုပန်းပန်ရသည်ဟု မြင်မက်သော် ကျော်စောအံ့။

ကြာရနံ့ရှူရသည်ဟု မြင်မက်သော် ဂုဏ်သတင်းကျော်စောအံ့။

ကြာပန်းများ နွမ်းခြောက်နေသည်ဟု မြင်မက်သော် အိမ်တွင်းရန်များအံ့။

ကြာပန်းလက်ဆောင်ရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကြေးစည်ထုရသည်ဟု မြင်မက်သော် ကျက်သရေတိုးအံ့။

ကြေးစည်ကျကွဲသည်ဟုမြင်သော် ဝမ်းနည်းမှုနှင့်ကြုံရအံ့။

ကြေးစည်ရသည်ဟု မြင်မက်သော် လာဘ်ဝင်အံ့။

ကြေးပြားကိုမြင်မက်သော် စီးပွားကျအံ့။

ကြေး (ကရား) အိုးကို မြင်မက်သော် ဝင်ငွေတိုးအံ့။

ကြေး (ကရား) အိုး ကျကွဲသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကြေးပြာသာဒ်ကို မြင်မက်သော် သူကောင်းပြုခြင်းကို ခံရအံ့။

ကြေးပြာသာဒ်မီးစွဲနေသည်ဟုမြင်မက်သော် ဘေးဒုက္ခနှင့်ကြုံရအံ့။

ကိုယ်ခန္ဓာကြီးထွားလာသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ကိုယ်အရောင်အဆင်းထွက်သည်ဟု မြင်မက်သော် ကျော်စောထင်ရှားအံ့။

ကိုယ်မှ အပုပ်နံ့ထွက်နေသည်ဟု မြင်မက်သော် ဘုန်းကြီးအံ့။

ကိုယ်ခန္ဓာ ပုပ်နေသည်ဟု မြင်မက်သော် တန်ခိုးကြီးအံ့။

ကိုယ်တွင် အကြောင်အကျား မြင်မက်သော် မယားကောင်း ရအံ့။

ကိုယ်လက်ယားယံသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ကိုယ်ခန္ဓာ၌ မစင်များ ပေကျံနေသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ကိုယ်ကို မိုးကြိုးပစ်ခံရသည်ဟု မြင်မက်သော် ဘေးရန်များအံ့။

ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ကိုယ်ဝန်ဆောင်မိန်းမကို မြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

ကိုယ်ဝန်ဆောင်မိန်းမနှင့်အတူအိပ်ရသည်ဟုမက်သော် သားသမီးများအံ့။

ကိုယ်တွင် လောက်တက်သည်ဟုမြင်မက်သော် ထီပေါက်အံ့။

ကောင်းကင်သို့ပျံတက်သည်ဟု မြင်မက်သော် ထင်ရှားကျော်စောအံ့။

ကောင်းကင်၌ ကြည်လင်စွာရှိမူ ချမ်းသာအံ့။

ကောင်းကင်၌ အုံ့မှိုင်းနေသည်ဟုမက်သော် စီးပွားကျအံ့။

ကောင်းကင်၌ ငှက်များပျံနေသည်ဟုမက်သော် စီးပွားကျအံ့။

ကောင်းကင်၌ လေယာဉ်ပျံ ပျံသန်းနေသည်ဟု မြင်မက်သော် ခရီးဝေးသွားရအံ့။

ကောင်းကင်မှ လေယာဉ်ပျက်ကျသည်ဟုမြင်မက်သော် ဘေးဒုက္ခ နှင့် ကြုံရအံ့။

ကျောင်းမီးလောင်သည်ဟု မြင်မက်သော် ပျက်စီးအံ့။

ကျောင်းသင်္ခမ်းကို မြင်မက်သော် နေရာသစ်ရအံ့။

ကျောင်းတွင် သံဃာများ စုဝေးနေသည်ဟု အိပ်မက်သော်လာဘ်ကြီးဝင်အံ့။

ကျောင်းဆောက်ရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

ကျောင်း (စာသင်ကျောင်း) တက်ရသည်ဟု မြင်မက်သော် အလုပ်အကိုင် အကြံအစည်အောင်အံ့။

ကျောင်း (စာသင်ကျောင်း) တွင် ဆော့ကစားရသည်ဟု မြင်မက်သော် မကြာခင် ပျော်ရွှင်မှုနှင့် တွေ့ကြုံရအံ့။

ကြောင်အိမ်ကို မြင်မက်သော် စားကောင်းသောက်ဖွယ်များ စာရအံ့။

ကြောင်သေကို မြင်မက်သော် လာဘ်ရအံ့။

ကြောင်ပျောက်သည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ကြောင်ကိုက်သည်ဟု မြင်မက်သော် ရန်များအံ့။

ကြောင်နှင့်ခွေးကိုက်သည်ဟု မြင်မက်သော် အတွင်းရန်ရှိအံ့။

ကြောင်အော်သံကြားရသည်ဟု မြင်မက်သော် ရန်သူများ အပျက်အံ့။

ကြောင်သားစားရသည်ဟု မြင်မက်သော် ရန်အောင်အံ့။

ကျွဲရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ကျွဲသားစားရသည်ဟု မြင်မက်သော် ထီဆုကြီးပေါက်အံ့။

ကျွဲခတ်သည်ဟု မြင်မက်သော် ဘေးတွေ့ ရအံ့။

ကျွဲပြေးသည်ဟု မြင်မက်သော် ဘေးရန်ကင်းအံ့။

ကျွဲစီးရသည်ဟု မြင်မက်သော် အမှုအခင်းဖြစ်အံ့။

ကျွဲကို ခြံတွင်းလှောင်ထားသည်ဟု မြင်မက်သော် ဆရာဖြစ်အံ့။

ကျွဲနွားများကို ခြံတွင်းမောင်းသွင်းရသည်ဟု အိပ်မက်သော် အခြွေအရံပေါများအံ့။

ကျွဲသေသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကျွဲကျောင်းရသည်ဟု မြင်မက်သော် အမှုဖြစ်အံ့။

ကျွဲချိုကို မြင်မက်သော် ရန်များအံ့။

ကျွတ်တွယ်သည်ဟု မြင်မက်သော် နှိပ်စက်ခြင်းခံရအံ့။

ကျွတ် နေအိမ်ပေါ်တွင် မြင်တွေ့ရသည်ဟု အိပ်မက်သော် အိမ်ပြောင်းရွှေ့ရအံ့။

ကျွတ်များကိုတွေ့သည်ဟု အိပ်မက်သော် ရန်များအံ့။

ကောက်ရိုးကို မြင်မက်သော် ငွေဝင်အံ့။

ကောက်ရိုးပုံပေါ်သို့ တက်နေရသည်ဟု မြင်မက်သော် စီးပွားရေးကျဆင်းအံ့။

ကောက်ရိုးမီး တငွေ့ငွေ့ လောင်နေသည်ဟု မြင်မက်သော် ပူဆွေးသောကရောက်ရအံ့။

ကောက်ရိုးမီး တဟုန်းဟုန်းတောက်နေသည်ဟု မြင်မက်သော် ထင်ရှားကျော်စောအံ့ ။

ကောက်ရိုးပုံပေါ်သို့ ခွေးတက်နေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကောက်ရိုးပုံပေါ်သို့ ကြက်များတက်နေသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ကောက်ရိုးပုံပေါ်သို့ မြွေတက်နေသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ကောက်ရိုးပုံပေါ်တွင် မှိုပေါက်နေသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ကောက်ညှင်းပေါင်းစားရသည်ဟု မြင်မက်သော် စီးပွားရေး အဆင်မပြေဖြစ်အံ့။

ကင်းကိုမြင်မက်သော် လာဘ်ရအံ့။

ကင်း မိမိကိုယ်ပေါ်တွင် တက်နေသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ကင်းသေကို မြင်မက်သော် ငွေဝင်အံ့။

ကင်းကိုက်ခံရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ကင်းသားစားရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ကင်းစောင့်ရသည်ဟု မြင်မက်သော် ဘေးကင်းအံ့။

ကျင်ငယ်ရေသောက်ရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ကျင်ကြီးကျင်ငယ် စွန့်ရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ကျင်ငယ်ရည်ကိုယ်တွင် ပေကျံနေသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ကျင်စက်နှင့် ထိတွေ့ ရသည်ဟု မြင်မက်သော် အမှုဖြစ်အံ့။

ကျင်းထဲသို့ လိမ့်ကျရသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

ကျင်းတူးရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ကျင်းပျက်ကို မြင်ရသည်ဟု အိပ်မက်သော် စီးပွားကျအံ့။

ကျင်းထဲတွင် မစင်များတွေ့ ရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ကျင်းထဲတွင် မြွေတွေ့ရသည်ဟု မက်သော် ထီပေါက်အံ့။ စုတ်ကြီးဝင်အံ့။

ကျီးကို မြင်မက်သော် အလွန်ညံ့အံ့။

ကျီးကန်းသားစားရသည်ဟု မြင်မက်သော် အမှုအခင်းဖြစ်အံ့။

ကျီးအသံကြားရသည်ဟု မြင်မက်သော် ဆွေမျိုးများရောက်အံ့။

ကျီး နေအိမ်တွင်နားနေသည်ဟု မြင်မက်သော် ဆွေမျိုးများရောက်အံ့။

ကွင်းပြင်ကိုမြင်မက်သော် လူလိမ်ခံရအံ့။

ကွင်းပြင်တွင် ကလေးများ ဆော့ကစားနေသည်ကို မြင်မက်သော်ပျော်ရွှင်ရအံ့။

ကွင်းပြင်တွင် ရေများ ပြည့်လျှံနေသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကွင်းပြင်တွင် နေအိမ်ဆောက်လုပ်ရသည်ဟု မြင်မက်သော်နေအိမ်ပြောင်းရွှေ့ ရအံ့။

ကွင်းတွင် ကျင်ကြီးကျင်ငယ်စွန့်ရသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကြိုးကိုမြင်မက်သော် ငွေကြေးပြဿနာပေါ်အံ့။

ကြိုးဆွဲချသေသည်ဟု မြင်မက်သော် မကြာမီ ကောင်းစားအံ့။

ကြိုးပြတ်ကျသည်ဟု မြင်မက်သော် ဆင်းရဲအံ့။

ကြိုးတုပ်ခံရသည်ဟု မြင်မက်သော် အကျပ်အတည်းနှင့်ရင်ဆိုင်ရအံ့။

ကြိမ်ကိုမြင်မက်သော် အကြံအစည်နှောင့်နှေးအံ့။

ကြိမ်တောင်းကို မြင်မက်သော် စီးပွားကျအံ့။

ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို မြင်မက်သော် အမှုဖြစ်အံ့။

ကြိမ်တုတ်ဖြင့် အရိုက်ခံရသည်ဟု မြင်မက်သော် အမှုအခင်းဖြစ်အံ့။

ကိတ်မုန့်စားရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ကိတ်မုန့်ရသည်ဟု မြင်မက်သော် မှီခိုမည့်သူ ပေါ်လာအံ့။

ကိတ်မုန့်လက်ဆောင်ပေးရသည်ဟု အိပ်မက်သော် မိတ်ဆွေအပေါင်းအသင်းများအံ့။

ကိတ်မုန့်လွတ်ကျသည်ဟု မြင်မက်သော် မိတ်ဆွေအပေါင်းအသင်းပျက်အံ့။

ကြွေကစားရသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကြွေပြားကပ်ရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ကြွေထည်ပစ္စည်းရောင်းရသည်ဟု မြင်တတ်သော် အကြံအောင်အံ့။

ကြွေပန်းကန်ဝယ်ရသည်ဟု မြင်မက်သော် အိမ်ထောင်ကျအံ့။

ကြွေပန်းကန်ကျကွဲသည်ဟု အိပ်မက်သော် အိမ်ထောင်ရေးအဆင်မပြေဖြစ်အံ့။

ကြွေထည်ပစ္စည်းကို မြင်တွေ့ ရသည်ဟုမက်သော် လာဘ်ရအံ့။

ကြွေကျနေသောပန်းကို ကောက်ယူရသည်ဟု မြင်မက်သော် အိမ်ထောင်ပျက်၊ တစ်ခုလပ်၊ မုဆိုးမ စသည်တို့နှင့် အိမ်ထောင်ကျအံ့။

ကြွေကျနေသော အသီးအနှံများကို စားသောက်ရသည်ဟုမြင်မက်သော် စပ်တူလုပ်ငန်းများ လုပ်ကိုင်ရအံ့။

ကြွေကျနေသော သစ်ရွက်ခြောက်များကို မြင်မက်သော် အကြံအစည်ပျက်အံ့။

ကျွန်းပင်ကိုမြင်မက်သော် အကြံအောင်အံ့။

ကျွန်းပင်ပေါ်သို့ တက်ရသည်ဟု မြင်မက်သော် အထွတ်အထိပ်ရောက်အံ့။

ကျွန်းပင်တွင် ပျားစွဲနေသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ကျွန်းသစ် လက်ဆောင်ရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကျွန်းသစ်အိမ်ဆောက်ရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ကျွန်းတုံး ရေတွင်မျောပါနေသည်ဟု မြင်မက်သော် ပျက်စီးဆုံးရှုံးအံ့။

ကျွန်းပင် အိမ်ဝင်းအတွင်းပေါက်နေသည်ဟု မြင်မက်သော်စီးပွားပျက်အံ့။

ကျွန်းပင်ကို လှေထွင်းရသည်ဟု မြင်မက်သော် လုပ်ငန်းသစ် လုပ်ကိုင်ရပြီး ထိုလုပ်ငန်းတွင် အောင်မြင်မှုရအံ့။

ကျွန်းပင်မီးလောင်နေသည်ဟု မြင်မက်သော် အမှုအခင်းဖြစ်အံ့။

ကျွန်းသားချောင်းများကို မြင်မက်သော် စိတ်သောကဖြစ်အံ့။

ကျွန်းသေတ္တာကို မြင်မက်သော် ငွေဝင်အံ့။

ကျွန်း (ရေပတ်လည်ဝိုင်းနေသောနေရာ) ကိုမြင်မက်သော် ကူညီမည့်သူပေါ်အံ့။

ကြွေးဟောင်းရသည်ဟု မြင်မက်သော် ဝမ်းသာမှုနှင့်ကြုံရအံ့။

ကြွေးပေးရသည်ဟု မြင်မက်သော် ဆုံးရှုံးအံ့။

ကြွေးဆပ်ရသည်ဟု မြင်မက်သော် စိတ်ချမ်းသာမှုနှင့် ကြုံရအံ့။

ကြွေးသမားနှင့် စကားများရန်ဖြစ်သည်ဟု အိပ်မက်သော် အမှုအခင်းဖြစ်အံ့။

ကြွယ်ဝချမ်းသာသောသူ မိမိနေအိမ်သို့ လာရောက်သည်ဟုမြင်မက်သော် မကြာမီ ချမ်းသာတော့အံ့။

ကြွယ်ဝချမ်းသာရသည်ဟု မြင်မက်သော် စိတ်သောကဖြစ်အံ့။

ကြွယ်ဝချမ်းသာရာမှ ဆင်းရဲဒုက္ခရောက်ရသည်ဟု မြင်မက်သော်စီးပွားရေးလုပ်ငန်း အောင်မြင်အံ့။

ကြွယ်ဝချမ်းသာသူမှပေးကမ်းသော ငွေကြေးရသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကျိုက်ထီးရိုးဘုရားဖူးရသည်ဟုမြင်မက်သော် အလွန်ကံကောင်းအံ့။

ကြိုဆိုဧည့်ခံရသည်ဟု မြင်မက်သော် မိတ်ဆွေများ ကျန်းမာရေးညံ့အံ့။

ကျည်ဆန်ကို မြင်မက်သော် အန္တရာယ်များအံ့။

ကျည်ပွေ့ ကိုမြင်မက်သော် ရန်များအံ့။

ကျေးကျွန်ကိုမြင်မက်သော် စီးပွားတိုးအံ့။

ကျေးရွာသို့ အပျော်ခရီးထွက်ရသည်ဟုမြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ကျေးရွာမှလူများသည် မိမိနေအိမ်သို့ လာရောက်လည်ပတ်ကြသည်ဟု မြင်မက်သော် စီးပွားရေးကျဆင်းအံ့။

ကျေးရွာသို့ရောက်နေသည်ဟု မြင်မက်သော် ဥစ္စာပစ္စည်းရအံ့။

ကျေးရွာကို အဝေးမှ လှမ်းမြင်ရသည်ဟု မြင်မက်သော် ခရီးဝေးသွားရအံ့။

ကျေးရွာ ရေလျှံနေသည်ဟု မြင်မက်သော် စီးပွားရေးကောင်းအံ့။

ကျေးရွာမီးလောင်နေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကျေးရွာတွင် နေအိမ်ဆောက်လုပ်နေထိုင်ရသည်ဟုမက်သော်အလုပ်အကိုင်ပြောင်းရွှေ့ရအံ့။

ကိုင်းပင်ကိုမြင်မက်သော် လာဘ်ရအံ့။

ကိုင်းပင် နေအိမ်ဝင်းအတွင်းပေါက်နေသည်ဟု မြင်မက်သော်လာဘ်ကြီးဝင်အံ့။

ကိုင်းပင် ကြိုးကျနေသည်ဟု မြင်မက်သော် ဆင်းရဲအံ့။

ကိုင်းပင်ပေါ်သို့တက်နေသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ကိုင်းပင် မီးလောင်နေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကိုင်းပင်ပေါ်တွင် ပျားစွဲနေသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ကြံခင်းကို မြင်မက်သော် ငွေဝင်အံ့။

ကြံရည်သောက်ရသည်ဟု မြင်မက်သော် ချိုသောသောစကားကိုပြောဆိုရအံ့။

ကြံသကာစားရသည်ဟုမြင်မက်သော် ချိုသာသောစကားကို ပြောဆိုရအံ့။

ကြံရည်ညှစ်ရသည်ဟု မြင်မက်သော် ပင်ပန်းရအံ့။

ကြံရည်ကို သူတစ်ပါးတိုက်ရသည်ဟု မြင်မက်သော် ကောင်းသောစကားကို ပြောဆိုရအံ့။

ကြွက်ကိုမြင်မက်သော် ငွေဝင်အံ့။

ကြွက်ကိုက်သည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကြွက်သေကို မြင်မက်သော် ထီပေါက်အံ့။

ကြွက် ထန်းခေါက်ဖာအတွင်းသို့ ဝင်နေသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကြွက် နေအိမ်ပေါ်သို့ တက်နေသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ကြွက်အမြီးတန်းနေသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ကွပ်ပျစ်ကို မြင်မက်သော် နယ်မှဆွေမျိုးများ ရောက်ရှိလာအံ့။

ကွပ်ပျစ်ပေါ်သို့ မြွေတက်သည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ကွပ်ပျစ် ပျက်စီးနေသည်ဟု မက်သော် ဆွေမျိုးများနှင့် အဆင်မပြေဖြစ်အံ့။

ကြောင်မှ ကြွက်ကိုခုတ်သည်ဟု မြင်မက်သော် ဘေးရန်ကင်းအံ့။

ကြောင်လှေခါးကို မြင်မက်သော် မိမိလုပ်ကိုင်သောလုပ်ငန်းများချောမွေ့စွာ မအောင်မြင်ဘဲဖြစ်ရအံ့။

ကြောင်အိမ်တွင်း စားကောင်းသောက်ဖွယ်များဖြင့် ပြည့်နှက်နေသည်ကို မြင်မက်သော် စားကောင်းသောက်ဖွယ်များ စားသောက်ရအံ့။

ကြောင်အိမ်တွင် မည်သည့်စားသောက်စရာများ မတွေ့ ရသည်ကိုမြင်မက်သော် ဆင်းရဲမှုနှင့် ကြုံရအံ့။

ကမ်းပါးကို မြင်မက်သော် သောကဖြစ်အံ့။

ကမ်းပါးပြိုနေသည်ဟု မြင်မက်သော် ဘေးဒုက္ခနှင့် ရင်ဆိုင် ရအံ့။

ကမ်းပါးပေါ်တွင် တစ်ဦးတစ်ယောက်ရပ်နေသည်ဟု မြင်မက်သော် တစ်ကိုယ်တည်းနေထိုင်ရအံ့။

ကမ်းပါးပေါ်သို့ ရေလျှံနေသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ကျားကိုက်ခံရသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ကျားအော်သံကြားရသည်ဟု မြင်မက်သော် သြဇာရှိအံ့။

ကျားသစ်ကို မြင်မက်သော် ဘေးတွေ့ ရအံ့။

ကျားသေသည်ကို မြင်မက်သော် ငွေဝင်အံ့။

ကျား နေအိမ်တွင် မွေးထားသည်ဟု မြင်မက်သော် အိမ်တွင်းရန်များအံ့။

ကျားတစ်ကောင်နှင့်တစ်ကောင် ကိုက်နေသည်ဟု မြင်မက်သော်အိမ်ထောင်ရေးအဆင်ပြေအံ့။

ခရီးဝေးသွားရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

ခရီးသွားရာ၌ မိတ်ဆွေများပါသည်ဟု မက်သော် အကြံပျက်အံ့။

ခရီးသွားရာ၌ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားသည်ဟု မက်သော် စပ်တူလုပ်ကိုင်ရသောလုပ်ငန်းမှန်သမျှ ဆုံးရှုံးအံ့။

ခဝါဖွပ်လျှော်ရသည်ဟု မြင်မက်သော် ချမ်းသာရအံ့။

ခရမ်းသီးစားရသည်ဟု မက်သော် ကျန်းမာရေးညံ့ပြီး စီးပွားရေးကျဆင်းအံ့။

ခရာမှုတ်သံကြားရသည်ဟု မက်သော် သတင်းကောင်းကြားရအံ့။

ခရုသင်းကို မြင်မက်သော် ဘေးကင်းအံ့။

ခရုသင်းပေးလာသည်ဟု မြင်မက်သော် အကျင့်မြတ်သူ သန္ဓေတည်အံ့။

ခရုသင်းမှုတ်ရသည်ဟု မြင်မက်သော် စည်းစိမ်တိုးအံ့။

ခရုကောင်ကို မြင်မက်သော် သူကောင်းဖြစ်အံ့။

ခိုက်မိသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ချောင်းကိုမြင်သော် စီးပွားရေးဖြစ်အံ့။

ချောင်းထဲသို့ ထင်းတုံးများမျောလာသည်ဟု မြင်မက်သော် စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်ရအံ့။

ချောင်းထဲ၌ သစ်တုံးများ မျောပါလာပြီး သစ်တုံးပေါ်တွင် ကျီးနားသည်ဟု မြင်မက်သော် စီးပွားရေးလုပ်ငန်းများ ကျဆင်းအံ့။

ချောင်းထဲ၌ ရေကူးရသည်ဟု မက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

ချောင်းရေနောက်သည်ကိုမြင်မက်သော် အလွန်ညံ့အံ့။

ချောင်းရေကြည်သည်ကို မြင်မက်သော် အလွန်ကောင်းစားအံ့။

ချောင်းရေပြည့်လျှံနေသည်ကို မြင်မက်သော် လာဘ်ကြီးရအံ့။

ချောင်းထဲတွင် ငါးဖမ်းရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ခွဲစိတ်ကုသရသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ခွဲစိတ်ခန်းကို မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ခွဲစိတ်ကိရိယာကို မြင်မက်သော် ကျန်းမာရေးညံ့ဖျင်းအံ့။

ခွဲပြီးသား သစ်သားများကို မြင်မက်သော် စိတ်သောကရောက်အံ့။

ခွဲပြီးသား သစ်သားများကို ရောင်းဝယ်ရသည်ဟု မက်သော်ပြဿနာပေါ်အံ့။

ခွဲခွာပြီးမိသားများနှင့် နေထိုင်ရသည်ဟု မြင်မက်သော် ပျော်ရွှင်ရအံ့။

ခွဲခွာပြီး တစ်ယောက်တည်း အဝေးတွင်နေရသည်ဟု မြင်မက်သော် စိတ်အေးချမ်းမှုရအံ့။

ခွဲခွာပြီး နိုင်ငံခြားသို့ ရောက်နေရသည်ဟု မြင်မက်သော် စိတ်အေးချမ်းမှုရအံ့။

ခက်ရင်းကိုမြင်မက်သော် အန္တရာယ်ရှိအံ့။

ခက်ရင်းဖြင့်ထိုးရသည်ဟု မက်သော် အစီအစဉ်ပျက်အံ့။

ခက်ရင်း ဇွန်းများကို မြင်မက်သော် မိတ်ဆွေတိုးအံ့။

ခံတွင်းသို့ အနံ့မွှေးကြိုင်စွာဝင်လာသည်ဟု မြင်မက်သော် ဘာသာတရား ပိုမိုလုပ်ဆောင်ရအံ့။

ခံတွင်းသို့ အပုပ်နံ့များဝင်လာသည်ဟု မြင်မက်သော် ယုတ်မာသောစကားကို ပြောဆိုရအံ့။

ခံတက်ချဉ်စားရသည်ဟု မြင်မက်သော် လုပ်ငန်းအောင်မြင်အံ့။

ခံတပ်ကို မြင်မက်သော် ဖမ်းဆီးချုပ်နှောင်ခံရအံ့။

ခံတပ် မီးစွဲလောင်နေသည်ဟု မြင်မက်သော် ဒုက္ခဖြစ်အံ့။

ခါချဉ်ကောင်ကို မြင်မက်သော် စီးပွားမြဲအံ့။

ခါချဉ်ကိုက်ခံရသည်ဟု မက်သော် ငယ်ရွယ်သူတော်လှန်အံ့။

ခါးကုန်းနေသူကို မြင်မက်သော် အဆင်မပြေဖြစ်အံ့။

ခဲအုတ်ကောက်ယူသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ခဲအုတ်ပစ်ရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ခဲအုတ်ပုံကို မြင်မက်သော် အိုးသစ်အိမ်သစ်ဝင်အံ့။

ခဲအုတ်ပုံ ပြိုကျသည်ဟု မြင်မက်သော် အိမ်ခြေမတည်မြဲဖြစ်အံ့။

ခဲတံကို မြင်မက်သော် အကြံဉာဏ်ကောင်းပေါ်လာအံ့။

ခဲတံကျိုးသည်ဟု မြင်မက်သော် အကြံပျက်အံ့။

ခင်ပုတ်ငှက်သံ ကြားရသည်ဟု မြင်မက်သော် ရောဂါဖြစ်အံ့။

ချိုးကို မြင်မက်သော် စီးပွားဖြစ်အံ့။

ချိုးသားစားရသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ချိုးငှက်သံကြားရသည်ဟု မက်သော် ပျော်ရွှင်ရအံ့။

ချိုးငှက်ကိုပစ်ရသည်ဟုမက်သော် မိမိကြံရွယ်နေသမျှ နောက်ကျအံ့။

ချိုးငှက်အသေကိုမြင်မက်သော် စီးပွားပျက်အံ့။

ချိုးငှက်လက်ဆောင်ရသည်ဟုမက်သော် ထီပေါက်အံ့။

ချီးမွမ်းခံရသည်ဟု မြင်မက်သော် ကဲ့ရဲ့ခံရအံ့။

ခိုကိုမြင်မက်သော် အကြံအောင်အံ့။

ခိုသားစားရသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ခိုသေနေသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ခို မိမိနေအိမ်တွင် လာရောက်နားနေသည်ဟု မြင်မက်သော်ထီပေါက်အံ့။ လမ်း

ခိုဖမ်းရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ခိုစာကျွေးသည်ဟု မြင်မက်သော် လာဘ်ဝင်အံ့။

ခိုသံကြားရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ခိုးသူကို မြင်မက်သော် စီးပွားကျအံ့။

ခိုးသူကို ဖမ်းမိသည်ဟု မြင်မက်သော် ချမ်းသာအံ့။

ခိုးသူ လုယက်တိုက်ခိုက်သည်ဟု မြင်မက်သော် အမှုဖြစ်အံ့။

ခြကို မြင်မက်သော် စီးပွားတိုးအံ့။

ခြကိုက်သည်ဟု မြင်မက်သော် ငွေရအံ့။

ခြင်္သေ့ကို မြင်မက်သော် စီးပွားတိုးအံ့။

ခြင်္သေ့ကိုက်သည်ဟု မြင်မက်သော် စီးပွားကျအံ့။

ခြင်္သေ့စီးသွားသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ခြင်္သေ့သံကြားရသည်ဟု မြင်မက်သော် သေကြေပျက်စီးအံ့။

ခြတောင်ပို့ကို မြင်မက်သော် စီးပွားတိုးပြီး ကျန်းမာရေးညံ့အံ့။

ခွေးကိုမြင်မက်သော် ရန်များအံ့။

ခွေးကိုက်သည်ဟု မြင်မက်သော် ဘေးအန္တရာယ်နှင့် တွေ့ကြုံရအံ့။

ခွေးသေသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ခွေးဟောင်သည်ဟု မြင်မက်သော် အမှုအခင်းဖြစ်အံ့။

ခွေးရူးသည်ဟု မြင်မက်သော် လုပ်ငန်းအောင်မြင်အံ့။

ခွေးနက်ကို မြင်မက်သော် ရန်များအံ့။

ခွေးဖြူလေးများကို ပွေ့ဖက်ရသည်ဟု မက်သော် လာဘ်ရအံ့။

ခေါင်းပေါင်းကို မြင်မက်သော် ရာထူးတိုးအံ့။

ခေါင်းပေါင်း ပေါင်းထားရသည်ဟု မြင်မက်သော် သြဇာရှိအံ့။

ခေါင်းပေါင်း ပေါင်းထားရာမှ ပြုတ်ကျသည်ဟု မြင်မက်သော်ရာထူးမှ ထုတ်ပယ်ခြင်းခံရအံ့။

ခေါင်းတိုင်ကို မြင်မက်သော် စိတ်သောကရောက်အံ့။

ခေါင်းတိုင်မီးခိုးထွက်နေသည်ဟု မြင်မက်သော် အလုပ်များအံ့။

ခေါင်းတိုင် ပြိုလဲနေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ခေါင်းရိတ်ရသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ခေါင်းဖြီးရသည်ဟု မြင်မက်သော် ဘေးပျောက်အံ့။

ခေါင်းကွဲသည်ဟု မြင်မက်သော် ဘေးတွေ့အံ့။

ခေါင်းတွင် ပတ်တီးစည်းထားရသည်ဟု မြင်မက်သော် ဘေးတွေ့အံ့။

ခေါင်းလောင်းထိုးသံ ကြားရသည်ဟု မြင်မက်သော် ဘေးကင်းအံ့။ သတင်းကောင်းကြားရအံ့။

ခေါင်းစားရသည်ဟုမြင်မက်သော် စစ်ဘက်တွင် အကြီးအကဲဖြစ်အံ့။

ခေါင်းပေါ်သို့ ဘုရားကြွလာသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။ စီးပွားတိုးအံ့။

ခေါင်းတလားကို မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ခြေလက်တိုသည်ဟု မြင်မက်သော် ဘုန်းကြီးအံ့။

ခြေသည်းကို ရေတွက်သည်ဟု မြင်မက်သော် အသက်ရှည်အံ့။

ခြေသည်းလှီးရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ခြေကျိုးသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။ ဘာ

ခြေလက်ပြတ်သည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ခြေအိတ်ဝတ်ရသည်ဟု မြင်မက်သော် အမွေရအံ့။

ခြေကျင်းဝတ်ရသည်ဟု မြင်မက်သော် သားကောင်းသမီးကောင်းရအံ့။

ခြင်ထောင်ကိုမြင်မက်သော် အိမ်တွင်းရန်ကင်းအံ့။

ခြင်ကိုက်ခံရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ခြင်ထောင်မီးလောင်သည်ဟု မြင်မက်သော် အိမ်ပြောင်းရွှေ့ရအံ့။

ချွေးထွက်သည်ဟု မြင်မက်သော် ဘုန်းတန်ခိုးကြီးအံ့။

ချွေးသုတ်ပေးရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်သူအားမှီခိုရအံ့။

ချားကိုမြင်မက်သော် ပြဿနာပေါ်အံ့။

ချားရဟတ်စီးရသည်ဟု မြင်မက်သော် အမှုအခင်းဖြစ်အံ့။

ချားရဟတ် မြေပေါ်သို့ပြုတ်ကျသည်ဟု မြင်မက်သော် ထောင်ကျအံ့ ။

ချားရဟတ် မီးလောင်သည်ဟု မြင်မက်သော် နေအိမ်ပြောင်းရအံ့။

ချွန်ထက်သောအရာကို မြင်မက်သော် ထူးခြားသောလုပ်ငန်းကိုလုပ်ကိုင်ရအံ့။

ချွန်ထက်သောအရာနှင့် ထိုးမိ၍ ပေါက်သွားသည်ဟု မြင်မက်သော် မိမိလုပ်ကိုင်သောအကြံအစည်များ မုချ မလွဲမသွေအောင်မြင်အံ့။

ချွန်ထက်သောအရာနှင့် သူတစ်ပါးထိုးမိသည်ဟု မြင်မက်သော်အမှုအခင်းဖြစ်အံ့။

ခူကောင်ကိုမြင်မက်သော် ကြံစည်သူများရှိအံ့။

ခူနာပေါက်သည်ဟု မြင်မက်သော် ချစ်သူနှင့် ကွေကွင်းရအံ့။

ခူကောင်များ နေအိမ်ပေါ်တွင် တွေ့ ရသည်ဟု မြင်မက်သော်အိမ်တွင်းရန်များအံ့။

ခူကောင်များ မိမိဈေးဆိုင်ပေါ်တွင် တွေ့ ရှိရသည်ဟု မြင်မက်သော် ပြိုင်ဆိုင်မှုများအံ့။

ခုံဖိနပ်စီးရသည်ဟု မြင်မက်သော် ပျော်ရွှင်ရအံ့။

ခုံပေါ်တွင် ထိုင်နေသည်ဟုမြင်မက်သော် စိတ်အေးချမ်းရအံ့။

ခုံပေါ်တွင်ထိုင်ရင်း ခုံကျိုးသည်ဟု မြင်မက်သော် အနှောင့်အယှက်ပေးသူနှင့် တွေ့ရအံ့။

ခုံဖိနပ် ပက်လက်လန်နေသည်ဟု မြင်မက်သော် ဝမ်းနည်းမှုနှင့်ကြုံရအံ့။

ချုပ်နှောင်ခံရသည်ဟု မြင်မက်သော် လာဘ်ကြီးရအံ့။

ချုပ်ကားကို မြင်မက်သော် ငွေဝင်အံ့။

ခွန်အားဗလနှင့် ပြည့်စုံသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ခွန်အားနည်းနေသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ချက်လက်မှတ်ကို မြင်မက်သော် ငွေကြေးဆုံးရှုံးရအံ့။

ချက်ပြုတ်ရန်ပြင်ဆင်နေသည်ဟု မြင်မက်သော် လင်မယားပြဿနာပေါ်အံ့။

ချက်ပြုတ်ပြီး စားသောက်နေသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ချက် (ကိုယ်ခန္ဓာ) အပြင်သို့ စူထွက်နေသည်ဟု မြင်မက်သော်စီးပွားတိုးအံ့။

ချက် (ကိုယ်ခန္ဓာ) အတွင်းသို့ဝင်နေသည်ဟု မြင်မက်သော်ဆင်းရဲအံ့။

ချက်ကြိုးတန်းလန်း ဖြစ်နေသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ခြင်းတောင်းကို မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

ခြင်းတောင်းတွင်း ပစ္စည်းများပြည့်နေသည်ဟု မြင်မက်သော်အိမ်ထောင်ရေးသာယာအံ့။

ခြင်းတောင်းပေါက်နေသည်ဟု မြင်မက်သော် စီးပွားရေးကျဆင်းအံ့။

ခြင်းကျားကို မြင်မက်သော် ရှိသမျှငွေ ကုန်ဆုံးတတ်၏။

ခြင်းလုံးကို မြင်မက်သော် ပျော်ရွှင်ရအံ့။

ခြင်းလုံးကစားသည်ကို မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ခြင်းလုံးလက်ဆောင်ရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ခြင်းလုံးရောင်းဝယ်ရသည်ဟု မြင်မက်သော် လုပ်ငန်းတိုးချဲ့ ရအံ့။

ခြင်းလုံးပျက်စီးနေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ခြံ (ပန်းခြံ) ကိုမြင်မက်သော် စိတ်ပျော်ရွှင်ရအံ့။

ခြံဝယ်ရသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ခြံတွင်း၌ ပန်းပင်များ စိမ်းလန်းစိုပြည်စွာ ပေါက်နေသည်ဟုမြင်မက်သော် ထီပေါက်အံ့။

ခြံတွင်း ပန်းပင်များ နွမ်းလျနေသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ခြံတွင်း၌ အမှိုက်များစုပုံနေသည်ဟု မြင်မက်သော် အိမ်တွင်းရန်များအံ့။

ခြံတွင်း၌ အမှိုက်များကို မီးပုံရှို့ နေသည်ဟု မြင်မက်သော် အိမ်တွင်းရန် အေးချမ်းအံ့။

ချမ်းသာကြွယ်ဝသူကို မြင်မက်သော် ကောင်းစားအံ့။

ချမ်းအေးလွန်း၍ စောင်ခြုံထားရသည်ဟု မြင်မက်သော် စီးပွားမြဲအံ့။

ချောက်ကိုမြင်မက်သော် ဘေးဒုက္ခရောက်အံ့။

ချောက်ထဲသို့ လိမ့်ကျသည်ဟု မြင်မက်သော် အမှုဖြစ်အံ့။

ချောက်ကို ခုန်ပျံ၍ကျော်လွှားရသည်ဟု မြင်မက်သော် ရန်အောင်အံ့။

ချောက်ကမ်းပါးတွင် ထိုင်နေရသည်ဟု မြင်မက်သော် အလွန်အန္တရာယ်များအံ့။

ချည်နှောင်ဖမ်းဆီးခံရသည်ဟု မက်မူ သူ့အလိုအတိုင်း ပြုရအံ့။

ချည်ထည်ကို မြင်မက်သော် အဝတ်အထည်လက်ဆောင်ရအံ့။

ချင်းပင်ကို မြင်မက်သော် သူကောင်းပြုခံရအံ့။

ချင်းစားရသည်ဟု မြင်မက်သော် ဆရာဖြစ်အံ့။

ချူဆွဲသည်၊ လှုပ်ရသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

ချူဆွဲလည်း ကျကွဲသည်ဟု မြင်မက်သော် မိမိထက်ငယ်ရွယ်သူပျက်စီးအံ့။

ချူဆွဲ လက်ဆောင်ရသည်ဟု မြင်မက်သော် စိတ်ညစ်ရအံ့။

ချောမောလှပသော မိန်းမပျိုနှင့်အတူ အိပ်ရသည်ဟု မြင်မက်သော် ဆရာဖြစ်အံ့။

ချောတိုင်တက်ရသည်ဟု အိပ်မက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

ချောတိုင်ပေါ်မှ ပြုတ်ကျသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ချောတိုင်ကျိုးကျနေသည်ဟု မြင်မက်သော် ဘဝပျက်အံ့။

ခုန်လွှားရသည်ဟုမက်သော် နေရာထိုင်ခင်း ပြောင်းရွှေ့ရအံ့ ။

ချစ်သူနှင့် အတူနေရသည်ဟု မြင်မက်သော် ကံကောင်းအံ့။

ချစ်သူနှင့် ဝေးကွာနေရသည်ဟု မြင်မက်သော် ကံဆိုးအံ့။

ချစ်သောမိတ်ဆွေများနှင့် တွေ့ဆုံရသည်ဟုမက်သော် ပျော်ရွှင်ရအံ့။

ချစ်သူနှင့် အတူနေရသည်ဟု မြင်မက်သော် ကံကောင်းအံ့။

ချစ်သူနှင့် ဝေးကွာနေရသည်ဟု မြင်မက်သော် ကံဆိုးအံ့။

ချစ်သောမိတ်ဆွေများနှင့် တွေ့ဆုံရသည်ဟုမက်သော် ပျော်ရွှင်ရအံ့။

ဂမုန်းပင်ကိုမြင်သော် အကြံအောင်အံ့။

ဂုံညင်းကစားသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဂေါ်ပြားကို မြင်မက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

ဂေါ်လီလုံးများကို မြင်မက်သော် စီးပွားပျက်အံ့။

ဂေါ်လီလုံးကစားရသည်ဟု မြင်မက်သော် ဆင်းရဲပင်ပန်းအံ့။

ဂူကို အိပ်မက်သော် ချမ်းသာရအံ့။

ဂူထဲ၌ နေထိုင်ရသည်ဟု မြင်မက်သော် ဘေးကင်းအံ့။

ဂူပေါ်သို့ တက်ထိုင်ရသည်ဟု မြင်မက်သော် ရန်အောင်အံ့။

ဂူထဲ၌ ပိတ်မိနေသည်ဟု မြင်မက်သော် ဘေးဒုက္ခနှင့် တွေ့ကြုံရအံ့။

ဂူထဲတွင် ကျားကိုတွေ့သည်ဟု မြင်မက်သော် ဘေးဒုက္ခနှင့်တွေ့ကြုံရအံ့။

ဂေါက်သီးကိုမြင်မက်သော် အရောင်းအဝယ်အဆင်ပြေအံ့။

ဂေါက်ကစားရသည်ဟု မြင်မက်သော် မိတ်ဆွေတိုးအံ့။

ဂေါက်ကွင်းနံဘေးတွင် အိမ်ဆောက်နေရသည်ဟု မြင်မက်သော်မိတ်ဆွေပေါများအံ့။

ဂွမ်းကို မြင်မက်သော် စိတ်သဘောထားဖြူစင်သူနှင့်တွေ့ရအံ့။

ဂွမ်းစောင်ကိုမြင်မက်သော် စိတ်အေးချမ်းအံ့။

ဂွမ်းများကိုဝယ်ရသည်ဟု မြင်မက်သော် ချစ်သူနှင့် လက်ထပ်ရအံ့။

ဂွမ်းစောင် မီးလောင်နေသည်ဟု မြင်မက်သော် စိတ်သောကရောက်အံ့။

ဂုန်အိတ်အခွံကိုမြင်မက်သော် စိတ်သောကဖြစ်အံ့။

ဂုန်အိတ်အတွင်း ငွေများပြည့်နေသည်ဟုမြင်မက်သော် လာဘ်ကြီးဝင်အံ့။

ဂုန်အိတ်အတွင်း မြွေဝင်နေသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ဂုန်အိတ်များ စုပုံနေသည်ဟု မြင်မက်သော် စီးပွားရေးကောင်းအံ့။

ဂုန်အိတ်များ မီးလောင်ပျက်စီးနေသည်ဟု မြင်မက်သော် စီးပွားရေး ကျဆင်းအံ့။

ဂုန်အိတ်များ ထမ်းရသည်ဟု မြင်မက်သော် စီးပွားရေး လာဘ်ပွင့်အံ့။

ဂျွမ်းပစ်ကစားရသည်ဟု မြင်မက်သော် ကိုယ်လက်ထိခိုက်အံ့။

ဂီတာတီးရသည်ဟု မြင်မက်သော် စိတ်ပျော်ရွှင်ရအံ့။

ဂီတာသံကြားရသည်ဟု မြင်မက်သော် သတင်းကောင်းကြားရအံ့။

ဂီတာရောင်းဝယ်ရသည်ဟု မြင်မက်သော် အနုပညာရှင်များနှင့်ရင်းနှီးအံ့။

ဂျီကောင်ကို မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဂျီကောင် နေအိမ်ပေါ်သို့ တက်သည်ဟုမြင်မက်သော် အကုသိုလ်ဝင်အံ့။

ဂျီသားစားရသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ဂျုံပင်ကို မြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

ဂျုံစားရသည်ဟု မြင်မက်သော် အသက်ရှည်အံ့။

ဂျုံခင်းထဲတွင် သွားလာရသည်ဟု မြင်မက်သော် ချမ်းသာကြွယ်ဝအံ့။

ဂျုံကြိတ်ရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

ဂျုံအိတ်များကို မြင်မက်သော် လုပ်ငန်းအောင်မြင်အံ့။

ငရုတ်သီးစားရသည်ဟု မြင်မက်သော် ဆရာဖြစ်အံ့။

ငရုတ်သီးညှော်နံ့ရသည်ဟု မြင်မက်သော် သတင်းကောင်းကြားရအံ့။

ငရုတ်ပင်ကိုမြင်မက်သော် စီးပွားဖြစ်အံ့။

ငလျင်လှုပ်သည်ဟု မြင်မက်သော် ဘေးအန္တရာယ်နှင့် ကြုံရအံ့။

ငရဲပြည်ကို မြင်မက်သော် ဆုတ်ယုတ်အံ့။

ငါးအရှင်ကို မြင်မက်သော် အကြံနှောင့်နှေးအံ့။

ငါးဖမ်းရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ငါးအပုပ်ကိုမြင်မက်သော် လာဘ်ကြီးဝင်အံ့။

ငါးအသေကို မြင်မက်သော် လာဘ်ရအံ့။

ငါးစားရသည်ဟု မြင်မက်သော် ဆန်ရေစပါးပေါများအံ့။

ငါးဟင်းစားရသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ငါးစိမ်းစားရသည်ဟု မြင်မက်သော် သောကဖြစ်အံ့။

ငါးမျှားရသည်ဟု မြင်မက်သော် နှောင့်နှေးအံ့။

ငါးကြော်စားရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

ငါးရောင်းရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ငါးလင်ပန်းကို မြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

ငါးမန်းကိုမြင်မက်သော် ဘေးအန္တရာယ်များအံ့။

ငါးမန်းသားကိုစားရသည်ဟု မြင်မက်သော် ရန်အောင်အံ့။

ငွေရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ငွေကြေးအစုလိုက် အပုံလိုက်ဝင်သည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ငွေပျောက်ဆုံးသည်ဟု မြင်မက်သော် စီးပွားရေးကျဆင်းအံ့။

ငွေခွက်နှင့်ထည့်၍ စားသောက်ရသည်ဟု မြင်မက်သော်လာဘ်ကြီးဝင်အံ့။

ငွေဒင်္ဂါးအပေါက်များကို မြင်မက်သော် ဝင်ပြီးသောငွေ ပြန်ထွက်အံ့။

ငွေပန်းကို မြင်မက်သော် စီးပွားဖြစ်အံ့။

ငွေပန်းပင် စိုက်ပျိုးရသည်ဟု မြင်မက်သော် ပစ္စည်းဥစ္စာတိုးအံ့။

ငွေပန်းပင် ညှိုးနွမ်းနေသည်ဟု မြင်မက်သော် ငွေကျပ်တည်းအံ့။

ငွေထည်ပစ္စည်းများကို မြင်မက်သော် ရွှေငွေဝင်အံ့။

ငွေထည်ပစ္စည်းပြုလုပ်ရသည်ဟု မြင်မက်သော် ငွေကုန်ကြေးကျ များပြားအံ့။

ငွေစက္ကူကိုမြင်မက်သော် လာဘ်ရအံ့။

ငွေစက္ကူ မီးလောင်သည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ငွေအလိမ်ခံရသည်ဟု မြင်မက်သော် မကြာခင် ကံကောင်းလာအံ့။

ငွေလက်စွပ် ဝတ်ဆင်ရသည်ဟု မြင်မက်သော် ချမ်းသာသောသူနှင့် လက်ဆက်ရအံ့။ မင်္ဂလာပြုရအံ့။

ငွေတိုက်ကိုမြင်မက်သော် လာဘ်ကြီးဝင်အံ့။

ငွေငါးကို မြင်မက်သော် ကျန်းမာရေးကောင်းလာအံ့။

ငတ်ပြတ်နေသည်ဟု မြင်မက်သော် ချမ်းသာကြွယ်ဝအံ့။

ငတ်ပြတ်နေသောသူအား ပေးကမ်းရသည်ဟု မြင်မက်သော်လာဘ်ရအံ့။

ငတ်ပြတ်နေသော တိရစ္ဆာန်များအား ကျွေးမွေးရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ငှက်ပျောပင်ကို မြင်မက်သော် ရပ်ရွာပြောင်းရွှေ့ရအံ့။

ငှက်ပျောပင် ရေတွင်မျောပါနေသည်ဟု မြင်မက်သော် ခရီးဝေးသွားရအံ့။

ငှက်ပျောပင်စိုက်သည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ငှက်ပျောပင်ကို ဓားနှင့်ခုတ်ရသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ငှက်ဖမ်းရသည်ဟု မြင်မက်သော် အရာရှိဖြစ်အံ့။

ငှက်သေကို မြင်မက်သော် ဘေးဒုက္ခရောက်အံ့။

ငှက်များအချင်းချင်း ထိုးဆိတ်နေသည်ကိုမြင်မက်သော် အလုပ်အကိုင်ပြောင်းရွှေ့ရအံ့။

ငှက်လှောင်အိမ်ကို မြင်မက်သော် အလွန်ညံ့အံ့။

ငှက်သိုက်ကို မြင်မက်သော် စီးပွားဖြစ်အံ့။

ငှက်ပျံနေသည်ကို မြင်မက်သော် စီးပွားကျဆင်းအံ့။

ငှက် ကောင်းကင်ပေါ်မှ မြေပေါ်သို့ကျသည်ဟု မြင်မက်သော်စီးပွားပျက်အံ့။

ငှက်သားစားရသည်ဟုမြင်မက်သော် အကြံအောင်အံ့။

ငှက်ဆိုးထိုးသံ ကြားရသည်ဟုမြင်မက်သော် သေကြေပျက်စီးအံ့။

ငှက်ပျောသီးစားရသည်ဟု မြင်မက်သော် ပျော်ရွှင်မှုနှင့် တွေ့ကြုံရအံ့။

ငှက်ပျောသီးလက်ဆောင်ရသည်ဟု မြင်မက်သော် လာဘ်ဝင်အံ့။

ငှက်ပျောရွက်ပေါ်တွင် ထိုင်နေရသည်ဟု မြင်မက်သော် ကျော်ကြားအံ့။

ငှက်ပျောရွက်နှင့် စားသောက်ရသည်ဟု မြင်မက်သော် မိတ်ဆွေကောင်းတွေ့အံ့။

ငှက်ဖျားရောဂါရသည်ဟု မြင်မက်သော် အိမ်တွင်းရန်များအံ့။

ငှက်ကြီးတောင်ဓားကို မြင်မက်သော် ဘေးရန်များအံ့။

ငှက်ကြီးဝန်ပိုကို မြင်မက်သော် ရွှေငွေဝင်အံ့။

ငှက်ကြီးဝန်ပို မိမိနေအိမ်ပေါ်တွင် တွေ့ရှိရသည်ဟု မြင်မက်သော်လာဘ်ကြီးဝင်အံ့။ ထီပေါက်အံ့။

ငှက်ကြီးဝန်ပို အစာစားသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ငှက်ကြီးဝန်ပို သေဆုံးသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ငှက်ကုလားအုတ်ကို မြင်မက်သော် အကြံပျက်အံ့။

ငှက်လှောင်အိမ်အတွင်းမှ ငှက်လွှတ်ရသည်ဟု မြင်မက်သော် ဆန်ရေစပါး ပေါများအံ့။

ငှက်ဥများကို မြင်မက်သော် စိတ်ချမ်းသာအံ့။

ငှက်ဥတွင်းမှ ငှက်ကလေးများထွက်လာသည်ဟု အိပ်မက် သော်ထီပေါက်အံ့။

ငှက်ဥစားရသည်ဟု မြင်မက်သော် စီးပွားရေးအဆင်မပြေဖြစ်အံ့။

ငိုကြွေးသည်ဟုမြင်မက်သော် ဝမ်းသာပျော်ရွှင်ရအံ့။

ငိုကြွေးနေသော ကလေးငယ်မိမိထံသို့ရောက်လာသည်ဟုမြင်မက်သော် ငွေဝင်လာအံ့။

ငိုပြီးမှ ပြန်၍ရယ်ရသည်ဟု မြင်မက်သော် ဝမ်းသာပြီးမှ ဝမ်းနည်းမှုနှင့် တွေ့ကြုံရအံ့။

ငန်းမွေးမြူရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ငန်းကိုမြင်မက်သော် သူတော်ကောင်းနှင့် တွေ့ရအံ့။

ငန်းများ ရေကူးနေသည်ဟု မြင်မက်သော် စိတ်သဘောထားကောင်းသူနှင့် စီးပွားရေးလုပ်ရအံ့။

ငန်းသားပေါက်ကလေးများကို မြင်မက်သော် လိမ္မာရေးခြားရှိသောကလေးများကို စောင့်ရှောက်ရအံ့။

ငန်းသားစားရသည်ဟု မြင်မက်သော ပြစ်တင်ရှုတ်ချခြင်းခံရအံ့။

ငန်း နေအိမ်ပေါ်သို့ တက်နေသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ငုံ့ကြည့်ရသည်ဟု မြင်မက်သော် အလုပ်ပြုတ်အံ့။

စပါးပင်ကို မြင်မက်သော် စကားဟောင်းပေါ်အံ့။

စပါးပင်များ နေအိမ်ရှေ့၌ပေါက်နေသည်ဟု မြင်မက်

ငွေအစုလိုက်အပုံလိုက် ဝင်လာအံ့။

စပါးပုံကို မြင်မက်သော် လာဘ်ကြီးဝင်လာအံ့။

စပါးပုံပေါ်တွင် ကြက်မတွန်သည်ဟု မြင်မက်သော် စီးပွားပျအံ့။ ဒုက္ခနှင့်ရင်ဆိုင်ရအံ့။

စပါးလုံးလေးများကို အိပ်မက်သော် စီးပွားကျအံ့။

စပါးများ ရေစိုနေသည်ဟု မြင်မက်သော် လုပ်ငန်းပြောင်းရွှေ့ရအံ့။

စန္ဒကူး လိမ်းကျံရသည်ဟု မြင်မက်သော် ဖျားနာအံ့။

စပျစ်ပင်ကို မြင်မက်သော် ငွေဝင်အံ့။

စပျစ်သီးစားရသည်ဟု မြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

စေတီပုထိုးများကို မြင်မက်သော် ကြီးပွားတိုးတက်အံ့။

စေတီပုထိုးပျက်များကို မြင်မက်သော် စီးပွားဆုတ်ယုတ်အံ့။

စေတီတည်ရသည်ဟု မြင်မက်သော် သူကောင်းပြုခြင်း ခံရအံ့။

စမ်းချောင်းကိုမြင်မက်သော် စိတ်အေးချမ်းရအံ့။

စမ်းချောင်းထဲတွင် ရေဆင်းချိုးရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

စမ်းချောင်းထဲတွင် ရေပြည့်လျှံနေသည်ဟု မြင်မက်သော် လာဘ်ဝင်အံ့။

စမ်းချောင်းထဲတွင် ရေခန်းခြောက်နေသည်ဟု မြင်မက်သော်စီးပွားပျက်အံ့။

စမ်းချောင်းနားတွင်ထိုင်နေသည်ဟု မြင်မက်သော် အကြံအောင်အံ့။

စမ်းချောင်းထဲတွင် လှေစီးရသည်ဟုမက်သော် ပျော်ရွှင်မှုအပေါင်းနှင့် ပြည့်စုံရအံ့။

စစ်ပွဲကိုအိပ်မက်သော် ပျက်စီးဆုံးရှုံးအံ့။

စစ်ဗိုလ်များလာနေသည်ကို မြင်မက်သော် ချမ်းသာရအံ့။

စစ်သားများ လာနေသည်ကို မြင်မက်သော် ကျန်းမာရေးညံ့အံ့။

စစ်တပ်ကိုမြင်မက်သော် ချစ်ခင်သူမှ အမျက်ပွားအံ့။

စောင်လက်ဆောင်ရသည်ဟုမြင်မက်သော် စိတ်ချမ်းသာအံ့။

စောင်ခြုံရသည်ဟု မြင်မက်သော် ဘေးကင်းအံ့။

စောင်းတီးရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

စောင်းလက်ဆောင်ရသည်ဟု မြင်မက်သော် အလုပ်အကိုင်ရအံ့။

စောင်း လက်ပေါ်မှ အောက်သို့လွတ်ကျသည်ဟု မြင်မက်သော်အကြံပျက်အံ့။

စောင်းတီးသင်ရသည်ဟု မြင်မက်သော် အလုပ်ရအံ့။

စည်ကြီးကိုမြင်မက်သော် စိတ်ချမ်းသာရအံ့။

စည်ကြီးတီးရသည်ဟု မြင်မက်သော် ဝမ်းသာပျော်ရွှင်ရအံ့။

စည်ကြီးပေါက်သည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

စည်ထဲတွင် ရေပြည့်ထားသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

စာကလေးကို မြင်မက်သော် ခရီးသွားရအံ့။

စာကလေးသေသည်ကို မြင်မက်သော် လာဘ်ရအံ့။

စာကလေးလွှတ်လိုက်သည်ကို မြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

စာကလေးပျံသွားသည်ကို မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

စာကလေး မိမိနေအိမ်ပေါ်တွင် တွေ့ရှိရသည်ဟု မြင်မက်သော်ထီပေါက်အံ့။

စာကလေးလာသည်ကိုမြင်မက်သော် သတင်းကောင်းကြားရ အံ့။

စာကလေးသားစားသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

စာအိတ်ကိုမြင်မက်သော် ထူးခြားသောသတင်းကို ကြားရအံ့။

စာအိတ်ကို လွှင့်ပစ်လိုက်သည်ဟု မြင်မက်သော် ခိုက်ရန်ဖြစ်အံ့။

စာသင်ကြားရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

စာအုပ်ကို မြင်မက်သော် ပညာတိုးအံ့။

စာအုပ်ပျောက်ဆုံးသည်ဟု မြင်မက်သော် စာမေးပွဲကျအံ့။

စာအုပ်အနီရောင်ရသည်ဟု မက်သော် လာဘ်ရအံ့။

စာအုပ်အနက်ရောင်ရသည်ဟုမက်သော် အလွန်ညံ့အံ့။

စာအုပ်အပြာရောင်ရသည်ဟုမက်သော် သောကဖြစ်အံ့။

စာရေးရသည်ဟုမြင်မက်သော် အကြံအောင်အံ့။

စာမေးပွဲဖြေရသည်ဟုမြင်မက်သော် သောကရောက်အံ့။

စာမေးပွဲကျသည်ဟုမြင်မက်သော် မိသားစုသောကဖြစ်အံ့။

စာရေးဆရာဖြစ်ရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

စာချုပ်စာတမ်းပြုလုပ်ရသည်ဟု မက်သော် သဘောကွဲလွဲအံ့။

စာရင်းအင်းပြုလုပ်ရသည်ဟု မြင်မက်သော် သြဇာအာဏာရှိအံ့။

စာရင်းကိုင်ပြုလုပ်ရသည်ဟု မြင်မက်သော် ရာထူးတိုးအံ့။

စာသင်ကျောင်းကို မြင်မက်သော် ချစ်ခင်လေးစားသူရှိအံ့။

စိန်ဝယ်ရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

စိန်ကျောက်ကို မြင်မက်သော် ပစ္စည်းဥစ္စာမမြဲ။

စိန်ရောင်းရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

စားသောက်ဖွယ်ရာများရသည်ဟု မြင်မက်သော် ကူညီမည့်သူပေါ်အံ့။

စားသောက်ဖွယ်ရာများကို မြင်မက်သော် ကောင်းစားအံ့။

စားသောက်ဆိုင်ကို မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံရသည်ဟု မက်သော်စီးပွားတိုးအံ့။

စားသောက်ဖွယ်ရာများရောင်းချသည်ဟု မက်သော် ငွေဝင်အံ့။

စားသောက်ဖွယ်ရာများ ချက်ပြုတ်ရသည်ဟုမက်သော် အကြံအောင်အံ့။

စားသောက်ဆိုင်တွင် အလုပ်ရသည်ဟုမက်သော် ငွေဝင်အံ့။

စားသောက်စရာများ ဝယ်ခြမ်းရသည်ဟုမက်သော် မိတ်ဆွေသစ်တိုးအံ့။

စွယ်တော်ကို မြင်မက်သော် မိတ်ဆွေသစ်ရအံ့။

စွယ်တော်ကို ဖူးမြော်ရသည်ဟုမက်သော် ကျက်သရေတိုးအံ့။

စွယ်တော်ပင်ခြေရင်းတွင် ထိုင်နေသည်ဟုမက်သော် လုပ်ငန်းသစ်တိုးချဲ့ရအံ့။

စွယ်တော်ပင်ပေါ်သို့တက်သည်ဟု မက်သော် ဒုက္ခဖြစ်အံ့။

စဉ်းအိုးကိုမြင်မက်သော် ကောင်းစားအံ့။

စဉ်းအိုးတွင် ရေများပြည့်လျှံနေသည်ဟု မြင်မက်သော် ဆန်ရေစပါးပေါများအံ့။

စဉ်းအိုးတွင် ရေများခန်းခြောက်နေသည်ဟု မြင်မက်သော်စီးပွားဆုတ်ယုတ်အံ့။

စဉ်းအိုးကွဲသွားသည်ဟု အိပ်မက်သော် ဆင်းရဲအံ့။

စဉ်းအိုးတွင် မြွေဝင်နေသည်ဟု မြင်မက်သော် ထီပေါက်အံ့။စီးပွားတက်အံ့။

စဉ်းအိုးလုပ်ရသည်ဟု မြင်မက်သော် အကြံအစည်အောင်မြင်အံ့။

စဉ်းအိုးလက်ဆောင်ရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

စဉ်းတီတုံးကို မြင်မက်သော် စားဝတ်နေရေးအဆင်ပြေအံ့။

စံပယ်ပင်ကိုမြင်မက်သော် ကံကောင်းအံ့။

စံပယ်ချုံကို မြင်မက်သော် အထူးကံကောင်းအံ့။

စံပယ်ချုံဘေးတွင် ချစ်သူနှင့်ထိုင်နေရသည်ဟု အိပ်မက်သော် အိမ်ထောင်ကျအံ့။

စံပယ်ပန်းကိုမြင်မက်သော် အကြံအစည်များ အောင်မြင်အံ့။

စံပယ်ပန်းပန်သည်ဟု မြင်မက်သော် ထီပေါက်အံ့။

စံပယ်ပန်းပန်ထားရာမှ မြေသို့ ပြုတ်ကျသည်ဟု မြင်မက်သော်စီးပွားပျက်အံ့။

စံပယ်ပန်း ဘုရားတင်ရသည်ဟုမြင်မက်သော် ကျက်သရေတိုးအံ့။

စံပယ်ပန်းခြောက်သွားသည်ဟု မြင်မက်သော် စိတ်သောကရောက်ရအံ့။

စိတ်ညစ်ရသည်ဟု မြင်မက်သော် သောကဖြစ်အံ့။

စိတ်ဆိုးရသည်ဟု မြင်မက်သော် ထိုသူနှင့် လုပ်ငန်းအတူ ပြုလုပ်အံ့။

စိတ်ပုတီးကို မြင်မက်သော် ချမ်းသာအံ့။

စိတ်ပုတီးစိတ်ရသည်ဟု မြင်မက်သော် ဘေးရန်ကင်းအံ့။

စိတ်တိုနေသည်ဟု မြင်မက်သော် သြဇာရှိအံ့။

စိတ်ပုတီးကြိုး ပြတ်ကျသည်ဟု မြင်မက်သော် အမှုဖြစ်အံ့။

စေ့စပ်ကြောင်းလမ်းပြုရသည်ဟု မြင်မက်သော် စိတ်သောကဖြစ်အံ့။

စေ့စပ်ကြောင်းလမ်းခြင်းမှ ရပ်စဲလိုက်သည်ဟု မြင်မက်သော်စိတ်ပျော်ရွှင်ရအံ့။

စွန်ကုတ်ခံရသည်ဟု မြင်မက်သော် သေကြေပျက်စီးရအံ့။

စွန်လွှတ်ရသည်ဟု မြင်မက်သော် စိတ်ဆင်းရဲမှုနှင့် ကြုံရအံ့။

စွန်ကိုသတ်ရသည်ဟု မြင်မက်သော် စိတ်ဒေါသဖြစ်အံ့။

စုံထောက်ကိုမြင်မက်သော် စိတ်ပျက်ဖွယ်နှင့်တွေ့ ရအံ့။

စုံစမ်းစစ်ဆေးရသည်ဟု မြင်မက်သော် သူတစ်ပါး၏ကိစ္စများကိုဝင်ရောက်လုပ်ကိုင်မိ၍ ဒုက္ခရောက်အံ့။

စုံစမ်းစစ်ဆေးရသည်ဟု မြင်မက်သော် သူတစ်ပါး၏ကိစ္စများကိုဝင်ရောက်လုပ်ကိုင်မိ၍ ဒုက္ခရောက်အံ့။

စားပွဲပေါ်တွင် ထိုင်နေသည်ဟု မြင်မက်သော် စိတ်သောကဖြစ်အံ့။

စားပွဲခင်းကိုမြင်မက်သော် ချစ်သူနှင့်တွေ့ရအံ့။

စားပွဲခင်း စုတ်ပြဲနေသည်ကို မြင်မက်သော် ဆင်းရဲအံ့။

စက္ကူစာရွက်များကို မြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

စက္ကူအဖြူရောင်ကို မြင်မက်သော် စိတ်အေးချမ်းရအံ့။

စက္ကူအမည်းရောင်ကို မြင်မက်သော် အလွန်စိတ်ဆင်းရဲအံ့။ အကြံအစည်ပျက်စီးအံ့။

စက္ကူများ ကောင်းကင်တွင် လွင့်ပျံနေသည်ဟု မြင်မက်သော် မကြာခင် ကုသိုလ်ကံကောင်းအံ့။

စူးဆောက်ကိရိယာများကို မြင်မက်သော် ပစ္စည်းဥစ္စာတိုးအံ့။

စူးဆောက်များကို ကိုင်ထားရသည်ဟု မြင်မက်သော် မုချအလုပ်ရအံ့။

စူးဆူးသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ဆရာလုပ်ရသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ဆရာဝန်ကိုမြင်မက်သော် စိုးရိမ်ဖွယ်ဖြစ်အံ့။

ဆရာကိုမြင်မက်သော် အဆင်ပြေအံ့။

ဆရာသေဆုံးသည်ဟု အိပ်မက်သော် ကျန်းမာရေးညံ့အံ့။

ဆံပင်ရှည်နေသည်ဟု မြင်မက်သော် အသက်ရှည်အံ့။

ဆံပင်တိုနေသည်ဟု မြင်မက်သော် အသက်တိုအံ့။

ဆံပင်ဖြေချသည်ဟု မြင်မက်သော် စီးပွားရေးကျဆင်းအံ့။

ဆံပင်ရိတ်ရသည်ဟု မြင်မက်သော် ဖျားနာအံ့။

ဆံပင်ကျွတ်ရသည်ဟု မြင်မက်သော် ဖျားနာရအံ့။

ဆံပင်အရောင်ဆိုးရသည်ဟု မက်သော် အလုပ်အကိုင်ပေါ်လာအံ့။

ဆံပင် ဘုရားတွင်လှူရသည်ဟု မက်သော် မကြာမီ ကုသိုလ်ကံကောင်းအံ့။

ဆံပင်ဆွဲခံရသည်ဟု မက်သော် ဆင်းရဲအံ့။

ဆံပင်ဖြီးရသည်ဟုမက်သော် အကြံအောင်အံ့။

ဆံပင်ဖြီးခံရသည်ဟုမက်သော် အလှူအတန်းသွားရအံ့။

ဆံပင်ဖြတ်သည်ဟုမက်သော် စီးပွားပျက်အံ့။ ဘေးတွေ့အံ့။

ဆံပင်မီးလောင်သည်ဟုမက်သော် သေကြေပျက်စီးအံ့။

ဆံပင်ဖားလျားချထားသည်ဟု မြင်မက်သော် ယောက်ျားဖြစ်သူသစ္စာဖောက်အံ့။

ဆံပင်ဖားလျားနှင့် မိန်းမကို လက်ထပ်ရသည်ဟု မြင်မက်သော်စိတ်ပျော်ရွှင်ရအံ့။

ဆံထိုးရသည်ဟု မြင်မက်သော် ချစ်သူနှင့်ကွဲအံ့။

ဆာလောင်မွတ်သိပ်နေသည်ဟု မြင်မက်သော် ချမ်းသာရအံ့။

ဆာလောင်မွတ်သိပ်နေသူအား ကျွေးမွေးသည်ဟု မြင်မက် သော်ကုသိုလ်ကံကောင်းအံ့။

ဆာလောင်မွတ်သိပ်နေသော တိရစ္ဆာန်များအား ကျွေးမွေးသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ဆင်ကိုမြင်မက်သော် ကောင်းစားအံ့။

ဆင်အော်သံကြားမူ အကြံအောင်အံ့။

ဆင်သင်္ချိုင်းကို မြင်မက်မူ ထီပေါက်အံ့။

ဆင်မြီးကိုမက်သော် အကြံအစည်အောင်မြင်အံ့။

ဆင်ပေါက်ကိုမြင်မက်သော် သူတစ်ပါးတို့ မှီခိုအားထားရာ ဖြစ်အံ့။

ဆင်ပေါ်မှကျသည်ဟုမြင်မက်သော် ဘေးဒုက္ခရောက်အံ့။

ဆင်ဖြူကိုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဆင်ဖြူ နေအိမ်ကိုလာသည်ဟုမက်သော် အကြီးအကဲရောက်လာအံ့။

ဆင်စီးရသည်ဟု မြင်မက်မူ သူတစ်ပါးအပူဇော်ကို ခံရအံ့။

ဆင် မိမိနေအိမ်တွင် မွေးဖွားသည်ဟု မြင်မက်မူ ကောင်းစားအံ့။

ဆင်သေသည်ကိုမြင်မက်မူ လာဘ်ကြီးဝင်အံ့။

ဆင်မြင်းဗိုလ်ပါတို့ကို မက်သော် ကြီးပွားတိုးတက်အံ့။

ဆင်စွယ်ကိုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဆင်ကို အစာကျွေးရသည်ဟု မြင်မက်သော် အကြီးအကဲနှင့်ရင်းနှီးအံ့။

ဆင်တင်းကုပ်ကိုမြင်မက်သော် အိုးသစ်အိမ်သစ်ဝင်အံ့။

ဆင်တင်းကုပ်ကို မီးလောင်သည်ဟုမြင်မက်သော် စီးပွားပျက်အံ့။

ဆင်စွယ်ဖြင့်ထုလုပ်ထားသော ဘုရားရုပ်တုတော်ကို မြင်မက်မူ

အဆင့်အတန်းမြင့်စွာ နေထိုင်ရအံ့။

ဆင်းတုရုပ်ပွားတော်ကို မြင်မက်သော် မိတ်ဆွေကောင်းတွေ့ အံ့။

ဆင်းတုရုပ်ပွားတော် တရားဟောသည်ဟု မြင်မက်သော်ထင်ရှားကျော်စောအံ့။

ဆင်းတုရုပ်ပွားတော် လှူရသည်ဟုမက်သော် ကျော်စောခြင်း နှင့်ပြည့်စုံလာအံ့။

ဆန်ကိုမြင်မက်သော် စီးပွားရေးအောင်မြင်အံ့။

ဆန်စက်ကိုမြင်မက်သော် အလုပ်ရအံ့။

ဆန်အိတ်များကို မြင်မက်သော် လုပ်ငန်းကြီးပေါ်လာအံ့။

ဆန်ပြုတ်သောက်ရသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဆန်ပြုတ် ပြုတ်ရသည်ဟု မြင်မက်သော် မိသားစုတွင် ကျန်းမာရေးညံ့အံ့။

ဆပ်ပြာကို မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဆပ်ကပ်ပြပွဲကြည့်ရသည်ဟု မြင်မက်သော် ပျော်ရွှင်ရအံ့။

ဆူးစူးသည်ဟု မြင်မက်သော် ရန်တွေ့ အံ့။

ဆွဲကြိုးကိုမြင်မက်သော် ရန်တွေ့ အံ့။

ဆွဲကြိုးဆွဲထားသည်ဟုမက်သော် မလိုလားသူပေါ်လာအံ့။

ဆွဲကြိုးဖြတ်ခံရသည်ဟုမက်သော် ဘေးရန်များအံ့။

ဆီကိုမြင်မက်သော် အောင်မြင်အံ့။

ဆီလုပ်ငန်း လုပ်ကိုင်ရသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ဆီကိုင်ရသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

ဆီကိုသောက်ရသည်ဟု မြင်မက်သော် အကြံပျက်အံ့။

ဆီကို လိမ်းကျံရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ဆီကို ရေချိုးရသည်ဟုမက်သော် မိသားစုကောင်းစားအံ့။

ဆေးကိုမြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဆေး ကိုယ်တွင်လိမ်းကျံရသည်ဟု မြင်မက်သော် ဥစ္စာရအံ့။

ဆေးရုံတက်ရသည်ဟုမြင်မက်သော် ဖျားနာပြီး ကောင်းစားအံ့။

ဆေးရုံမှဆင်းရသည်ဟုမက်သော် ကျန်းမာရေးကောင်းအံ့။

ဆေးပုလင်းများကို မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဆေးသောက်ရသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ဆေးလှူရသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ဆေးဝယ်ရသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ဆားကိုမြင်မက်သော် အလွန်ညံ့အံ့။

ဆားကိုလျက်သည်ဟု မြင်မက်သော် သူတစ်ပါး၏ အားထားရာဖြစ်အံ့။

ဆားရောင်းသည်ဟု မက်သော် ကျွဲနွားပျက်စီးအံ့။

ဆတ်ကိုမြင်မက်သော် အနှောင့်အယှက်ရှိအံ့။

ဆတ်ချိုကိုမြင်မက်သော် ရန်များအံ့။

ဆတ်သားစားရသည်ဟု မြင်မက်သော် အောင်မြင်အံ့။

ဆိတ်ကိုမြင်မက်သော် လာဘ်ရအံ့။

ဆိတ် အစာစားရသည်ဟုမြင်မက်မူ ချမ်းသာအံ့။

ဆိတ်သားဟင်းစားရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

ဆိတ်နို့သောက်ရသည်ဟု မြင်မက်မူ မိမိကို အားကိုးမည့်သူပေါ်အံ့။

ဆိတ်ကိုစီးရသည်ဟု မြင်မက်သော် ပြဿနာပေါ်အံ့။

ဆိတ်ဖြူကို မြင်မက်မူ ငွေဝင်လာအံ့။

ဆိတ်နက်ကိုမြင်မက်မူ ရန်များအံ့။

ဆိတ်ကျောင်းရသည်ဟု မြင်မက်သော် စည်းလုံးမှုရှိအံ့။

ဆည်းလည်းကို မြင်မက်သော် ကောင်းကျိုးပေးအံ့။

ဆည်းလည်းကို ဘုရားလှူရသည်ဟု မြင်မက်သော် မကြာမီစုတ်ကြီးလာဘ်ကြီးဝင်လာအံ့။

ဆွေမျိုးများကို မြင်မက်မူ ကူညီမည့်သူပေါ်အံ့။

ဆွေမျိုးများ နယ်မှ ဘုရားဖူးလာသည်ဟု မြင်မက်မူ သတင်းကောင်းကြားရအံ့။

ဆွေမျိုးများကို ကူညီထောက်ပံ့ပေးနေရသည်ဟု မြင်မက်မူငွေကုန်ကြေးကျများအံ့။

ဆွေမျိုးများဖြင့် လည်ပတ်ရသည်ဟု မြင်မက်သော် ပျော်ရွှင်ရအံ့။

ဆိုင်းဘုတ်ကို မြင်မက်သော် လူချစ်လူခင်ပေါများအံ့။

ဆိုင်းဘုတ်တွင် ကြက်ခြေခတ်ထားသည်ဟု မြင်မက်မူရန်များအံ့။

ဆိုင်းဝိုင်းကို မြင်မက်သော် စိတ်ပျော်ရွှင်ရအံ့။

ဆိုင်းတီးသံကြားရသည်ဟု မြင်မက်သော် သတင်းကောင်းကြားရအံ့။

ဆဲရေးတိုင်းထွာသည်ဟု မြင်မက်မူ ဆင်းရဲဒုက္ခရောက်အံ့။

ဆဲရေးနေကြသည်ဟု မြင်မက်မူ စိတ်သောကနှင့် ကြုံရအံ့။

ဆောင်းဥတုကိုမြင်မက်မူ ချစ်သူနှင့်တွေ့ရအံ့။

ဆောင်းတွင်းတွင် စောင်ခြုံပြီးအိပ်ရသည်ဟု မြင်မက်သော် လုံခြုံမှုရှိအံ့။

ဆွံ့အ နားမကြားသူကို မြင်မက်သော် ကူညီမစမည့်သူ ပေါ်လာအံ့။

ဆွံ့အ နားမကြားကျောင်းကို မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

ဇရက်သေနေသည်ဟု မြင်မက်သော် အပူငြိမ်းအံ့။

ဇရက်ကိုမြင်သော် အမှုပွေအံ့။

ဇရက်သားစားရသည်ဟု မြင်မက်သော် ရန်အောင်အံ့။

ဇရပ်ကို မြင်မက်သော် စီးပွားရေးကျအံ့။

ဇရပ်တွင် လူများစုဝေးနေသည်ဟု မြင်မက်သော် မီးဘေးသင့်အံ့။

ဇလားကိုမြင်မက်သော် ပစ္စည်းဥစ္စာလက်ဆောင်ရအံ့။

ဇာဂနာကိုမြင်မက်သော် သောကဖြစ်အံ့။

ဇာထိုးရသည်ဟု မြင်မက်သော် အလုပ်အကိုင် အောင်မြင်အံ့။

ဇာခန်းစီးကို မြင်မက်သော် အတွင်းရန် ငြိမ်းအေးအံ့။

ဇီးကွက်ပျံသည်ကိုမြင်မက်သော် စိတ်သောကရောက်အံ့။

ဇီးကွက် မြေပြင်သို့ကျသည်ဟု မြင်မက်သော် စိတ်အေးရအံ့။

ဇောင်းခါးသီးစားရသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဇောင်းခါးပင်ပေါ်သို့ တက်ရသည်ဟု မြင်မက်သော် ဘေးတွေ့အံ့။

ဇော်ဂျီကို မြင်မက်သော် ထင်ရှားကျော်စောအံ့။

ဇော်ဂျီသားစားရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဇော်ကကရသည်ဟု မြင်မက်သော် စိတ်ကူးအကြံအောင်အံ့။

ဇာတ်ပွဲကပြနေသည်ကို ကြည့်ရသည်ဟု မြင်မက်သော် ဆွေမျိုးများထဲတွင် တစ်စုံတစ်ယောက် ပျက်စီးအံ့။

ဇာတ်ပွဲ၌ မိမိပါဝင်နေရသည်ဟု မြင်မက်သော် စိတ်သောက ဖြစ်အံ့။

ဇာတ်စင်ကျိုးကျသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ဇာတ်တူသားစားရသည်ဟု မြင်မက်သော် ဘဝပျက်အံ့။

ဈေးကိုမြင်မက်သော် စိတ်သွားတိုင်းကိုယ်ပါမဖြစ်အံ့။

ဈေးတွင် လူစည်ကားသည်ကို မြင်မက်သော် ကျက်သရေ တိုးအံ့

ဈေးရောင်းရသည်ဟု မြင်မက်သော် စီးပွားရေးအဆင်မပြေဖြစ်အံ့။

ဈေးဝယ်ရသည်ဟု မြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

ဈေးမီးလောင်သည်ဟု မြင်မက်သော် သောကဖြစ်အံ့။

ဈာန်ရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဈာန်ရထားသောရဟန်း နေအိမ်သို့ ကြွလာသည်ဟု မြင်မသော် အထွတ်အထိပ်ရောက်အံ့။

ညမှောင်ထဲတွင် တစ်ယောက်တည်း လမ်းလျှောက်ရသည်ဟုမြင်မက်သော် စီးပွားကျအံ့။

ညခရီးသွားရသည်ဟု မြင်မက်မူ စီးပွားကျအံ့။

ညငှက်ကို မြင်မက်သော် မကောင်းမှု ပြုလုပ်ရအံ့။

ညအချိန်တွင် အဖော်များနှင့် သွားလာနေသည်ဟု မြင်မက်သော်အမှုဖြစ်အံ့။

ညဘက်တွင် ကခုန်ရသည်ဟု မြင်မက်သော် အရှုပ်အရှင်းဖြစ်အံ့။

ညအချိန်တွင် အလုပ်လုပ်ရသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့ဖျင်းအံ့။

ညဘက်တွင် မြင်းစီးရသည်ဟု မြင်မက်သော် လျှို့ဝှက်သော လုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်ရအံ့။

ညဘက်တွင် လှေစီးရသည်ဟု မြင်မက်သော် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရအံ့။

ညမှောင်ပြီးမှ အလင်းရောင်ပေါ်လာခဲ့သည်ဟု မြင်မက်သော်မကြာခင် ကုသိုလ်ကံကောင်းအံ့။

ညစာစားသောက်ရသည်ဟု မြင်မက်သော် မိတ်ဆွေတိုးအံ့။

ညဘက်တွင် ရုပ်ရှင်ကြည့်ရသည်ဟု မြင်မက်သော် ဘေးတွေ့အံ့။

ညနေခင်း လမ်းလျှောက်ရသည်ဟု မြင်မက်သော် စိတ်ပျော်ရွှင်ရအံ့။

ညဘက်တွင် စိတ်နှလုံး တုန်လှုပ်ချောက်ချားရသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့ဖျင်းအံ့။

ညောင်ပင်ကိုမြင်မက်သော် ကူညီမစမည့်သူ ပေါ်လာအံ့။

ညောင်သီးစားရသည်ဟုမြင်မက်မူ လာဘ်ရအံ့။

ညောင်ပင်ပေါ်သို့ တက်နေသည်ဟု မြင်မက်မူ မိမိလုပ်ငန်း တွင်အကြီးအကဲဖြစ်အံ့။

ညောင်ပင်မှ အကိုင်းအလက်များ ခြောက်သွေ့ နေသည်ဟု မြင်မက်သော် အကြံပျက်အံ့။

ညောင်ပင်ကို ရေသွန်းလောင်းသည်ဟု မြင်မက်မူ အကြံအောင်အံ့။

ညောင်ပင်ပြိုလဲနေသည်ဟု မြင်မက်မူ စီးပွားပျက်အံ့။

ညောင်ရေအိုးကို မြင်မက်မူ လာဘ်ရအံ့။

ညောင်ရွက်ကို မြင်မက်မူ ကံကောင်းအံ့။

ညီအစ်ကိုမောင်နှမများကို မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ညီအစ်ကိုမောင်နှမများနှင့် တကွဲတပြားစီနေရသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ညီညာစွာ လုပ်ဆောင်ရသည်ဟု မြင်မက်မူ လူကြည်ညိုခြင်းခံရအံ့။

ညီညာဖြောင့်ဖြူးသော လမ်းပေါ်တွင် လျှောက်ရသည်ဟု မြင်မက်မူ စိတ်ချမ်းသာမှုနှင့်ကြုံရအံ့။

ညီညာဖြောင့်ဖြူးခြင်းမရှိသော လမ်းပေါ်တွင် လျှောက်ရသည်ဟု အိပ်မက်မူ အနှောင့်အယှက်နှင့် တွေ့ရအံ့။

ညီဖြစ်သူ ကျန်းမာရေးညံ့သည်ဟု မက်မူ ကျန်းမာရေးကောင်းအံ့။

ညီမဖြစ်သူ ကျန်းမာရေးညံ့သည်ဟု မက်သော် ကျန်းမာရေးကောင်းအံ့။

ညစ်ပတ်ပေရေနေသည်ဟု မြင်မက်သော် ဆင်းရဲဒုက္ခရောက် အံ့။

ညစ်ပတ်ပေရေနေသော ကလေးငယ်ကို မြင်မက်သော်သောကရောက်အံ့။

ညစ်ပတ်ပေရေနေသော စားစရာများကို စားသောက်ရသည်ဟုမြင်မက်သော် ဆင်းရဲရအံ့။

တရားဟောရသည်ဟု မြင်မက်သော် ခိုက်ရန်ဒေါသဖြစ်အံ့။

တရားနာရသည်ဟု မြင်မက်သော် ရန်အေးအံ့။

တရားသူကြီးဖြစ်ရသည်ဟု မြင်မက်သော် ကျော်စောအံ့။

တစည်းကို မြင်မက်သော် သူတစ်ပါးမကောင်းကြံစည်အံ့။

တရားပလ္လင်ကို မြင်မက်သော် ဘုရားဖူးထွက်ရအံ့။

တံတားကိုမြင်မက်သော် စီးပွားတက်အံ့။

တံတားဆောက်လုပ်ရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

တံတားပေါ်မှ လျှောက်ရသည်ဟု မြင်မက်သော် လိုအင်ဆန္ဒပြည့်စုံအံ့။

တံတားကျိုးကျသည်ဟု မြင်မက်သော် အကြံအစည်ပျက်အံ့။

တံတားပြုပြင်ဆောက်လုပ်ပေးရသည်ဟု မြင်မက်သော် လုပ်ငန်းအောင်မြင်အံ့။

တံမြက်စည်းလှည်းရသည်ဟု မြင်မက်သော် စီးပွားရေးကျအံ့။

တံခါးကိုမြင်မက်သော် စိတ်သောကရောက်အံ့။

တံခွန်ကိုမြင်မက်သော် ကျော်စောအံ့။

တံခွန်တိုင် ကိုင်ဆောင်ရသည်ဟု မြင်မက်သော် ချမ်းသာအံ့။

တံခွန်လှူရသည်ဟု မြင်မက်သော် ထင်ရှားကျော်စောအံ့။

တီကောင်ကို မြင်မက်သော် စိတ်သောကရောက်အံ့။

တီကောင် မိမိနေအိမ်ပေါ်တွင် တွေ့ ရှိရသည်ဟု မြင်မက်သော်အိမ်တွင်းရန်ရှိအံ့။

တိမ်တိုက်ကိုမြင်မက်သော် ကောင်းစားအံ့။

တိမ်တိုက်တွင် လေယာဉ်ပျံသန်းနေသည်ဟု မြင်မက်သော်ရပ်ဝေးခရီးသွားရအံ့။

တောထဲတွင် အိမ်ဆောက်နေသည်ဟုမက်သော် မတည်မြဲအံ့။

တောကိုရောက်နေသည်ဟု မြင်မက်သော် ပျော်ရွှင်ရအံ့။

တောလိုက်နေသည်ဟု မြင်မက်သော် သူများက စွပ်စွဲခံရအံ့။

တောထဲတွင် မျက်စိလည်လမ်းမှားနေသည်ဟု မြင်မက်သောအဆုတ်တွင် ပြဿနာပေါ်အံ့။

တောထဲတွင် တိရစ္ဆာန်များကို တွေ့ ရသည်ဟု မြင်မက်သော်ဘေးဒုက္ခနှင့်ကြုံရအံ့။

တောင်ဝှေးကိုမက်သော် ကူညီမည့်သူပေါ်လာအံ့။

တောင်ဝှေးလဲသည်ဟု မြင်မက်သော် မိမိမှီခိုသူ ပျက်စီးအံ့။

တောင်ဝှေးကျိုးသည်ဟု မြင်မက်သော် ပျက်စီးအံ့။

တောင်ကို မြင်မက်သော် လာဘ်ရအံ့။

တောင်ဖျားကိုတက်သည်ဟု မြင်မက်မူ လာဘ်ကြီးရအံ့။

တောင်တက်ရသည်ဟု မြင်မက်မူ ကြီးပွားတိုးတက်အံ့။

တောင်ထိပ်၌နေရသည်ဟု မက်သော် အကြီးအကဲဖြစ်အံ့။

တောင်ပြိုသည်ဟု မြင်မက်မူ စီးပွားရေးကျဆင်းပြီး ဘေးဒုက္ခနှင့် ကြုံရအံ့။

တောင်ပို့ကိုမက်မူ အကြီးအကဲဖြစ်အံ့။

တောင်ပို့တွင် ခြတက်နေသည်ဟု မြင်မက်သော် လာဘ်ရအံ့။

တောင်အရပ်သို့သွားရသည်ဟု မြင်မက်သော် ရောဂါဝေဒနာခံစားရအံ့။

တောင်ပူစာကို မြင်မက်သော် ရာထူးတိုးအံ့။

တောင်ပေါ်တွင် နေအိမ်ဆောက်လုပ်နေသည်ဟု မြင်မက်သော်လုပ်ငန်းကြီးလုပ်ငန်းကိုင်ရပြီး အောင်မြင်အံ့။

တူကိုမက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

တူ (ထမင်းစားသည့်တူ) ကိုမက်သော် လာဘ်ဝင်အံ့။

တူ (ထမင်းစားသည့်တူ) လက်ဆောင်ရသည်ဟု မြင်မက်သော်ထီပေါက်အံ့။

တောင်းရမ်းစားသောက်သူကို ကျွေးမွေးစွန့်ကမ်းရသည်ဟုမက်သော် မိမိအား ကူညီမ,စမည့်သူ မလွဲဧကန် ပေါ်လာအံ့။

တောင်းရမ်းစားသောက်ရသည်ဟု မြင်မက်သော် ပစ္စည်းဥစ္စာပေါအံ့။

တောင်း (ခြင်းတောင်း) ကိုမြင်မက်သော် ငွေကြေးဥစ္စာ အဆင်ပြေအံ့။

တောင်း (ခြင်းတောင်း) ထဲတွင် စားသောက်စရာများ ထည့်ထားသည်ဟု အိပ်မက်သော် ထီပေါက်အံ့။ ပြည့်စုံအံ့။

တောင်း (ခြင်းတောင်း) ပေါက်နေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

တင်းပုတ်ကိုမြင်မက်သော် အမှုအခင်းဖြစ်အံ့။

တင်းပုတ်ကိုင်ထားရသည်ဟု မြင်မက်သော် အငြင်းအခုံပြုရ အံ့။

တင်းနစ်ကစားရသည်ဟု မြင်မက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရပြီးမှ အောင်မြင်အံ့။

တင်းတောင်းကို မြင်မက်သော် လာဘ်ရအံ့။

တင်းတောင်းပေါက်နေသည်ဟု မြင်မက်သော် စီးပွားကျဆင်းအံ့။

တင်းတောင်းရွက်ထားရသည်ဟု မြင်မက်သော် ပစ္စည်းဥစ္စာပေါအံ့။

တင်းတောင်း ဖာထေးရသည်ဟု မြင်မက်သော် အလုပ်အကိုင်ရအံ့။

တိုင်ထူရသည်ဟု မြင်မက်သော် အကျိုးဆောင်ရွက်ရအံ့။

တိုင်ကျိုးသည်ဟု မြင်မက်မူ ဘေးတွေ့အံ့။

တိုင်ပေါ်သို့ မိမိရောက်နေသည်ဟု မြင်မက်သော် အထွတ်အထိပ်ရောက်အံ့။

တွင်းတူးရသည်ဟု မြင်မက်သော် စိတ်သောကဖြစ်အံ့။

တွင်းထဲသို့ လိမ့်ကျသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

တွင်းပေါ်သို့ ပြန်တက်ရသည်ဟုမက်သော် မမျှော်လင့်ဘဲနှင့်လုပ်ငန်းအသစ်ပေါ်လာအံ့။

တွင်းထဲသို့ ဆင်းရသည်ဟုမက်သော် ကိုယ့်အပြစ်ကိုယ်ခံရအံ့။

တိတ်ဆိတ်စွာနေထိုင်ရသည်ဟု မြင်မက်သော် အေးချမ်းသာယာမှုရှိအံ့။

တိတ်ခွေကိုမြင်မက်သော် သတင်းထူးကြားရအံ့။

တိတ်ရီကော်ဒါကို မြင်မက်သော် စည်းစိမ်ခံစားရအံ့။

တိတ် (ပလာစတာ) ကို မြင်မက်သော် တစ်ကိုယ်တည်း နေထိုင်ရအံ့။

တန်းပေါ်မှ ကျော်လွှားရသည်ဟု မြင်မက်သော် အခက်အခဲ များပြေလည်အံ့။

တန်းစီရပ်နေသည်ရသည်ဟု မြင်မက်သော် မိမိမလုပ်ကိုင်လိုသော လုပ်ငန်းတစ်ခုကို မမျှော်လင့်ဘဲ လုပ်ကိုင်ရအံ့။

တန်းပေါ်တွင် အဝတ်အစားများ လှန်းထားသည်ဟု မြင်မက်မူ အခက်အခဲပေါ်လာအံ့။

ထမင်းစားရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ထမင်းကို သပိတ်နှင့်လွယ်၍ စားရသည်ဟုမက်သော် လာဘ်ရအံ့။

ထမင်းခြောက်များကိုမက်သော် စီးပွားကျဆင်းအံ့။

ထမင်းချက်ရသည်ဟု မြင်မက်သော် ရာထူးတိုးအံ့။

ထမင်းလုံးတစ္ဆေခြောက်သည်ဟု မြင်မက်သော် ပြဿနာပေါ်အံ့။

ထရံကာထားသည်ဟုမက်သော် အဆင်ပြေအံ့။

ထဘီအသစ်ဝတ်ရသည်ဟု မြင်မက်သော် စီးပွားတက်အံ့။

ထဘီအဟောင်းဝတ်ရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ထဘီပေါက်ဝတ်ဆင်ရသည်ဟု မြင်မက်သော် ဒုက္ခရောက်အံ့။

ထီပေါက်သည်ဟု မြင်မက်သော် အေးချမ်းအံ့။

ထီလက်မှတ်ပျောက်သည်ဟု မြင်မက်သော် သောကဖြစ်အံ့။

ထီလက်မှတ်ရောင်းချသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ထီးဆောင်းရသည်ဟု မြင်မက်သော် အေးချမ်းအံ့။

ထီးဖြူဆောင်းရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ထီးဖြူ သူတစ်ပါးကို ဆောင်းပေးရသည်ဟု မက်သော် အကြီးအကဲများ၏ ကူညီမှုရအံ့။

ထီးကိုမြင်သော် နေရာသစ်ရရှိအံ့။

ထီးမီးလောင်သည်ဟု မက်သော် အိုးအိမ်ပျက်စီးအံ့။

ထီးပေါက်သည်ဟု မြင်မက်သော် စီးပွားဆုတ်ယုတ်အံ့။

ထီးပျောက်သည်ဟု မြင်မက်သော် လာဘ်ရအံ့။

ထီးကောက်ရသည်ဟု မြင်မက်သော် ငွေထွက်အံ့။

ထီးတော်တင်ပွဲသွားရသည်ဟု မြင်မက်သော် ငွေထွက်အံ့။

ထမ်းစင်ကို မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ထမ်းစင်ကျိုးကျသည်ဟု မြင်မက်သော် သေကြေပျက်စီးအံ့။

ထမ်းစင်စီးရသည်ဟု မြင်မက်သော် လာဘ်ရအံ့။ လ

ထမ်းစင်ထမ်းပေးရသည်ဟု မြင်မက်သော် ပင်ပန်းကြီးစွာလုပ်ကိုင်ရအံ့။

ထမ်းစင်ပေါ်တွင် မိဘနှစ်ပါး စီးလာသည်ဟု မြင်မက်သော်ကုသိုလ်ကံ ကောင်းအံ့။

ထမ်းပိုးကိုမြင်မက်သော် ပင်ပန်းအံ့။

ထမ်းရွက်ရသည်ဟု မြင်မက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

ထန်းတောကို မြင်မက်သော် ပျော်ရွှင်အံ့။ လာဘ်ရအံ့။

ထန်းပင်ကို မြင်မက်သော် လာဘ်ရအံ့။ ကူညီမည့်သူပေါ်လ

ထန်းသီးကို မြင်မက်သော် လာဘ်ရအံ့။

ထန်းသီးစားရသည်ဟု မြင်မက်သော် လာဘ်ကြီးရအံ့။

လန်းပင်ပေါ်သို့ တက်ရသည်ဟု မြင်မက်သော် ချမ်းသာအံ့။

လန်းပင်ပေါ်မှ ထန်းသီး မိမိအိမ်ခေါင်မိုးပေါ်သို့ ပြုတ်ကျသည်မက်သော် ထီပေါက်အံ့။

ထန်းပင်ပေါ်မှ ပြုတ်ကျသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ထန်းလျက်စားရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

လန်းခေါက်ဖာကို မြင်မက်သော် ငွေဝင်အံ့။

ထန်းရေသောက်ရသည်ဟုမက်သော် ခိုက်ရန်ဖြစ်အံ့။

ထန်းရေရောင်းရသည်ဟုမက်သော် ပြဿနာပေါ်အံ့။

ထင်းပုံကိုမြင်မက်သော် အလွန်ညံ့အံ့။

ထင်းပုံပြိုကျသည်ဟု မြင်မက်သော် သေကြေပျက်စီးအံ့။

ထင်းပုံပေါ်သို့ မြွေတက်သည်ဟု မြင်မက်သော် စီးပွားရေးပြန်လည်အဆင်ပြေအံ့။

ထင်းချောင်းများကို သယ်ပိုးပေးရသည်ဟုမက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

ထိတ်လန့်စွာနေရသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

ထိတ်ထိတ်ပျာပျာနှင့် သွားလာနေထိုင်ရသည်ဟုမက်သော်နှောင့်နှေးအံ့။

ထောင်ကို မြင်မက်သော် စိတ်သောကဖြစ်အံ့။

ထောင်ကျနေသည်ဟု မြင်မက်သော် စိတ်သောကဖြစ်အံ့။

ထောင်မှလွတ်လာသည်ဟု မြင်မက်သော် စိတ်ချမ်းသာအံ့။

ထောင်ချောက်ကိုမြင်မက်သော် အကျပ်အတည်းနှင့် ရင်ဆိုင်အံ့။

ထောင်မှလွတ်လာသူများကို မြင်မက်သော် ကူညီပေးရအံ့။

ထောပတ်စားရသည်ဟု မြင်မက်သော် ကြီးပွားတိုးတက်အံ့။

ထောပတ်ကို ရွံရှာသောအားဖြင့် မြင်မက်သော် ငတ်မွတ်ပြီးကျန်းမာရေးညံ့အံ့။

ထောပတ်ထမင်းစားရသည်ဟု မြင်မက်သော် ချမ်းသာစွာနေရအံ့။

ထောပတ်လိမ်းထားရသည်ဟု မြင်မက်သော ရောဂါဝေဒနာဖြစ်အံ့။

ထုံးကိုမြင်မက်သော် ရန်များအံ့။

ထုံးသုတ်ရသည်ဟုမက်သော် အန္တရာယ်ကင်းအံ့။

ထုံးပုံးများကို မြင်မက်သော် ကဲ့ရဲ့ခြင်းခံရအံ့။

ထုံးနှင့်ကွမ်းစားရသည်ဟု မြင်မက်သော် လုပ်ငန်းအောင်မြင်အံ့။

ထွန်တုံးကိုမြင်မက်သော် ဆန်ရေစပါးပေါများအံ့။

ထွန်ခြစ်ကိုမြင်မက်သော် စီးပွားတက်အံ့။ လူချစ်လူခင်များအံ့။

ထွန်ထားသောလယ်တွင် ပျိုးကြဲရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ထပ်ခိုးလုပ်နေသည်ဟု မြင်မက်သော် ရန်ရှိအံ့။

ထပ်ခိုးပေါ်မှ ဆင်းရသည်ဟု မြင်မက်သော် ရန်အေးအံ့။

ထပ်ခိုးပေါ်သို့ တက်ရသည်ဟု မြင်မက်သော် မိတ်ဆွေ အတုအယောင်များနှင့် တွေ့ဆုံရအံ့။

ထပ်ခိုးပေါ်တွင် မြွေတွေ့ ရသည်ဟု မြင်မက်သော် ဆုံးရှုံးသွားသည့်ငွေများ အစားပြန်ရအံ့။

ထုပ်တန်းကို မြင်မက်သော် ကူညီမ,စမည့်သူ ပေါ်လာအံ့။

ထုပ်တန်းပေါ်တွင် တွဲလွဲခိုနေရသည်ဟု မြင်မက်သော် သူများအားကိုးနှင့် နေရအံ့။

ထုပ်တန်းကျိုးကျသည်ဟုမက်သော် အလွန်ညံ့အံ့။

ထုပ်ပိုးချည်နှောင်ထားရသည်ဟု မြင်မက်သော် ခရီးထွက်ရအံ့။

ထုပ်ဆီးတိုးတမ်း ကစားရသည်ဟု မြင်မက်သော် မိတ်ဆွေအပေါင်းအသင်းများအံ့။

ထွက်ပြေးရသည်ဟုမြင်မက်သော် အတင်းပြောဆိုခြင်းခံရအံ့။

ထွက်လိုက်ရသည်ဟု မြင်မက်သော် ပြဿနာပေါ်အံ့။

ထွက်ပြေးနေသူနှင့် တွေ့ဆုံရသည်ဟုမြင်မက်မူ ရန်များအံ့။

ထွက်ပေါက်မရှိဘဲနှင့် ပိတ်မိနေသည်ဟု မြင်မက်သော် အကြံဉာဏ်ပျက်အံ့။

ထိန်းကျောင်းရသည်ဟု မြင်မက်သော် လူချစ်လူခင်ပေါများအံ့။

ထောင်းထုရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ထောင်းထုခံရသည်ဟု မြင်မက်သော် စိတ်သောကကင်းဝေးအံ့။

ထိုးကွင်းများကို မြင်မက်သော် လူချစ်လူခင်ပေါအံ့။

ထိုးကွင်းထိုးပေးရသည်ဟု မက်သော် သူတစ်ပါးကို ကူညီပေးရအံ့။

ဒင်္ဂါးပြားကို မြင်မက်သော် လာဘ်ရအံ့။

ဒဂါးပြားများကို တူးဖော်တွေ့ရှိရသည်ဟုမက်သော် ထီပေါက်အံ့။

ဒင်္ဂါးပြားများကို လက်ဆောင်ရသည်ဟုမက်သော် ထီပေါက်အံ့။

ဒင်္ဂါးပြားများကို သူတစ်ပါးအားပေးရသည်ဟုမက်သော် ငွေကုန်ကြေးကျများအံ့။

ဒင်္ဂါးပြားများ ကွဲနေသည်ဟုမက်သော် စီးပွားပျက်အံ့။

ဒင်္ဂါးပြားများ အခိုးခံရသည်ဟုမက်သော် စီးပွားရေး ကျဆင်းအံ့။

ဒရယ်ကောင်ကိုမြင်မက်သော် ချစ်သူနှင့်တွေ့ ရအံ့။

ဒရယ်ခွေ့ ခံရသည်ဟုမက်သော် ချစ်သူနှင့် ကွေကွင်းရအံ့။

ဒရယ်သားကို စားရသည်ဟုမက်သော် အိမ်ထောင်ကျအံ့။

ဒယ်အိုးကိုမြင်မက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

ဒယ်အိုးပေါက်နေသည်ဟုမက်သော် စီးပွားပျက်အံ့။

ဒယ်အိုးလက်ဆောင်ရသည်ဟုမက်သော် လာဘ်ရအံ့။

ဒါနအလှူပြုလုပ်ရသည်ဟုမြင်မက်သော် လာဘ်ကြီးဝင်း။

ဒိုးပတ်လုပ်ရသည်ဟုမက်သော် ပင်ပန်းအံ့။

ဒိုးပတ်တီးရသည်ဟုမက်သော် ဆရာဖြစ်အံ့။

ဒိုးပတ်ပေါက်နေသည်ဟု မက်သော် အလုပ်ပြုတ်အံ့။

ဒေါနပန်းကိုမြင်မက်သော် ချစ်ခင်သူပေါများအံ့။

ဒေါနပန်းပန်ရသည်ဟုမက်သော် ချစ်သူတွေ့အံ့။

ဒေါသထွက်ရသည်ဟုမက်သော် မိတ်ဆွေကောင်းတွေ့အံ့။

ဒွန်းစဏ္ဍားသည် မိမိ၏အထက်တွင် နေထိုင်သည်ဟုမက်သော်စီးပွားရေးကျဆင်းအံ့။

ဒွန်းစဏ္ဍားသည် မိမိ၏အောက်တွင် နေထိုင်သည်ဟုမက်သော်စီးပွားတက်အံ့။

ဒိန်ချဉ် ဒိန်ခဲစားရသည်ဟုမက်သော် လာဘ်ရအံ့။

ဒေါင်းကနေသည်ဟုမက်သော် အကြံအောင်အံ့။

ဒေါင်းကိုမြင်မက်သော် ကျက်သရေတိုးအံ့။ သိ

ဒေါင်းတွန်သံကြားရသည်ဟု မြင်မက်သော် သတင်းကောင်းကြားရအံ့။

ဒေါင်းတောင်ရသည်ဟု မြင်မက်သော် ချစ်သူတွေ့ ရအံ့။

ဒေါင်းတောင်ကို မိမိကိုယ်ပေါ်တွင် ထိုးထားရသည်ဟုမက် သော် လူချစ်လူခင်များအံ့။

ဒီးဒုတ်ငှက်ကို မြင်မက်သော် စီးပွားကျအံ့။

ဒေလီယာပန်းကိုပန်ရသည်ဟု မက်သော် စီးပွားဖြစ်အံ့။

ဒေဝါလီပွဲတော်ကို သွားရသည်ဟုမက်သော် ချစ်သူတွေ့အံ့။

ဒဏ်ရာရသည်ဟုမက်သော် လုပ်ငန်းအကြံပျက်အံ့။

ဒုံးလှေစီးရသည်ဟုမြင်မက်သော် စိတ်ပျော်ရွှင်ရအံ့။

ဒုံးပျံကို မြင်မက်သော် အဆင့်အတန်းမြင့်စွာနေရအံ့။

ဒုံးပျံစီးရသည်ဟု မြင်မက်သော် ခရီးဝေးသွားရအံ့။

ဒုက္ခဖြစ်ရသည်ဟု မြင်မက်သော် ကူညီမည့်သူပေါ်အံ့။

ဓနိကို အိပ်မက်သော် အေးချမ်းမှုရှိအံ့။

ဓနိအိမ်နှင့်နေရသည်ဟုမက်သော် နေရာအတည်တကျ ရှိအံ့။

ဓနိပင်ကိုခုတ်ရသည်ဟု မြင်မက်သော် ဘေးဒုက္ခဖြစ်ရအံ့ ။

ဓနိရေသောက်ရသည်ဟု မြင်မက်သော် စကားများရအံ့။

ဓနိရောင်းရသည်ဟု မြင်မက်သော် စီးပွားရေးအဆင်ပြေအံ့။

ဓနိဘုရားကို ဖူးမြော်ရသည်ဟုမက်သော် ကုသိုလ်ကံကောင်းအံ့။

ဓားလှံလက်နက်ကို မြင်မက်သော် အသက်ရှည်အံ့။

ဓားနှစ်လက် ကြက်ခြေခတ်ထားသည်ကို မြင်မက်သော် အလွန်ညံ့အံ့။

ဓားလှံအရောင်တောက်ပနေသည်ကိုမြင်မက်သော် ရာထူးတိုးအံ့။

ဓားနှင့်ထိုးသည်ဟုမြင်မက်သော် ရန်ပွားအံ့။

ဓားနှင့်အထိုးခံရသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

ဓားပြကိုမြင်မက်သော် ဘေးအန္တရာယ်နှင့်ကြုံရအံ့။

ဓာတ်ပုံအရိုက်ခံရသည်ဟု မြင်မက်သော် ကူညီမည့်သူပေါ်အံ့။

ဓာတ်တော်ကို ဖူးမြော်ရသည်ဟု မြင်မက်သော် ဂုဏ်သတင်းကျော်စောအံ့။

ဓာတ်တော်ရသည်ဟု မြင်မက်သော် ကျက်သရေတိုးအံ့။

ဓာတ်တော်ကို မြင်မက်သော် ကျက်သရေတိုးအံ့။

ဓာတ်လှေကားစီးရသည်ဟုမြင်မက်သော် ရာထူးတိုးအံ့။

ဓာတ်လှေကားပျက်နေသည်ဟုမြင်မက်သော် အလုပ်အကိုင်ပျက်အံ့။

ဓာတ်မီးကိုမြင်မက်သော် အကြံကောင်းပေါ်လာအံ့။

ဓာတ်မီး မှောင်နေသည်ဟုမြင်မက်သော် အကြံပျက်အံ့။

ဓာတ်ကြိုးကိုမြင်မက်သော် ဘေးအန္တရာယ်နှင့် တွေ့ကြုံရအံ့။

ဓာတ်တိုင်ကျိုးကျနေသည်ဟုမက်သော် စီးပွားပျက်အံ့။

ဓာတ်တိုင်ပေါ်သို့တက်ရသည်ဟု မြင်မက်သော် အကြံအစည်အောင်မြင်အံ့။

ဓာတ်လုံးကိုမြင်မက်သော် လာဘ်ရအံ့။

ဓာတ်လုံးကို လက်စွပ်ကွင်းဝတ်ရသည်ဟု မြင်မက်သော်သာသနာပြုရအံ့။ ကောင်းစားအံ့။

ဓာတ်လုံးကို မျိုရသည်ဟု မြင်မက်သော် ဘုန်းတန်ခိုးကြီးအံ့။

ဓာတ်လုံးစီးရသည်ဟု မြင်မက်သော် လိုအင်ဆန္ဒပြည့်ဝအံ့။

ဓာတ်ရထားစီးရသည်ဟု မြင်မက်သော် ခရီးဝေးသွားရအံ့။

ဓူဝံကြယ်ကို မြင်မက်သော် အကြံအောင်မြင်အံ့။

ဓူဝံကြယ် ရွေ့နေသည်ဟု မြင်မက်သော် ခရီးဝေးသွားရအံ့။

ဓူဝံကြယ်ကို လှမ်းဆွတ်ရသည်ဟု မြင်မက်မူ မိမိထက်သာသူနှင့် အိမ်ထောင်ပြုရအံ့။

ဓူဝံကြယ် မြေသို့ခသည်ဟု မြင်မက်သော် အကြံပျက်အံ့။

နဂါးကိုမြင်မက်သော် ရန်အောင်မြင်အံ့။

နဂါး မိမိအိမ်ပေါ်တွင် တွေ့ရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

နဂါးဖမ်းရသည်ဟုမက်သော် ဘေးကင်းအံ့။

နဂါးအရုပ်ကိုရသည်ဟုမြင်မက်သော် ကျန်းမာရေးအလွန်ညံ့အံ့။

နဂါးစီးရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

နဂါးအသေကို မြင်မက်သော် ပြဿနာပေါ်လာအံ့။

နက္ခတ်ကိုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

နနွင်းလိမ်းကျံရသည်ဟုမက်သော် ဖျားနာအံ့။

နနွင်းသောက်ရသည်ဟု မြင်မက်မူ သားသမီးရအံ့။

နပန်းလုံးရသည်ဟု မြင်မက်မူ အနှောင့်အယှက်နှင့်ကြုံအံ့။

နဖားကြိုးကို မြင်မက်သော် သြဇာပေးခြင်းခံရအံ့။

နဖားကြိုးရောင်းဝယ်ရသည်ဟု မြင်မက်သော် သူတစ်ပါး၏လက်အောက်တွင် နေထိုင်ရအံ့။

နာနတ်သီးကို မြင်မက်သော် ချစ်သူနှင့်တွေ့အံ့။

နာနတ်ပင်စိုက်ရသည်ဟုမက်သော် မျက်နှာများအံ့။

နာနတ်သီးစားရသည်ဟု မြင်မက်သော် မျက်နှာများသူနှင့် တွေ့ရအံ့။

နာဖျားသူကို မြင်မက်သော် အလွန်ညံ့အံ့။

နာရီကိုမြင်မက်သော် အဆင်ပြေအံ့။

နာရေးဖတ်ရသည်ဟု မြင်မက်သော် ကောင်းသတင်းကြားရအံ့။

နံ့သာများ လိမ်းကျံထားသည်ဟုမက်သော် ကျန်းမာရေးညံ့အံ့။

နံ့သာပုငှက်ပျောသီးကိုမက်သော် ကျက်သရေတိုးအံ့။

နူနေသောလူကိုမြင်သည်ဟု အိပ်မက်သော် လာဘ်ရအံ့။

နူနာရောဂါစွဲကပ်နေသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

နှဲသံကြားရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

နှဲကျိုးသည်ဟု မြင်မက်မူ စီးပွားပျက်အံ့။

နှင်းဆီပန်းကို မြင်မက်သော် သူတစ်ပါးစော်ကားခြင်း ခံရအံ့။

နှင်းသီးကိုမြင်မက်သော် ရန်များအံ့။

နှင်းသီးစားရသည်ဟုမက်သော် ရန်အောင်အံ့။ နန်း

နီသောပန်းကို မြင်မက်သော် သေကြေပျက်စီးအံ့။

နီသောအင်္ကျီကိုဝတ်ဆင်ရသည်ဟုမက်သော် အမှုအခင်းဖြစ် အံ့။

နက်သောအရောင်ကို မြင်မက်သော် ဘေးဒုက္ခရောက်အံ့။

နက်သောအင်္ကျီကိုဝတ်ဆင်ရသည်ဟုမက်သော် သေကြေပျက်စီးအံ့။

နေကိုမြင်မက်သော် စီးပွားတိုးအံ့။

နေဖမ်းဆွဲရသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

နေကြတ်သည်ဟု မြင်မက်သော် ဘုန်းတန်ခိုးရှိသော သားယောက်ျားလေးကို မွေးဖွားအံ့။

နေလကို ဖက်ရသည်ဟုမက်သော် ချမ်းသာအံ့။

နေမွန်းတည့်သည်ဟုမက်သော် လာဘ်ရအံ့။

နေထွက်သည်ဟုမက်သော် တိုးတက်ကြီးပွားအံ့။

နေဝင်သည်ဟုမက်သော် စီးပွားဆုတ်ယုတ်အံ့။

နေအိမ်ပေါ်တွင် သစ်ပင်ပေါက်သည်ဟု မြင်မက်သော် လာဘ်ရအံ့။

နေအိမ်ပေါ်သို့ အဆိပ်ရှိသောသတ္တဝါတက်သည်ဟု မြင်မက်သော် ကောင်း၏။

နေအိမ်၊ လအိမ်ဖွဲ့သည်ဟုမြင်မက်သော် ချမ်းသာစွာ နေထိုင်ရအံ့။

နေရာပြောင်းရွှေ့ရသည်ဟုမြင်မက်သော် အလုပ်အကိုင်ပြောင်းရအံ့။

နေကြာပန်းကိုမြင်မက်သော် လာဘ်ဝင်လာအံ့။

နေကြာပန်း ဘုရားတင်ရသည်ဟုမက်သော် လုပ်ငန်းအကြံအစည်အောင်အံ့။

နေကြာပန်းပန်ရသည်ဟု မြင်မက်သော် အလုပ်အကိုင် အဆင်ပြေအံ့။

နတ်ကိုမြင်မက်သော် ချမ်းသာအံ့။

နတ်စကားပြောဆိုရသည်ဟု မြင်မက်သော် ပြောဆိုတိုင်းဖြစ် အံ့။

နတ်ရုပ်ကို မြင်မက်သော် မိတ်ဆွေကောင်းတွေ့ရအံ့။

နတ်ပြည်သို့ရောက်သည်ဟု မြင်မက်သော် လုပ်တိုင်းအောင်မြင်အံ့။

နတ်သမီးများနှင့်တွေ့ရသည်ဟု မက်သော် ပြီးပြည့်စုံအံ့။

နတ်သမီးများနှင့် ပျော်ပါးရသည်ဟု မြင်မက်သော် ချမ်းသာပြီး အောင်မြင်အံ့။

နှုတ်ခမ်းမွေးပေါက်နေသည်ဟု မြင်မက်သော် သူတစ်ပါးစော်ကားခြင်းခံရအံ့။

နှုတ်ခမ်းမွေးရိတ်ရသည်ဟုမြင်မက်သော် ပြဿနာပေါ်အံ့။

နှုတ်ခမ်းအရောင်မည်းနေသည်ဟု မြင်မက်သော် အဆင်မပြေဖြစ်အံ့။

နှုတ်ခမ်းအရောင်နီနေသည်ဟု မြင်မက်သော် ပြောတိုင်းအဆင်ပြေအံ့။

နှုတ်ဆက်သည်ဟု အိပ်မက်သော် ဝမ်းနည်းရအံ့။

နှုတ်ဆက်ပြီးမှ ပြန်၍လာသည်ဟုမက်သော် ဝမ်းနည်းပြီးမှဝမ်းသာရအံ့။

အနှမ်းကိုမြင်မက်သော် ထီပေါက်အံ့။

နှမ်းဆီသောက်ရသည်ဟု မြင်မက်သော် စိုးရိမ်ကြောင့်ကြကင်းအံ့။

နှမ်းစေ့ကိုမြင်မက်သော် ကျန်းမာရေးညံ့အံ့။

နန်းပြာသာဒ်ကိုမြင်မက်သော် ချမ်းသာအံ့။

နန်းတက်ရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

နန်းပြာသာဒ်မီးလောင်နေသည်ဟု မြင်မက်သော် သေကြေပျက်စီးအံ့။

နန်းကျသည်ဟု မြင်မက်သော် ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ရအံ့။

နှာခေါင်းမှ သွေးယိုထွက်နေသည်ဟု မြင်မက်သော် သူများမှီခိုရအံ့။

နှာခေါင်းကျိုးသည်ဟု မြင်မက်သော် စီးပွားရေးကျဆင်းအံ့။

နှာခေါင်းတွင်းသို့ မကောင်းသောအနံ့အသက်များ ဝင်လာသည်ဟု မက်သော် မကောင်းသတင်းကြားရအံ့။

နှာခေါင်းတွင်းသို့ အမွေးအကြိုင်အနံ့များ ဝင်လာသည်ဟု မြင်မက်သော် သတင်းကောင်းကြားရအံ့။

နှာချေသည်ဟု အိပ်မက်သော် ကျော်စောထင်ရှားအံ့။

နှာခေါင်းမှသွေးများ လျှံကျနေသည်ဟု မြင်မက်သော် ငွေကြေးဝင်အံ့။

နို့ညှစ်ရသည်ဟု မြင်မက်သော် ချမ်းသာကြွယ်ဝအံ့။

နို့သောက်ရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

နို့(ဒိန်ချဉ်) ကို သောက်ရသည်ဟု မြင်မက်သော် ချစ်ခင်သူပေါအံ့။

နို့ရည်ကို ရွံရှာသောအားဖြင့် မြင်မက်သော် ငတ်မွတ်ပြီး ဖျားနာအံ့။

နို့ရည်ကို ရေခွက်နှင့်ထည့်၍သောက်ရသည်ဟု မြင်မက်သော်လာဘ်ကြီးရအံ့။

နို့စို့ရသည်ဟု မြင်မက်သော် ပညာရှိဖြစ်အံ့။

နို့ဆီဘူးများကို မြင်မက်သော် ငွေဝင်အံ့။

နို့ပုံးများကို မြင်မက်သော် ထီပေါက်အံ့။ အကြံအောင်မြင်အံ့။

နို့ပုံးများ မှောက်ကျနေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

နွားကို မြင်မက်သော် ကောင်းစားအံ့။

နွားဖွားသည်ဟု မြင်မက်သော် ကောင်းစားအံ့။

နွားစီးရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

နွားစာခွက်ကို မြင်မက်သော် လုပ်ငန်းအဆင်ပြေအံ့။

နွားနို့သောက်ရသည်ဟု မြင်မက်သော် အလှူအတန်းပေးရအံ့။

နွားလှည်းစီးရသည်ဟု မြင်မက်သော် ချမ်းသာရအံ့။

နွားအဝှေ့ခံရသည်ဟု မြင်မက်မူ ချမ်းသာအံ့။

နွားစကားပြောဆိုသည်ဟု မြင်မက်သော် ပြောဆိုတိုင်းဖြစ်အံ့။

နွားလည်ပင်းကိုစီးရသည်ဟု မြင်မက်သော် ကြီးပွားအံ့။

နွားသေသည်ဟု မြင်မက်သော် လာဘ်ရအံ့။

နွားသားစားသည်ဟု မြင်မက်သော် ပြဿနာပေါ်အံ့။

နွားဖမ်းရသည်ဟု မြင်မက်သော် ရွာလူကြီးဖြစ်အံ့။

နွားကျောင်းရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

နွားရူးကိုက်သည်ဟု မြင်မက်မူ သူတစ်ပါး၏လိမ်ညာခြင်းခံရအံ့။

နိုင်ငံခြားသွားရသည်ဟု မြင်မက်သော် ပျော်ရွှင်ရအံ့။

နိုင်ငံခြားမှ ပြန်လာရသည်ဟုမက်သော် စိတ်သောကဖြစ်အံ့။

နိုင်ငံခြားသားများနှင့် စကားပြောရသည်ဟုမက်သော် အကြံအောင်အံ့။

နိုင်ငံခြားမှ လက်ဆောင်ရသည်ဟုမက်သော် ငွေကုန်ကျအံ့။

နိုင်ငံရေးလုပ်သည်ဟု မက်သော် မိတ်ဆွေပျက်အံ့။

နားကင်းကိုမြင်သော် ကြီးစွာသောလာဘ်ရအံ့။

နားတောင်းဝတ်ဆင်ရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

နားအပေါက်ဖောက်သည်ဟု မြင်မက်သော် စိတ်ချမ်းသာမှုနှင့်ကြုံရအံ့။

နားသမင်္ဂလာပြုလုပ်ရသည်ဟုမက်သော် ရိုသေလေးစားခြင်းခံရအံ့။

နားပြည်ယိုသည်ဟုမက်သော် စီးပွားဆုတ်ယုတ်အံ့။

နားအတွင်းသို့ မကောင်းသောရေများ ဝင်လာသည်ဟုမက် သော်လာဘ်ဝင်အံ့။

နားထွင်းရသည်ဟု မြင်မက်သော် ဥစ္စာပစ္စည်းရအံ့။

နားတောင်းပြုတ်ကျသည်ဟုမက်သော် စီးပွားရေးပျက်အံ့။

နားကိုက်သည်ဟု မြင်မက်သော် ပြစ်တင်ရှုတ်ချခြင်းခံရအံ့။

နားထဲတွင် အမွေးရှည်ကြီးပေါက်နေသည်ဟု မြင်မက်သော်အသက်ရှည်အံ့။

နံနံပင်စားရသည်ဟုမက်သော် ဘေးရန်ကင်းရှင်းအံ့။

နံနံပင်စိုက်ပျိုးရသည်ဟုမက်သော် စိတ်သောကရောက်အံ့။

နံပြားစားရသည်ဟုမြင်မက်သော် ငွေဝင်အံ့။

နှီးပြားကိုမြင်မက်သော် အကြံအောင်အံ့။

နှီးပြားစူးသည်ဟု မြင်မက်သော် ထီပေါက်အံ့။

နွယ်ပင်ကိုမြင်မက်သော် မိမိကိုမှီခိုမည့်သူ ပေါ်လာအံ့။

နွယ်ပင်ပေါ်သို့တက်ရသည်ဟု မြင်မက်သော် ခက်ခဲသောလုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်နိုင်အံ့။

နွယ်ပင်များ မိမိအိမ်ပေါ်သို့တက်နေသည်ဟု မြင်မက်သော် အကူအညီတောင်းခံမည့်သူ ပေါ်လာအံ့။

နွယ်ကြိုးပြတ်သည်ဟု မြင်မက်သော် ခက်ခဲသောလုပ်ငန်းများပျက်စီးဆုံးရှုံးတတ်အံ့။

နွယ်ပင်များ ရှုပ်ယှက်ရောထွေးနေသည်ဟုမက်သော် ပြဿနာပေါင်းစုံ ဖြေရှင်းရအံ့။

ပယင်းကိုမြင်မက်သော် ငွေကုန်ကျအံ့။

ပယင်းဝတ်ဆင်ရသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ပညာရှိကို မြင်မက်သော် ကျက်သရေတိုးအံ့။

ပခြုပ်ကို မြင်မက်သော် ပြဿနာပေါ်အံ့။ ချုပ်နှောင်ခြင်းခံရအံ့။

ပတ္တမြားကိုမြင်မက်သော် လာဘ်ကြီးဝင်အံ့။

ပတ္တလားတီးရသည်ဟု မြင်မက်သော် ကူညီမ,စမည့်သူပေါ်အံ့။

ပလ္လင်ကိုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

ပလ္လင်ပေါ်သို့ တက်ထိုင်နေသည်ဟု မြင်မက်သော် အထွတ်အထိပ်သို့ ရောက်အံ့။

ပိတုန်းကိုမြင်မက်မူ ချစ်ခင်သူပေါများအံ့။

ပိတုန်းတုပ်သည်ဟု မြင်မက်မူ ငွေကြေးဝင်အံ့။

ပိတောက်ပန်းကို မြင်မက်သော် ချစ်သူနှင့်တွေ့ရအံ့။

ပိတောက်ပင်အောက်တွင် ထိုင်နေသည်ဟုမက်သော် ချစ်သူနှင့်လက်ထပ်ရအံ့။

ပင်လယ်ကိုမြင်မက်မူ လာဘ်ရအံ့။

ပင်လယ်တွင် ကူးခတ်နေသည်ဟု မြင်မက်သော် ပင်ပန်းအံ့။

ပင်လယ်သမုဒ္ဒရာရေကို သောက်ရသည်ဟုမြင်မက်သော်ငွေကြေး အလုံးအရင်းနှင့် ဝင်လာအံ့။

ပင်လယ်ကူးသင်္ဘောကို မြင်မက်သော် အဆင့်အတန်းမြင့်စွာနေထိုင်ရအံ့။

ပင်လယ်ကူးသင်္ဘောနှင့် ခရီးသွားလာရသည်ဟု မြင်မက်သော်ရွှေငွေဝင်အံ့။

ပင်လယ်ပြင်ငြိမ်သက်နေသည်ဟု မြင်မက်သော် သာယာအေး ချမ်းမှုရှိအံ့။

ပင်လယ်တွင် ကြီးမားသော လှိုင်းလုံးကြီးများကို မြင်မက်သော်ပူဆွေးမှုနှင့် တွေ့ကြုံရအံ့။

ပင်လယ်တွင် ငါးဖမ်းရသည်ဟု မက်သော် စီးပွားရေး အဆင်ပြေဖြစ်အံ့။

ပင်စိမ်းရွက်ကို မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ပင်စိမ်းရွက်စားရသည်ဟုမက်သော် ကျန်းမာရေးကောင်းအံ့။

ပြသာဒ်ကို မြင်မက်သော် လုပ်ငန်းအောင်မြင်အံ့။

ပြသာဒ်ထက်တွင် နေရသည်ဟုမက်သော် ကောင်းစားအံ့။

ပြသာဒ်မီးလောင်နေသည်ဟု မြင်မက်သော် စီးပွားဆုတ်ယုတ်အံ့။

ပြသာဒ်ထက်တွင်နေလျက် စားရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ပြသာဒ်ထက်တွင်နေလျက် ဖျော်ရည်သောက်ရသည်ဟုမက်သော်စီးပွားတိုးအံ့။

ပြသာဒ်ပြိုကျ ပျက်စီးနေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ပြပွဲသို့ သွားရသည်ဟုမြင်မက်သော် လာဘ်ကြီးရအံ့။

ပြာလိမ်းကျံရသည်ဟု မြင်မက်သော် သေဘေးနှင့်တွေ့ ရအံ့။

ပြာကို လျက်စားရသည်ဟု မြင်မက်သော် ဆင်းရဲဒုက္ခရောက်အံ့။

ပြာပူလောင်သည်ဟု မြင်မက်သော် ပူဆွေးမှုနှင့် ကြုံရအံ့။

ပျားကိုမြင်မက်သော် လာဘ်ရအံ့။

ပျားရည်သောက်ရသည်ဟုမက်သော် လာဘ်ကြီးရအံ့။

ပျားများ မိမိနေအိမ်သို့ လာရောက်အုံဖွဲ့သည်ဟု မြင်မက်သော်ငွေများဝင်လာအံ့။

ပျားတုပ်သည်ဟု မြင်မက်သော် ရန်တွေ့ ရအံ့။

ပျားဖမ်းရသည်ဟုမက်သော် အကြံအစည်အောင်မြင်အံ့။

ပျားရည်လောင်းလှူရသည်ဟု မြင်မက်သော်ရာထူးကြီးရအံ့။

ပျားတောင်ပို့ကို မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ပျားသေသည်ကို မြင်မက်သော် စီးပွားပျက်အံ့။

ပျားမွေးထားသည်ဟုမက်သော် ထီပေါက်အံ့။

ပန်ကာကိုမြင်မက်သော် လိမ်လည်လှည့်ဖြားသူနှင့် တွေ့ရအံ့။

ပန်းကုံးစွပ်ခံရသည်ဟုမက်သော် မိမိအား စေ့စပ်မည့်သူ ပေါ်လာအံ့။

ပန်းအိုးကိုမြင်မက်သော် စီးပွားဖြစ်အံ့။

ပန်းကိုမက်သော် ရပ်ဝေးမှဆွေမျိုးများ လာရောက်အံ့။

ပန်းရသည်ဟုမက်သော် ဖျားနာအံ့။

ပန်းဖြူကိုမက်သော် ရပ်ရွာလူကြီးဖြစ်အံ့။

ပန်းနီကိုမက်သော် ကျန်းမာရေးညံ့အံ့။

ပန်းအိုးတွင် ရေပြည့်လျှံနေသည်ဟုမက်သော် လာဘ်ရအံ့။

ပန်းနက်ကိုမြင်မက်သော် ပူဆွေးမှုနှင့်ကြုံရအံ့။

ပန်းစည်းကို မြင်မက်သော် သောကရောက်အံ့။

ပန်းပန်ရသည်ဟု မြင်မက်သော် ချစ်ခင်သူတွေ့ အံ့။

ပန်းသီးစားရသည်ဟု မြင်မက်သော် အဆင့်အတန်းမြင့်စွာ

ပန်းကန်ပြားကို မြင်မက်သော် အေးချမ်းအံ့။

ပန်းကန်ကွဲသည်ကို မြင်မက်သော် အိမ်ထောင်ရေးအဆင်မပြေဖြစ်အံ့။

ပန်းကန်ပြားလက်ဆောင်ရသည်ဟု မြင်မက်သော် မင်္ဂလာသတင်း ကြားရအံ့။

ပန်းကန်ပြားပျံကို မြင်မက်သော် ရပ်ဝေးမှ သတင်းကောင်းကြားရအံ့။

ပန်းချုံနွယ်ကိုမြင်မက်သော် စိတ်သောကရောက်အံ့။

ပန်းခြံထဲတွင် ဆော့ကစားနေကြသည်ဟုမက်သော် မိတ်ဆွေပေါအံ့။

ပျဉ်ကို မြင်မက်သော် သူတစ်ပါးမကောင်းကြံအံ့။

ပျဉ်ပုံကြီးကိုမြင်မက်သော် ပျက်စီးဆုံးရှုံးအံ့။

ပျဉ်ထောင်အိမ်ကို မြင်မက်သော် ပျော်ရွှင်ရအံ့။

ပိုးစုန်းကြူးများကို မြင်မက်သော် ချစ်သူနှင့်တွေ့ရအံ့။

ပိုးဟပ်ကို မြင်မက်သော် စိတ်သောကရောက်အံ့။

ပိုးသားအဝတ်အထည်ကို မြင်မက်သော် အဆင့်အတန်းမြင့်စွာနေထိုင်ရအံ့။

ပိုးပုဆိုးဝတ်ရသည်ဟု မြင်မက်သော် မိန်းမကောင်းရအံ့။

ပိုးထဘီဝတ်ရသည်ဟု မြင်မက်သော် လင်ကောင်းရအံ့။

ပုလဲကိုမြင်မက်သော် ဝမ်းနည်းမှုနှင့် တွေ့ကြုံရအံ့။

ပုလဲလက်ဆောင်ရသည်ဟု မြင်မက်သော် လင်ကောင်းရအံ့။

ပုလင်းကိုမြင်မက်သော် အလုပ်အကိုင်အောင်မြင်အံ့။

ပုလင်းအကွဲကို မြင်မက်သော် မကောင်းသောသတင်း ကြားရအံ့။

ပုဏ္ဏားစကားပြောသည်ဟုမက်သော် ပြောဆိုတိုင်းဖြစ်အံ့။

ပုဏ္ဏားကိုမြင်မက်သော် ကြီးပွားတိုးတက်အံ့။

ပုဏ္ဏားနှင့် မိတ်ဆွေဖြစ်ရသည်ဟုမက်သော် အကြံဉာဏ်ကောင်းရအံ့။

ပုခက်စီးရသည်ဟုမက်သော် ကျန်းမာရေးညံ့အံ့။

ပုခက်ကြိုး ပြတ်ကျသည်ဟုမက်သော် သေကြေပျက်စီးအံ့။

ပုရွက်ဆိတ်ကိုမြင်မက်သော် သားသမီးများရအံ့။

ပုရွက်ဆိတ်ကိုက်သည်ဟုမြင်မက်သော် သားသမီးဖြစ်သူ ထိခိုက်အံ့။

ပုရွက်ဆိတ် မိမိနေအိမ်ပေါ်သို့တက်သည်ဟုမက်မူ ငွေဝင်လာအံ့။

ပုတီးကို မြင်မက်မူ သမာဓိအားကောင်းအံ့။

ပုတီးစိပ်ရသည်ဟု မြင်မက်မူ ကံကောင်းအံ့။

ပုတီးလက်ဆောင်ရသည်ဟု မြင်မက်မူ ဘာသာရေး ပိုမိုလုပ်ဆောင်ရအံ့။

ပုဆိုးဖြူဝတ်ဆင်ရသည်ဟု မြင်မက်မူ ရာထူးအဆင့်အတန်းတိုးအံ့။

ပုဆိုးအသစ်ဝတ်ရသည်ဟု မြင်မက်မူ အလုပ်အကိုင်ရရှိအံ့။

ပုဆိုးအစုတ်များ ဖာထေးပြီးဝတ်ရသည်ဟု မြင်မက်သော်

ပုဆိုးအနက်ဝတ်ရသည်ဟု မြင်မက်သော် ဘေးဒုက္ခနှင့် ကြုံရအံ့။

ပုဆိန်ကို မြင်မက်သော် အသေဆိုးနှင့်ကြုံရအံ့။

ပုစွန်စားရသည်ဟု မြင်မက်သော် လာဘ်ကြီးရအံ့။

ပုစွန်ဖမ်းရသည်ဟု မြင်မက်သော် အလုပ်အကိုင်ပေါ်လာအံ့။

ပွဲကြည့်ရှုရသည်ဟု မြင်မက်သော် စိတ်သောကရောက်အံ့။

ပွဲခံသည်ဟု မြင်မက်သော် သေကြေပျက်စီးအံ့။

ပွဲစားများနှင့် စကားပြောဆိုရသည်ဟု မြင်မက်သော် ပြဿနာပေါ်အံ့။

ပွေးပေါက်သည်ဟုမက်သော် ကျော်စောထင်ရှားအံ့။

ပွေးကိုမြင်မက်သော် စီးပွားတိုးတက်အံ့။

ပိုက်ကွန်ရသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ပိုက်ကွန်ဖြင့် ငါးဖမ်းရသည်ဟုမက်သော် လာဘ်ကြီးဝင်လာအံ့။

ပိုက်ပွန်ပေါက်ပြဲနေသည်ဟု မြင်မက်သော် ငွေထွက်ကိန်း ကြုံလာအံ့။

ပိုက်ကွန်ဖာရသည်ဟု မြင်မက်သော် ချေးငှားထားသောငွေများမကြာမီ ပြန်ရအံ့။

ပိုက်ကွန်ပျောက်ဆုံးသွားသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ပိုက်လုံးကိုမြင်မက်သော် လုပ်ငန်းအောင်မြင်အံ့။

ပေါင်မုန့်စားရသည်ဟု မြင်မက်သော် စီးပွားရေးအဆင်မပြေဖြစ်အံ့။

ပေါင်နှံထားရသည်ဟု မြင်မက်သော် စီးပွားရေးအဆင်ပြေအံ့။

ပေါင်နှံထားသောပစ္စည်းများ ဆုံးရှုံးသွားရသည်ဟု မြင်မက်သော် ရွှေငွေဝင်လာအံ့။

ပေါင်းအိုးကို မြင်မက်သော် စားကောင်းသောက်ဖွယ်များ စားရအံ့။

ပေါင်းကူးတံတားကို မြင်မက်မူ မိတ်ဆွေကောင်းများနှင့် တွေ့ရအံ့။

ပေါက်တူးကိုမြင်မက်မူ ပင်ပန်းအံ့။

ပေါက်တူးအရိုးထွက်သွားသည်ဟု မြင်မက်သော် အကြံအစည်ပျက်အံ့။

ပေါက်တူးပျောက်သွားသည်ဟု မြင်မက်သော် အကြံအောင်အံ့။

ပေါက်ပေါက်ဆုပ်ကို မြင်မက်သော် ကလေးငယ်များ ပျော်ရွှင်ရအံ့။

ပုံဆွဲသူကို မြင်မက်သော် အကြံကောင်းရအံ့ ။

ပုံနှိပ်ထားသော စာလုံးများကို မြင်မက်သော် အကြံအောင်အံ့။

ပုံးထဲတွင် ရေများပြည့်နေသည်ဟု မြင်မက်သော် ဆန်ရေစပါးပေါများအံ့။

ပုံးထဲတွင် မြွေဝင်နေသည်ဟု မြင်မက်သော် ငွေများ အစုလိုက်အပုံလိုက် ဝင်လာအံ့။

ပုံးပေါက်နေသည်ကို မြင်မက်သော် စီးပွားရေးကျဆင်းအံ့။

ပုံးများ အထပ်လိုက်ဆင့်ထားသည်ဟု မြင်မက်သော် ငွေ မကြာခဏဝင်အံ့။

ပုန်းအောင်းနေသည်ကိုမြင်မက်သော် ဘေးအန္တရာယ်ကင်းရှင်းအံ့။

ပုန်းအောင်းနေရာမှ ပြန်လည်၍တွေ့ ရှိသည်ဟု မြင်မက်သော်ပြဿနာများ ပြေလည်အံ့။

ပုန်းရည်ကြီးကိုမြင်သော် စိတ်သောကရောက်အံ့။

ပုန်းရည်ကြီးစားရသည်ဟုမက်သော် စိတ်သောကရောက်အံ့။

ပုန်းအောင်းတမ်းကစားသည်ဟုမက်သော် မိတ်ဆွေတိုးအံ့။

ပုန်းအောင်းနေရာမှ ထွက်တွေ့ ရသည်ဟု မြင်မက်သော် မိတ်ပျက်အံ့။

ပုတ်သင်ညိုကို မြင်မက်သော် လာဘ်တိတ်အံ့။

ပုတ်သင်ညိုကို သတ်မိသည်ဟု အိပ်မက်သော် လေးစားကြည်ညိုခြင်းခံရအံ့။

ပုပ်ပွနေသောအသားကို စားရသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ပုပ်ပွနေသောလူကို မြင်မက်သော် ရွှေငွေဝင်လာအံ့။

ပုပ်ပွနေသောလူ ရေတွင်မျောပါနေသည်ဟု မြင်မက်သော်စီးပွားရေးကျဆင်းအံ့။

ပဲပင်ကိုမြင်မက်သော် အကြံအောင်အံ့။

ပဲသီးကို မြင်မက်သော် သားသမီးပေါများအံ့။

ပဲသီးစားရသည်ဟု မြင်မက်သော် သားသမီးဖြစ်သူ အလုပ်လိုင်အဆင်ပြေအံ့။

ပဲစေ့ကို မြင်မက်သော် ကျန်းမာရေးအလွန်ညံ့ဖျင်းအံ့။

ပဲ(မြေပဲ) စားရသည်ဟု မြင်မက်သော် အစားအသောက်ပေါအံ့။

ပဲပင်ပေါက်ကို မြင်မက်သော် အလုပ်ရှုပ်အံ့။

ပင့်ကူကိုမြင်မက်သော် တွယ်တာအံ့။

ပင့်ကူမျှင်များ နေအိမ်တွင် လာရောက်ဖွဲ့နေသည်ဟု မြင်မက်သော် ရပ်ဝေးမှဆွေမျိုးများ ရောက်လာအံ့။

ပင့်ကူသေနေသည်ဟုမက်သော် ဆွေမျိုးများနှင့် သံယောဇဉ်ပြတ်အံ့။

ပင့်ကူ အလွန်ကြီးစွာတွေ့ ရသည်ဟု မြင်မက်သော် မှီခိုအားထားမည့်သူ ပေါများအံ့။

ပင့်ကူလိုက်သည်ဟု မြင်မက်မူ ဘေးတွေ့အံ့။

ပင့်ကူပိုးကောင်လေးများကို ဖမ်းထားသည်ဟု မြင်မက်သော်အလုပ်အကိုင်အောင်မြင်အံ့။

ပြောင်လှောင်ခြင်းခံရသည်ဟု မြင်မက်သော် အထင်ကြီးခံရအံ့။

ပြောင်လှောင်သည်ဟုမက်သော် အကူအညီပေးအံ့။

ပြောင်ချောသောအခင်းကို မြင်မက်သော် မင်္ဂလာရှိအံ့။

ပြောင်ချောသောနေရာတွင် ထိုင်နေရသည်ဟု မြင်မက်သော် အဆင့်အတန်းမြင့်စွာ နေထိုင်ရအံ့။

ပြောင်ချောသောအခင်းပေါ်တွင် အိပ်ရသည်ဟု မြင်မက်သော် အပူဇော်ခံရအံ့။

ပြောင်လှောင်ကြည်စား၍ ရန်ဖြစ်ရသည်ဟု မက်သော် အကူအညီရပြီးမှ ပြဿနာပေါ်လာအံ့။

ပြုံးပြသည်ကို မြင်မက်သော် စိတ်ချမ်းသာရအံ့။

ပြုံးပြီးမှ ပြန်၍ မဲ့ပြသည်ဟုမက်သော် စိတ်ချမ်းသာပြီးမှ ပြန်၍ စိတ်ဆင်းရဲရအံ့။

ပျို့အန်သည်ဟုမက်သော် ကူညီမ,စမည့်သူ ပေါ်လာအံ့။

ပျို့လင်္ကာရေးရသည်ဟု မြင်မက်သော် လက်ဆောင်ပစ္စည်းများရရှိအံ့။

ပွတ်လုံးကိုမြင်မက်သော် စိတ်ဆင်းရဲရအံ့။

ပွတ်သဘင်ပွဲသို့ ဝင်ကရသည်ဟု မြင်မက်သော် ချစ်သူနှင့်တွေ့ရအံ့။

ပွတ်သဘင်ကို မြင်မက်သော် ငွေကြေးဝင်အံ့။

ပွတ်တိုက်ပေးရသည်ဟုမက်သော် ဆင်းရဲအံ့။

ပွတ်တိုက်မိသည်ဟု မြင်မက်သော် ဘေးအန္တရာယ်နှင့် တွေ့ကြုံရအံ့။

ပြေစာရွက်ကို လက်ခံရရှိသည်ဟုမက်သော် ငွေထွက်အံ့။

ပက်လက်ကုလားထိုင်ကို မြင်မက်သော် စိတ်ချမ်းသာမှုနှင့်ကြုံရအံ့။

ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေရသည်ဟု မြင်မက် သော်အကြံအစည်အောင်အံ့။

ပက်လက်ကုလားထိုင် ကျိုးသွားသည်ဟု မြင်မက်သော် အကြံပျက်အံ့။

ပြည့်တန်ဆာကို မြင်မက်သော် လာဘ်ဝင်အံ့။

ပြည့်တန်ဆာနှင့် ပျော်ပါးသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ပြည်ထောင်စုအလံတော်ကို မြင်မက်သော် စိတ်ချမ်းသာရအံ့။

ပျိုမျစ်ငယ်ရွယ်သော မိန်းကလေးကို မြင်မက်သော် ဘေးရောက်အံ့။

ပိုးထည်များဝတ်ရသည်ဟု မြင်မက်သော် ကံကောင်းအံ့။

ပိုးလုံချည်ဝတ်ရသည်ဟု မြင်မက်သော် အလုပ်အကိုင် ကောင်းအံ့။

ပိုးဖလံများကို မြင်မက်သော် ပျက်စီးဆုံးရှုံးအံ့။

ပိုးမွှားကိုက်ခံရသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ပတ်တီးကိုမြင်မက်သော် ဘေးအန္တရာယ်နှင့် တွေ့ ရအံ့။

ဖယောင်းတိုင်ကို မြင်မက်သော် အကြံပေါ်အံ့။

ဖယောင်းတိုင် မီးတောက်နေသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ဖယောင်းတိုင်မီးငြိမ်းနေသည်ဟု မြင်မက်သော် အကြံပျက်အံ့။

ဖရဲသီးစားရသည်ဟု မြင်မက်သော် ငွေကြေးဝင်အံ့။

ဖရဲသီး စိုက်ပျိုးရသည်ဟု မြင်မက်သော် ပြဿနာပေါ်အံ့။

ဖရဲသီးကိုမြင်မက်သော် လူချစ်လူခင်ပေါများအံ့။

ဖဲကစားရသည်ဟု အိပ်မက်သော် ရန်များအံ့။

ဖဲကြိုးကိုမြင်မက်သော် အတားအဆီးနှင့် ကြုံရအံ့။ လုပ်ငန်းနှောင့်နှေးအံ့။

ဖဲကြိုးဖြတ်ရသည်ဟု မြင်မက်သော် လုပ်ငန်းအသစ် ပေါ်ပေါက်အံ့။

ဖျားနာသည်ဟု အိပ်မက်သော် ကောင်း၏။

ဖြားယောင်းသွေးဆောင်ခံရသည်ဟု မြင်မက်သော် ဘေးဒုက္ခတွေ့အံ့။

ဖိနပ်စီးရသည်ဟု မြင်မက်သော် ဖျားနာအံ့။

ဖိနပ်လက်ဆောင်ရသည်ဟု မြင်မက်သော် စီးပွားကျဆင်းအံ့။

ဖိနပ်သဲကြိုးပြတ်နေသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

ဖိနပ်ပျောက်သည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

ဖိနပ်ချုပ်ရသည်ဟု မြင်မက်သော် နိမ့်ကျစွာ နေရအံ့။

ဖိနပ်အနီရောင်ကို မြင်မက်သော် ငွေဝင်အံ့။

ဖိနပ်အပြာရောင်ကို မြင်မက်သော် အမှုဖြစ်အံ့။

ဖိနပ်အနက်ရောင်ကို မြင်မက်သော် ပူဆွေးမှုနှင့်ကြုံရအံ့။

ဖွဲကိုမြင်မက်သော် ဆင်းရဲအံ့။

ဖွဲဂိုဒေါင်ကြီးကို မြင်မက်သော် အမှုပွေအံ့။

ဖွဲစားရသည်ဟု မြင်မက်သော် စီးပွားကျအံ့။

ဖွဲမီးတငွေ့ငွေ့ လောင်နေသည်ဟု မြင်မက်သော် အပူတွေ့အံ့။

ဖွဲရောင်းဝယ်ရသည်ဟု မြင်မက်သော် အကျပ်အတည်းနှင့် ရင်ဆိုင်ရအံ့။

ဖားကိုမြင်မက်သော် အကြံအောင်အံ့။

ဖားသားစားရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ဖားအော်သံကြားရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ဖား နေအိမ်ပေါ်သို့တက်သည်ဟု မြင်မက်သော် ငွေဝင်အံ့။

ဖားသေကို မြင်မက်သော် အကြံပျက်အံ့။

ဖားအများအပြား တွေ့ ရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ဖြူစင်သောအဝတ်ကို ဝတ်၍ ဖြူသောပန်းကို ပန်ထားရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဖြူလွန်းသော အသားအရောင်ရှိသည်ဟု မြင်မက်သော် ကျန်းမာရေး အလွန်ညံ့အံ့။

ဖြူကောင်ကိုမက်သော် လာဘ်ကြီးဝင်အံ့။

ဖြူသားစားရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

ဖန်ခွက်ကိုမြင်မက်သော် မိတ်ဆွေတိုးအံ့ ။

ဖန်ခွက်ထဲ အရက်ထည့်သောက်ရသည်ဟုမက်သော် ပြဿနာပေါ်အံ့။

ဖန်သားပြင်ကိုမြင်မက်သော် အေးချမ်းသာယာမှုရှိအံ့။

ဖန်ခွက်ကျကွဲသည်ဟု မြင်မက်သော် ရန်များအံ့။

ဖန်ရည်စွန်းဝတ်ရသည်ဟုမက်သော် ဘေးဒုက္ခရောက်အံ့။

ဖန်ဂေါ်လီလုံးကစားရသည်ဟု မြင်မက်သော် စိတ်သောကများအံ့။

ဖျာရောင်းရသည်ဟု မက်သော် ငွေဝင်လာအံ့။

ဖျာလိပ်ကိုမြင်မက်သော် လာဘ်ကြီးရအံ့။

ဖျာလိပ်ပေါက်ပြဲနေသည်ဟု မက်သော် စီးပွားကျအံ့။

ဖျာပေါ်တွင် ကြွက်တက်နေသည်ဟု မက်သော် ထီပေါက်အံ့။

ဖျာပေါ်တွင် မြွေတက်နေသည်ဟု မက်သော် ထီပေါက်အံ့။

ဖျာပေါ်တွင် လိပ်တက်နေသည်ဟု မက်သော် စီးပွားပျက်အံ့။

ဖွတ်ဥစားရသည်ဟု မြင်မက်သော် ချမ်းသာရအံ့။

ဖွတ် နေအိမ်ပေါ်သို့တက်သည်ဟုမက်သော် စီးပွားပျက်အံ့။

ဖွတ်သားစားရသည်ဟုမက်သော် စီးပွားဖြစ်အံ့။

ဖျံကို မြင်မက်သော် ကောင်းစားအံ့။

ဖျံကိုရသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ဖျံသိုကိုမက်သော် အပေါင်းအသင်းများ ပျက်စီးအံ့။

ပျံသားစားရသည်ဟုမက်သော် ကျန်းမာရေးညံ့ဖျင်းအံ့ ။

ဖျံကို သိုလှောင်ထားရသည်ဟုမက်သော် အရောင်းအဝယ် ဖြစ်ထွန်းအံ့။

ဖိုင်တွဲများကိုမြင်မက်သော် အလုပ်အကိုင်အဆင်ပြေအံ့။

ဖြုတ်ကိုက်ခံရသည်ဟုမက်သော် ငွေဝင်အံ့။ လောင်းကစားပြုလုပ်သော် အနိုင်ရအံ့။

ဖားကိုမြင်မက်သော် ဆန်ရေစပါးပေါများအံ့။

ဖားအော်သံကြားရသည်ဟုမြင်မက်သော် စီးပွားဖြစ်အံ့။

ဖားပြုတ်ကို မြင်မက်သော် ရန်များအံ့။

ဖားသားဟင်း ချက်စားရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

ဖားရိုက်ထွက်ရသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ဖားခုန်သည်ဟု မြင်မက်သော် ခက်ခဲသောလုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ရအံ့။

ဖားပျံကို မြင်မက်သော် လုပ်ငန်းတိုးချဲ့ရအံ့။

ဖား နေအိမ်ပေါ်သို့တက်သည်ကို မြင်မက်သော် ငွေဝင်အံ့။

ဖေးမကူညီခြင်းခံရသည်ဟု မြင်မက်သော် ရှုပ်ထွေးသောကိစ္စများ ပါဝင်အံ့။

ဖာထေးနေသည်ဟု မြင်မက်သော် ပြောဆိုဝေဖန်ခြင်းခံရအံ့။

ဖာ (ထန်းခေါက်ဖာ) ကို မြင်မက်သော် ငွေဝင်လာအံ့။

ဖောရောင်နေသောသူကို မြင်မက်သော် စိတ်ငြိုငြင်အံ့။

ဖောင်စီးရသည်ဟု မြင်မက်သော် ဘေးဒုက္ခမှ လွတ်မြောက်အံ့။

ဖောင်တိန်ကိုမြင်မက်သော် စာပေထူးချွန်အံ့။

ဖောင်တိန်မှ မင်များ ယိုကျနေသည်ဟုမက်သော် အခက်အခဲများနှင့် တွေ့ကြုံရအံ့။

ဗိဿနိုးနတ်ကို မြင်မက်သော် မိတ်ဆွေသစ်တိုးအံ့။

ဗန်း (လင်ပန်း) ကို မြင်မက်သော် စီးပွားဖြစ်အံ့။

ဗန်း (လင်ပန်း) ကျကွဲသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

ဗန်း (လင်ပန်း) ပေါ်တွင် စားသောက်ဖွယ်ရာများ တင်ထားသည်ဟု မက်သော် စီးပွားတိုးအံ့။ မိတ်ဆွေပေါအံ့။

ဗိုက်နာသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဗိုက်ထဲတွင် သန်ကောင်များရှိနေသည်ဟုမက်သော် ထီပေါက်အံ့။

ဘယဆေးရောင်းရသည်ဟု မြင်မက်သော် သောကဖြစ်အံ့။

ဘယက်လက်ဆောင်ရသည်ဟု မြင်မက်သော် ကောင်းသော ထူးခြားမှုဖြစ်ပေါ်လာအံ့။

ဘယက်ကောက်ရသည်ဟု မြင်မက်သော် ကောင်းသတင်း ကြားရအံ့။

ဘုရားရုပ်ပွားတော် စေတီပုထိုးများကိုမြင်မက်သော် ကောင်းစားအံ့။

ဘုရားစေတီပုထိုး ရှိခိုးရသည်ဟု မြင်မက်သော် ချမ်းသာအံ့။

ဘုရားရုပ်ပွားတော်များ ကြွသွားသည်ဟုမြင်မက်သော် စီးပွားကျက်သရေတိုးအံ့။

ဘုရားပင့်ရသည်ဟု မြင်မက်သော် ကျက်သရေတိုးအံ့။

ဘုရားရုပ်ပွားတော် မိမိ၏ဦးခေါင်းထက်၌ တည်ရှိနေသည်ဟုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဘုရားတည်သည်ဟု မြင်မက်သော် ကောင်းစားအံ့။

ဘုရားရှိခိုးသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ဘုရားရုပ်ပွားတော် တရားဟောသည်ဟု မြင်မက်သော် ကျော်စောထင်ရှားအံ့။

ဘုရားဓာတ်တော် ပူဇော်ရသည်ဟုမက်သော် စီးပွားတိုးအံ့။

ဘုရားပျက်ကိုမက်သော် အကြီးအကဲဖြစ်သူ ပျက်စီးအံ့။

ဘုရားရုပ်ပွားတော်ကို ဖက်ထားရသည်ဟု မြင်မက်သော် ချမ်းသာအံ့။

ဘုရားရှင်ကို ကိုယ်တိုင်ဖူးမြော်မြင်တွေ့ ရသည်ဟု မြင်မက်သော် သာသနာပြုရအံ့။

ဘိလိယက်ထိုးရသည်ဟုမြင်မက်သော် ငွေကုန်ကြေးကျများအံ့။

ဘိလပ်မြေအိတ်များကို မြင်မက်သော် ငွေဝင်အံ့။

ဘိလပ်ရည်သောက်ရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ဘီးတပ်ထားသောကုလားထိုင်ကို မြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဘီးလှိမ့်တွန်းလာသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဘီးလှိမ့်ကစားနေသည်ဟု မြင်မက်သော် စိတ်သောကရောက်အံ့။

ဘုန်းကြီးကိုမြင်မက်သော် ကုသိုလ်ကံကောင်းအံ့။

ဘုန်းကြီး နေအိမ်သို့ကြွလာသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ဘုန်းကြီးဆွမ်းစားသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

ဘုန်းကြီးပျံကို မြင်မက်သော် လာဘ်ရအံ့။

ဘုန်းကြီးကျောင်း ဆောက်လုပ်လှူဒါန်းရသည်ဟုမက်သော် သာသနာပြုရအံ့။

ဘုန်းကြီးကို သင်္ကန်းကပ်လှူရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

ဘုန်းကြီးကို ကောင်းကင်၌ကြွလာသည်ဟု မြင်မက်သော်အထွတ်အထိပ်သို့ ရောက်အံ့။

ဘဲသားကို ချက်စားရသည်ဟု မြင်မက်သော် ဥစ္စာပစ္စည်း ဝင်အံ့။

ဘဲကင်ကိုစားရသည်ဟုမက်သော် မိတ်ဆွေပေါများအံ့။

ဘဲမွေးထားသည်ဟု မြင်မက်သော် ပစ္စည်းတိုးပွားအံ့။

ဘဲ ရေကန်ထဲတွင် မြင်မက်သော် စီးပွားရေးကောင်းအံ့။

ဘဲသေကိုမြင်မက်သော် စီးပွားပျက်အံ့။

ဘဲဥကိုမြင်မက်သော် စီးပွားတိုးအံ့။

ဘဲဥစားရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ဘဲဥမှ သားပေါက်လေးများ ထွက်ပေါ်လာသည်ဟု မြင်မက်သော် ထီပေါက်အံ့။

ဘူတာရုံကိုမြင်မက်သော် ခရီးဝေးသွားရအံ့။

ဘူတာရုံတွင် လူများစုဝေးနေကြသည်ဟု မြင်မက်သော် စိတ်သောကရောက်အံ့။

ဘူတာရုံ ပျက်စီးနေသည်ဟု မြင်မက်သော် အကြံပျက်အံ့။

ဘူတာရုံ မီးလောင်နေသည်ဟု မြင်မက်သော် ပြဿနာပေါ်အံ့။

ဘူးသီးကိုမြင်သော် အခြေအနေကောင်းအံ့။

ဘူးစင်ကိုမြင်သော် အေးချမ်းအံ့။

ဘူးသီးစားရသည်ဟု မြင်မက်သော် ကျန်းမာရေးကောင်းအံ့။

ဘူးသီးရောင်းရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

ဘူးစင်အောက်တွင် ထိုင်နေသည်ဟု မြင်မက်သော် ပြဿနာများ အဆင်ပြေအံ့။

ဘွတ်ဖိနပ်ကို မြင်မက်သော် ကောင်းစားအံ့။

ဘွတ်ဖိနပ် အသစ်စီးရသည်ဟုမြင်မက်သော် ငွေကြေးအဆင်ပြေအံ့။

ဘွတ်ဖိနပ်အဟောင်းစီးရသည်ဟု မြင်မက်သော် စီးပွားရေးအဆင်မပြေဖြစ်အံ့။

ဘွတ်ဖိနပ်ကို လက်ဆောင်ပေးရသည်ဟု မြင်မက်သော်ကုန်ကြေးကျများအံ့။

ဘိုင်စကယ်ကို မြင်မက်သော် ပျော်ရွှင်ရအံ့။

ဘိုင်စကယ်အသစ်ဝယ်ရသည်ဟု မြင်မက်သော် ခရီးဝေးသွားရအံ့။

ဘိုင်စကယ် အခိုးခံရသည်ဟု မြင်မက်သော် အလုပ်အကိုင်နှောင့်နှေးအံ့။

မင်္ဂလာဖိတ်စာရသည်ဟု မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

မင်္ဂလာဆောင်ရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

မစင်ကို မြင်မက်သော် လာဘ်ရအံ့။

မစင်စားသည်ဟု မြင်မက်သော် ထီပေါက်အံ့။ ကံကောင်းအံ့။

မစင်ကို လက်နှင့်ကိုင်ရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

မစင်စွန့်ရသည်ဟုမက်သော် စီးပွားရေးကျဆင်းအံ့။

မစင်တွင်းထဲသို့ကျသည်ဟု မြင်မက်သော် ထီပေါက်အံ့။

မစင်များ နေအိမ်ပေါ်တွင် ပေကျံနေသည်ဟုမက်သော် အိုးသစ်အိမ်သစ်ဝင်လာအံ့။

မကောင်းသောရေများ သွန်းလောင်းလာသည်ဟု မြင်မက်သော်သေကြေပျက်စီးအံ့။

မသာကို မြင်မက်သော် လာဘ်ရအံ့။

မသာလိုက်ပို့ရသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

မိကျောင်းကို မြင်မက်သော် ဘေးဒုက္ခရောက်အံ့။

မိကျောင်းစီးရသည်ဟု မြင်မက်သော် အောင်မြင်အံ့။

မိကျောင်းအရေခွံ မိမိနေအိမ်၌ ဆွဲထားသည်ဟု မြင်မက်မူလာဘ်ကြီးဝင်အံ့။

မိကျောင်းသားစားရသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

မိကျောင်းစွယ် ရင်ခွင်ပိုက်ထားသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

မိကျောင်း မိမိနေအိမ်ပေါ်သို့တက်သည်ဟု မြင်မက်သော်ပြဿနာပေါ်အံ့။

မိကျောင်းသေနေသည်ဟု မြင်မက်သော် ရန်အောင်အံ့။

မိမိရူးသွပ်နေသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

မိမိအူကို ထုတ်ရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

မိဘထံမှ အမွေရသည်ဟုမက်သော် စီးပွားဖြစ်အံ့။

မိဘဖြစ်သူကို မြင်မက်သော် လာဘ်ဝင်အံ့။

မိဘများကို ပြုစုရသည်ဟုမက်သော် ကုသိုလ်ကံကောင်းအံ့။

မိဘဆရာသမားများကိုမက်သော် ငွေဝင်လာအံ့။

မိဘဖြစ်သူ သေဆုံးရသည်ဟုမက်သော် စီးပွားပျက်အံ့။

မိဘထံမှ အမွေရသည်ဟုမက်သော် ငွေအစုလိုက်အပြုံလိုက်ဝင်လာအံ့။

မိသားစုနှင့်အတူတကွ နေထိုင်ရသည်ဟုမက်သော် အဆင်မပြေဖြစ်အံ့။

မိသားစုနှင့် ကွဲကွာနေရသည်ဟုမက်သော် အေးချမ်းရအံ့။

မိသားစုများနှင့် အပျော်ခရီးထွက်ရသည်ဟုမက်သော် စိတ်ဆင်းရဲရအံ့။

မိဘမဲ့ကလေးများကို မြင်မက်သော် ကူညီမ,စမည့်သူပေါ်အံ။

မိဘမဲ့ကလေးများကို ထောက်ပံ့ပေးကမ်းရသည်ဟု မက်သော်ရွှေငွေဝင်အံ့။

မိဘမဲ့ကလေးများကို မွေးစားရသည်ဟု မြင်မက်သော် စိတ်သောကဖြစ်အံ့။

မိဘမဲ့ကျောင်း ဆောက်လုပ်လှူဒါန်းရသည်ဟုမက်သော် အိုးသစ်အိမ်သစ်ဝင်လာအံ့။

မီးပုံကိုမြင်မက်သော် အပူတွေ့အံ့။

မီးနှင့်ကစားနေသည်ဟုမြင်မက်သော် ပြဿနာပေါ်အံ့။

မီးခိုးကိုမြင်မက်သော် စိတ်သောကရောက်အံ့။

မီးမှုတ်သည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

မီးကိုရသည်ဟု မြင်မက်သော် စည်းစိမ်ကုန်ဆုံးအံ့။

မီးရှို့ရသည်ဟုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

မီးဒုတ်ရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

မီးလောင်သည်ဟု မြင်မက်သော် စီးပွားရေးကျဆင်းအံ့။

မီးပုံးပျံကို မြင်မက်သော် အကြံအောင်အံ့။

မီးပုံးပျံစီးရသည်ဟုမက်သော် ခရီးဝေးသွားရအံ့။

မီးပုံးပျံ ပျက်ကျသည်ဟုမြင်မက်သော် အကြံပျက်အံ့ ။

မီးသွေးကိုမြင်မက်သော် အကြံနှောင့်နှေးအံ့။

မီးဖိုမှ အခိုးအလျှံများ အပေါ်သို့တက်လာသည်ဟုမက်သော် စိတ်သောကရောက်အံ့။

မီးဖိုကိုမြင်မက်သော် စားကောင်းသောက်ဖွယ်များ စားရအံ့။

သည် မီးဖိုဆောင်ကိုမြင်မက်သော် ငွေကုန်ကြေးကျများအံ့။

မီးရှူးမီးပန်းကိုမြင်မက်သော် စီးပွားပျက်အံ့။

မီးတောင်ကိုမြင်မက်သော် ရန်များအံ့။

သမီးတောင်ပေါက်ကွဲသည်ဟု မြင်မက်သော် အကြံအောင်အံ့။

မီးနင်းရသည်ဟုမက်သော် အကြံအောင်အံ့။

မီးလုံး မီးချောင်းများကိုမြင်မက်သော် အကြံကောင်းပေါ်လာအံ့။

မီးပျက်နေသည်ဟုမက်သော် အကြံပျက်အံ့။

မင်းကိုမြင်သော် ကောင်းစားအံ့။

မင်း နေအိမ်သို့လာရောက်သည်ဟုမက်သော် အကူအညီရအံ့။

မင်းတုံးတံခါးကိုမြင်မက်သော် အကြံအောင်အံ့။

မင်းစေကိုမြင်မက်သော် လုပ်ငန်းအဆင်ပြေအံ့။

မြူခိုးများ ကောင်းကင်တွင်တွေ့ ရသည်ဟုမက်သော် စီးပွားပျက်အံ့။

မြူတိမ်ကင်းသော ကောင်းကင်ကိုမြင်မက်သော် ကြီးပွားတိုးတက်အံ့။

မြစ်ရေကိုသောက်သော် သူတစ်ပါးထက် ကျော်စောအံ့။

မြစ်ကို ကူးရသည်မက်သော် ထင်ရှားကျော်စောအံ့။

မြစ်ရေကိုသောက်သည်ဟု မက်သော် စာပေပညာထွန်းပေါက်အံ့။

မြစ်ရေချိုးသည်ဟုမက်သော် ကျော်စောထင်ရှားအံ့။

မြစ်ရေခန်းခြောက်သည်ဟုမက်သော် အကြံအစည်ပျက်စီးအံ့။

မြစ်အတွင်း မြွေကူးလာသည်ဟု မြင်မက်သော် ထီပေါက်အံ့။

မြစ်အတွင်း မိကျောင်းကိုမြင်မက်သော် ဘေးဒုက္ခဖြစ်အံ့။

မြစ်ပေါ်တွင် တံတားတည်ဆောက်ထားသည်ကိုမြင်မက်သော် ကူညီမ,စမည့်သူ ပေါ်လာအံ့။ အောင်မြင်အံ့။

မျှော်စင်ကို အိပ်မက်သော် အသက်ရှည်အံ့။

မျှော်စင်ပေါ်သို့တက်ရသည်ဟုမက်သော် အဆင့်အတန်းမြင့်စွာနေထိုင်ရအံ့။

မျှော်စင်ပေါ်မှ ခုန်ချသည်ဟုမက်သော် ဒုက္ခရောက်အံ့။

မှိုပေါက်သည်ကိုမြင်မက်သော် လာဘ်ကြီးဝင်အံ့။

မှိုတောင်ပို့ပေါ်တွင်ပေါက်နေသည်ဟုမြင်မက်သော် ငွေကြေးအလုံးအရင်းနှင့် ဝင်လာအံ့။

မှိုချက်စားရသည်ဟုမြင်မက်သော် လာဘ်ရအံ့။

မှို မိမိအိမ်တွင်ပေါက်သည်ဟု မြင်မက်သော် ထီပေါက်အံ့။

မှို မိမိဆိုင်ပေါ်တွင်ပေါက်နေသည်ဟု မြင်မက်သော် အရောင်းအဝယ်ကောင်းအံ့။

မှိုစား၍ အဆိပ်အတောက်ဖြစ်ရသည်ဟု မက်သော် ပတ်ဝန်းကျင်နှင့် ပြဿနာပေါ်အံ့။

မြားလေးကိုမြင်မက်သော် သောကဖြစ်အံ့။

မြားနှင့် ပစ်ခံရသည်ဟုမက်သော် ဘေးတွေ့ရအံ့။

မြားနှင့်ပစ်လိုက်သည်ဟုမက်သော် ပြဿနာပေါ်လာအံ့။

မြင့်စွာတက်ရသည်ဟုမက်သော် သူတကာထက် မြင့်မြတ်စွာနေထိုင်ရအံ့။

မြင့်ရာမှ အောက်သို့လိမ့်ကျသည်ဟု မြင်မက်သော် အလွန် ညံ့အံ့။

မြင့်သောနေရာတွင် အိမ်ဆောက်နေထိုင်ရသည်ဟုမြင်မက် သော်အိုးသစ်အိမ်သစ်နှင့်နေရအံ့။

မြင့်သောနေရာတွင် မြွေတက်သည်ဟုမြင်မက်သော် ထီပေါက်အံ့။

မြင့်သောနေရာတွင် ဖွတ်တက်သည်ဟုမြင်မက်သော် စည်းစိမ်ကုန်ဆုံးပျက်စီးအံ့။

မြင့်သောနေရာတွင် ခွေးတက်သည်ဟုမြင်မက်သော် အိမ်ရာပြောင်းရွှေ့ရအံ့။

မြင့်သောနေရာတွင် မိဘများထိုင်နေသည်ဟု မြင်မက်သော်လူကြီးများ၏ ကြည့်ရှုခြင်းကို ခံရအံ့။

မြွေကိုမြင်မက်သော် ရန်ပျောက်အံ့။

မြွေပေါက်သည်ကိုမြင်မက်သော် ထီပေါက်အံ့။

မြွေစီးရသည်ဟု မြင်မက်သော် ရောဂါဝေဒနာခံစားရအံ့။

မြွေ နေအိမ်ပေါ်သို့တက်သည်ဟု မြင်မက်သော် ပစ္စည်းဥစ္စာဆုံးရှုံးအံ့။

မြွေကိုက်ခံရသည်ဟု မြင်မက်သော် ပစ္စည်းဥစ္စာဆုံးရှုံးအံ့။

မြွေသားစားရသည်ဟုမြင်မက်သော် ငွေဝင်အံ့။

မြွေ ကိုယ်ခန္ဓာပေါ်သို့တက်နေသည်ဟု မြင်မက်သော် ငွေဝင်အံ့။

မြွေအရေခွံကိုမြင်မက်သော် စီးပွားတိုးတက်အံ့။

မြွေတစ်ကောင်နှင့်တစ်ကောင် လိုက်နေသည်ဟုမြင်မက်သော် အိမ်ထောင်ပြုရအံ့။

မြင်းရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

မြင်းကိုမက်သော် ကောင်းစားအံ့။ ခရီးထွက်ရအံ့။

မြင်းဖြူစီးရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

မြင်းစီးရသည်ဟု မြင်မက်သော် ကောင်းစားအံ့။

မြင်းအကန်ခံရသည်ဟုမြင်မက်သော် စီးပွားပျက်အံ့။

မြင်းပြိုင်ပွဲကိုကြည့်ရသည်ဟုမက်သော် စီးပွားပျက်အံ့။

မြင်းမိုရ်တောင်ကို မြင်မက်သော် အကြီးအကဲဖြစ်အံ့။

မြင်း မိမိနေအိမ်တွင် မွေးဖွားသည်ဟုမြင်မက်သော် လာဘ်ဝင်အံ့။

မြင်းမိုရ်တောင်ကြီးကို ခေါင်းအုံးအိပ်ရသည်ဟု မက်သော် အော်မြင်ကျော်ကြားအံ့။

မြင်းမိုရ်တောင်ကိုတက်ရသည်ဟုမက်သော် ချစ်ခင်သူ ပေါများအံ့။

မြင်းမိုရ်တောင်ကို မြွေနဂါးပတ်ထားသည်ဟု မြင်မက်သော် စုတ်ကြီးလာဘ်ကြီးဝင်လာအံ့။

မိန်းမဆွဲသည်ကို မြင်မက်သော် ချမ်းသာရအံ့။

မိန်းမနှင့်အတူအိပ်ရသည်ဟုမက်သော် လာဘ်ရအံ့။

မိန်းမကိုမက်သော် မိတ်ဆွေအပေါင်းအသင်းတိုးအံ့။

မိန်းမအမွေးရှည်ကိုသည်ကို မြင်မက်သော် လာဘ်ရအံ့။

မိန်းမများ ခြံရံလျက် စည်းစိမ်ခံရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

မိန်းမ နားထွင်းမင်္ဂလာပြုရသည်ဟု မြင်မက်သော် လာဘ်ဝင်အံ့။

မိန်းမကိုယ်အား မြင်မက်သော် လာဘ်ဝင်အံ့။

မိန်းမနှင့် စကားပြောရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

မိန်းမနှင့် စကားများရန်ဖြစ်သည်ဟုမက်သော် အကြံပျက်အံ့။

မိန်းမနှင့် ကွဲကွာနေရသည်ဟုမက်သော် စီးပွားကျအံ့။

မိန်းမောတွေဝေနေရသည်ဟုမက်သော် အကြံကောင်းအံ့။

မျှော့ကိုမြင်မက်သော် ငွေဝင်အံ့။

မျှော့တွယ်သည်ဟုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

မျှော့ မိမိနေအိမ်ပေါ်တွင် တွေ့ရသည်ဟုမက်သော် ထီပေါက်အံ့။

မုတ်ဆိတ်ရှည်နေသည်ဟုမက်သော် သြဇာအာဏာရှိအံ့။

မုတ်ဆိတ်မွေးတိုနေသည်ဟုမက်သော် လက်အောက်ငယ်သားများ တော်လှန်အံ့။

မုတ်ကောင်ကို မြင်မက်သော် လာဘ်ရအံ့။

မန်ကျည်းပင်ကို မြင်မက်သော် ကူညီမ,စမည့်သူ ပေါ်လာအံ့။

မန်ကျည်းသီးစားရသည်ဟု မြင်မက်သော် သူကောင်းဖြစ်အံ့။

မန်ကျည်းသီး ဆွတ်ခူးရသည်ဟု မြင်မက်သော် သူကောင်းဖြစ်အံ့။

မန်ကျည်းသီးခြောက်များ နေလှန်းရသည်ဟုမက်သော် နှောင့်နှေးကြန့်ကြာအံ့။

မန်ကျည်းသီးမှည့် စားရသည်ဟုမက်သော် ကျန်းမာရေးညံ့အံ့။

မန်ကျည်းရွက်စားရသည်ဟုမက်သော် ရပ်ရွာတွင် အုပ်ချုပ်ရသောသူဖြစ်အံ့။

မြေယာကိုအိပ်မက်သော် အမှုပွေအံ့။

မြေငှားရသည်ဟု အိပ်မက်သော် ငွေဝင်အံ့ ။

မြေကြီးပေါ်တွင် အိပ်စက်ရသည်ဟုမက်သော် ကောင်းစားအံ့။

မြေခွေးကိုမြင်မက်သော် ကောက်ကျစ်စဉ်းလဲသူနှင့် တွေ့ရအံ့။

မြေခွေးသေကိုမြင်မက်သော် ပြဿနာအေးချမ်းအံ့။

မြေပုံကို မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

မြေကွက်ပေါ်တွင် အိမ်ဆောက်ရသည်ဟု မြင်မက်သော်အဆင်မပြေဖြစ်ရအံ့။

မြေပဲစားရသည်ဟု မြင်မက်သော် သူကောင်းဖြစ်အံ့။

မြေဇာမြက်ခင်းများကို မြင်မက်သော် အကြီးအကဲဖြစ်အံ့။

မြေကြီးကို ဖျာကဲ့သို့လိပ်ရသည်ဟုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

မြေတူးရသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

မြေပေါ်တွင်အိပ်ရသည်ဟု မြင်မက်သော် ဆင်းရဲအံ့။

မြေတွင်းထဲမှ ရွှေငွေရကနာများရသည်ဟု မြင်မက်သော် ထီပေါက်အံ့။

မြေတွင်းထဲတွင် မြွေဝင်နေသည်ဟု မြင်မက်သော် ထီပေါက်အံ့။

မြေတွင်းထဲတွင် ရေများပြည့်လျှံနေသည်ဟု မြင်မက်သော်လာဘ်ကြီးဝင်အံ့။

မှန်ကြီးရသည်ဟု မြင်မက်သော် ကူညီမည့်သူပေါ်အံ့။

မှန်ကွဲနေသည်ဟု မြင်မက်သော် ဘေးတွေ့ရအံ့။

မှန်များ မိမိနေအိမ်ကို ထောင်ကာထားသည်ဟု မြင်မက်သော် ကူညီမ,စမည့်သူများ ပေါ်လာအံ့။

မုန်တိုင်းတိုက်ခတ်သည်ဟု မြင်မက်သော် စိုးရိမ်ကြောင့်ကြများအံ့။

မုန်လာဥပင်များကို မြင်မက်သော် ငွေဝင်အံ့။

မုန်လာဥပင်စိုက်ရသည်ဟု မြင်မက်သော် လုပ်ငန်းအသစ် ပေါ်လာအံ့။

မုန်လာဥစားရသည်ဟု မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

မုန့်စားရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

မုန့်များ ကလေးတွေကို ဝေငှပေးရသည်ဟု မြင်မက်သော်ပျော်ရွှင်မှုနှင့် တွေ့ရအံ့။

မုန့်လုပ်ရသည်ဟု မြင်မက်သော် အလှူပေးရအံ့။

မုန့်ရောင်းရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

မြတ်သောသူကို နှိပ်စက်ညှဉ်းပန်းရသည်ဟု မြင်မက်သော်ချမ်းသာကြွယ်ဝအံ့။

မောင်းတီးနေရသည်ဟု မြင်မက်သော် ကျက်သရေတိုးအံ့။

မောင်းကွဲနေသည်ဟု မက်သော် ကျက်သရေယုတ်အံ့။

မည်းသောအရောင်ကို မြင်မက်သော် အလွန်ညံ့၏။

မည်းသောအဝတ်ကို ဝတ်ဆင်ပြီး မည်းသောပန်းကို ပန်ထားရသည်ဟုမက်သော် သေကြေပျက်စီးအံ့။

မိုးရွာသည်ဟု မြင်မက်သော် ပစ္စည်းဥစ္စာရအံ့။

မိုးကြိုးသံကြားရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

မိုးရေ၌ ပျော်မြူးစွာကစားရသည်ဟု မြင်မက်သော် စီးပွားတိုးအံ့။

မိုးခေါင်သည်ဟု မြင်မက်သော် စီးပွားကျဆင်းအံ့။

မိုးပေါ်တွင် မီးရှူးမီးပန်းများပေါက်နေသည်ဟု မြင်မက်သော်ပျော်ရွှင်မှုနှင့် ကြုံရအံ့။

မျောက်ကိုမြင်မက်သော် အလွန်ညံ့အံ့။

မျောက်ကုတ်ခံရသည်ဟုမက်သော် ဒုက္ခတွေ့အံ့။

မျောက်နှိပ်စက်ခံရသည်ဟုမက်သော် ရာဇဝတ်ဘေးသင့်အံ့။

မျောက်နှင့်ကစားရသည်ဟုမက်သော် တရားဖြစ်အံ့။

မျောက်သေသည်ဟုမက်သော် အမှုနိုင်အံ့။

မျောက်သားစားသည်ဟုမက်သော် ရန်အောင်အံ့။

မျောက်မွေးထားသည်ဟု မြင်မက်သော် အန္တရာယ်များအံ့။

မျောက်ကို လှောင်အိမ်ထဲတွင်တွေ့ ရသည်ဟုမက်သော် အေးချမ်းမှုနှင့် တွေ့ရအံ့။

မုဆိုးကိုမြင်မက်သော် လိမ်လည်ခံရအံ့။

မုဆိုးနှင့် တောကစားထွက်ရသည်ဟုမက်သော် ကဲ့ရဲ့ရှုတ်ချခြင်းခံရအံ့။

မင်ပုလင်းကိုမြင်သော် ချစ်သူနှင့် ကွေကွင်းရအံ့။

မင်ပုလင်း ကျကွဲသည်ဟု မြင်မက်သော် ချစ်သူနှင့် ခိုက်ရန်ဖြစ်ပွားအံ့။

မင်များ အဝတ်အစားပေါ်တွင် ဖိတ်စင်ကုန်သည်ဟု မြင်မက်သော် ချစ်သူ၏အထင်လွဲခြင်းခံရအံ့။

မင်များ နေအိမ်ပေါ်တွင် ပေကျံနေသည်ဟု မြင်မက်သော် အိမ်ပြောင်းရွှေ့ရအံ့။

မင်ပုလင်း လက်ဆောင်ရသည်ဟုမက်သော် ချစ်သူနှင့် ပြဿနာပေါ်အံ့။

မိတ်ဆွေများနှင့် ဝိုင်းဖွဲ့စကားပြောရသည်ဟု မြင်မက်သော် ပြဿနာများ ဖြေရှင်းရအံ့။

မိတ်ဖွဲ့လာသူများ လာရောက်သည်ဟု မြင်မက်သော် စကားများရန်ဖြစ်အံ့။

မိတ်ဆက်စာရသည်ဟု မြင်မက်သော် ဇနီးဖြစ်သူနှင့် ပြဿနာပေါ်အံ့။

မိတ်ဆွေမျိုးနှင့် ခွဲခွာရသည်ဟုမက်သော် အပေါင်းအသင်းများ အထင်လွဲခြင်းခံရအံ့။

မှိုင်းခံစက္ကူဝယ်ရသည်ဟု မက်သော် အလုပ်ရအံ့။

မျက်နှာသုတ်ပဝါကို မြင်မက်သော် ငယ်ရွယ်သူဖြစ်က ချစ်သူနှင့် တွေ့ရအံ့။

မျက်နှာဖုံးစွပ်ထားသည်ဟု မြင်မက်သော် လူလိမ်များနှင့် တွေ့အံ့။

မျက်နှာပေါ်တွင် အကြောင်အကျားများ ရေးဆွဲထားသည်ဟု မြင်မက်သော် ရန်များအံ့။

မျက်စိမှိတ်ပြသည်ဟုမက်သော် ပြဿနာပေါ်အံ့။

မျက်စိကိုမြင်မက်သော် သားသမီးရအံ့။

မျက်စိဖွင့်သည်ဟု မြင်မက်သော် သားသမီးများ ကောင်းစားအံ့။

မျက်စိပိတ်ထားသည်ဟုမက်သော် သမီးများ အလုပ်အကိုင် အဆင်မပြေဖြစ်အံ့။

ညာဘက်မှ မျက်စိထွက်သွားသည်ဟုမက်သော် သားဖြစ်သူ နေအိမ်မှ ထွက်ပြေးအံ့။

မျက်စိနှစ်လုံးထွက်သွားသည်ဟု မြင်မက်သော် သားနှင့်သမီးနေအိမ်မှ ထွက်ပြေးအံ့။

မျက်စိစုံကန်းသွားသည်ဟုမက်သော် သားသမီးများကို လုံးဝ အားကိုး၍မရဖြစ်အံ့။

မျက်စိအတွင်းသို့ အမှိုက်များဝင်သွားသည်ဟု မက်သော် သားသမီးဖြစ်သူ အမှုအခင်းဖြစ်အံ့။

မျက်စိအတွင်း မျက်ချေးများရှိသည်ဟု မြင်မက်သော် ပြစ်တင် ရှုတ်ချခြင်းခံရအံ့။

မျက်နှာ ချောမောလှပသောသူကို မြင်မက်သော် ပြေပြစ်သောစကားကို ပြောဆိုရအံ့။

မျက်နှာပြင် မချောမောသူကို မြင်မက်သော် အဆင်မပြေစွာ နှင့်ပြောဆိုရအံ့။

မျက်နှာကျက်ကို မြင်မက်သော် ရာထူးတိုးအံ့။

မျက်နှာကို ဆေးကြောရသည်ဟုမြင်မက်သော် လူချစ်လူခင်ပေါများအံ့။

မျက်လှည့်ပြနေသည်ဟုမက်သော် လူလိမ်ခံရအံ့။

မျက်မှန်ကိုမြင်မက်သော် မိမိအားကိုးမည့်သူ ပေါ်လာအံ့။

မျက်နှာသုတ်ပဝါကိုတွေ့ သော် ချစ်သူတွေ့အံ့။

မျက်နှာသုတ်ပဝါ လက်ဆောင်ရသည်ဟု မြင်မက်သော် ချစ်သူနှင့် အိမ်ထောင်ကျအံ့။

မျက်နှာပေါ်တွင် မှဲ့များစွာ ပေါက်နေသည်ဟု မြင်မက်သော် စီးပွားရေးကျပြီး ကျန်းမာရေးညံ့အံ့။

မျက်နှာပေါ်တွင် အမာရွတ်ပါသူကို မြင်မက်သော် လုပ်ငန်းအကြံအစည်ပျက်စီးအံ့။

မျက်နှာကို တစ်ခုခုနှင့်အုပ်ထားသည်ဟု မြင်မက်သော် လိမ်ညာခြင်းခံရအံ့။

မျက်မှန်တပ်ရသည်ဟုမြင်မက်သော် သစ္စာရှိသူနှင့်တွေ့ရအံ့။

မြက်ခင်းကိုမြင်မက်သော် အပျော်ခရီးထွက်ရအံ့။

မြက်ခင်း စိမ်းစိုစွာဖြင့် မြင်မက်သော် စိတ်ပျော်ရွှင်ရအံ့။

မြက်ပင်စိုက်ရသည်ဟု မြင်မက်သော် ဆန်ရေစပါးပေါများအံ့။

မြက်ပင် နေအိမ်ရှေ့တွင် စုပုံနေသည်ဟု မြင်မက်သော် ဝမ်းသာပျော်ရွှင်ရအံ့ ။

မြက်ပင်ကိုစားရသည်ဟုမက်သော် ထီပေါက်အံ့။

မုဒ်ပေါက်ဝကိုမြင်သော် ဘေးတွေ့အံ့။

မုဒ်ပေါက်ဝတွင် ဝင်နေသည်ဟုမက်သော် စိတ်သောက ရောက်အံ့။

မုဒ်ပေါက်တွင်းသို့ ဝင်နေသည်ဟု မက်သော် ပြဿနာများ ဖြေရှင်းရအံ့။

မုဒ်ပေါက်ဝတွင် ခြင်္သေ့နှစ်ကောင်ထိုင်နေသည်ဟုမက်သော်ဘေးရန်ကင်းအံ့။

မြောင်းကိုမြင်မက်သော် ဆင်းရဲဒုက္ခရောက်အံ့။

မြောင်းထဲသို့ လိမ့်ကျသည်ဟုမက်သော် ဘေးဒုက္ခရောက်အံ့။

မြှောက်ပင့်ပြောဆိုခံရသည်ဟု မြင်မက်သော် ဒုက္ခနှင့် ရင်ဆိုင်ရအံ့။

မာလကာသီးကိုမြင်မက်သော် ခက်ခဲကြန့်ကြာမှုနှင့် တွေ့ကြုံရအံ့။

မာလကာသီးစားရသည်ဟု မြင်မက်သော် လုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်နိုင်အံ့။

မာလကာပင် စိုက်ပျိုးရသည်ဟု မြင်မက်သော် ခက်ခဲသော လုပ်ငန်းများကို လုပ်ကိုင်ရအံ့။

မှိုပင်ကိုမြင်သော် စီးပွားဖြစ်အံ့။

မှိုပင် နေအိမ်ပေါ်တွင်ပေါက်နေသည်ဟု မြင်မက်သော် ထီပေါက်အံ့။

မှိုပင် နေအိမ်ရှေ့တွင်ပေါက်နေသည်ဟု မြင်မက်သော် ရွှေငွေဝင်လာအံ့။

မှိုပင် နေအိမ်နောက်ဖေးတွင် ပေါက်နေသည်ဟုမြင်မက်သော် စီးပွားပျက်အံ့။

မောင်းချဓားကို မြင်မက်သော် ပြဿနာပြေလည်အံ့။

မောင်းတီးရသည်ဟုမြင်မက်သော် ငွေဝင်အံ့။

မောင်းကွဲနေသည်ဟု မြင်မက်သော် စီးပွားပျက်အံ့။

မောင်းထုတ်ခြင်းခံရသည်ဟုမက်သော် အလုပ်အကိုင်သစ် ပေါ်လာအံ့။

မုတ်ဆိတ်မွေးရှည်သည်ဟုမက်သော် အသက်ရှည်အံ့။

မုတ်ဆိတ်မွေးတိုသည်ဟုမက်သော် အသက်တိုအံ့။

မုတ်ဆိတ်ရိတ်ရသည်ဟုမက်သော် ကျန်းမရေးအလွန်ညံ့အံ့။

မုတ်ဆိတ်မွေး ရင်ဘတ်ပေါ်ထိ ရှည်ကျနေသည်ဟု မြင်မက်သော်အသက်အလွန်ရှည်အံ့။

မြသပိတ်ကို မြင်မက်သော် ထီပေါက်အံ့။

မြကျောက်ကို မြင်မက်သော် အေးချမ်းသာယာမှုရှိအံ့။

ယမင်းရုပ်ကိုမြင်မက်သော် အသက်ရှည်အံ့။

ယင်ကောင်ကို မြင်မက်သော် မလိုသူများနှင့် တွေ့ရအံ့။

ယားယံသည်ဟု မြင်မက်သော် ဘေးဒုက္ခဖြစ်အံ့။

ယားနာများ ကိုယ်တွင်ပေါက်နေသည်ဟုမက်သော် ငွေဝင်အံ့။

ယပ်တောင်ကို မြင်မက်သော် အေးချမ်းအံ့။

ယပ်ခပ်နေသည်ဟု မြင်မက်သော် လုပ်ငန်းနှောင့်နှေးအံ့။

ယုန်သားစားရသည်ဟုမက်သော် ငွေဝင်အံ့။

ယုန်ကို ခြံလှောင်ထားသည်ဟုမက်သော် ကျော်စောထင်ရှား အံ့။

ယုန်ထွက်ပြေးသည်ဟုမက်သော် ကြွေးထူအံ့။

ယုန်သေကိုမြင်မက်သော် လာဘ်ရအံ့။

ယုန်ကို ခွေးလိုက်သည်ဟု မြင်မက်သော် ငွေကြေးအဆင်မပြေဖြစ်အံ့။

ယုန်မွေးကို လွှမ်းခြုံရသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်လာအံ့။

ယမ်းမှုန့်ကို မြင်မက်သော် အလုပ်များ လုပ်ကိုင်ရအံ့။

ယမ်းမှုန့်များ ပေါက်ကွဲသည်ကို မြင်မက်သော် အကြံအောင်အံ့။

ယောက္ခမကို မြင်မက်သော် ခိုက်ရန်ပွားအံ့။

ယောက်မတော်စပ်ရသည်ဟုမက်သော် ချစ်သူနှင့် ကွေကွင်းရအံ့။

ယောက်ချိုဇွန်းကို မြင်မက်သော် စားကောင်းသောက်ဖွယ်များစားရအံ့။

ရဟန်းသံဃာကို မြင်မက်သော် နတ်တို့ ချစ်ခင်အံ့။

ရဟန်းသံဃာများနှင့် စကားပြောရသည်ဟုမက်သော် ကြီးပွားတိုးတက်အံ့။

ရဟန်း မိမိနေအိမ်တွင် သီတင်းသုံးနေသည်ဟု အိပ်မက်သော် ကြီးပွားတိုးတက်အံ့။

ရဟန်းခံရသည်ဟု အိပ်မက်သော် လာဘ်ရအံ့။

ရဟန်း ဈာန်နှင့်ကြွလာသည်ဟုမက်သော် ကောင်းစားအံ့။

ရဟန်း တောထဲ၌ တရားကျင့်နေသည်ဟုမက်သော် နတ်တို့ချစ်ခင်အံ့။

ရထားကိုမြင်မက်သော် လာဘ်ဝင်အံ့။

ရထားစီးရသည်ဟုမက်သော် မယားကောင်းရအံ့။

ရထားပေါ်မှ ခုန်ချသည်ဟုမက်သော် ဘေးအန္တရာယ်နှင့် တွေ့ရအံ့။

ရဟတ်ကိုမြင်သော် အလွန်ညံ့အံ့။

ရဟတ်စီးရသည်ဟုမက်သော် အမှုအခင်းဖြစ်အံ့။

ရဟတ်ပျက်ကျသည်ဟုမက်သော် ပျက်စီးဆုံးရှုံးအံ့။

ရုပ်ပွားတော်ကိုမြင်မက်သော် ကျော်စောအံ့။

ရုပ်တုကိုဖက်ရသည်ဟု မြင်မက်သော် ချမ်းသာရအံ့။

ရုပ်တုထုရသည်ဟု မြင်မက်သော် စီးပွားဖြစ်အံ့။

ရုပ်တု မိမိနေအိမ်ပေါ်သို့ ကြွလာသည်ဟုမက်သော် ကောင်းစားအံ့။

ရုပ်တုလှူလိုက်ရသည်ဟုမက်သော် ကောင်းစားအံ့။

ရုပ်ရှင်ကြည့်ရသည်ဟုမက်သော် စိတ်ချမ်းသာအံ့။

ရုပ်ရှင်ရိုက်ရသည်ဟုမက်သော် ငွေကုန်ကြေးကျများအံ့။

ရူးသွပ်နေသည်ကိုမြင်မက်သော် လာဘ်ရအံ့။ နို

မိမိရူးသွပ်နေသည်ဟု မြင်မက်သော် လာဘ်ကြီးဝင်အံ့။

ရူးသွပ်နေသူများနှင့် စကားပြောဆိုရသည်ဟုမက်သော် စီးပွားဖြစ်အံ့။

ရယ်ရွှင်ဖွယ်ရာများကို အိပ်မက်သော် ဝမ်းမြောက်ရအံ့။

ရယ်စရာစကားများကို ပြောဆိုရသည်ဟုမက်သော် စိတ်ချမ်းသာမှုနှင့် ပြည့်စုံအံ့။

ရှောက်သီးစားရသည်ဟုမက်သော် ရန်ပျောက်အံ့။

ရှောက်ပင်စိုက်ရသည်ဟုမက်သော် အေးချမ်းမှုနှင့် ပြည့်စုံအံ့။

ရေအိုးကိုမြင်သော် ကောင်းစားအံ့။

ရေချိုးရသည်ဟု မြင်မက်သော် သူများမှီခိုရာဖြစ်အံ့။

ရေသောက်ရသည်ဟု မက်သော် အရာရှိဖြစ်အံ့။

ရေကြည်ကို မြင်မက်သော် ချမ်းသာရအံ့။

ရေပေါ်တွင် အိမ်ဆောက်ရသည်ဟု မက်သော် ထီပေါက်အံ့။

ရေနောက်ကို မြင်မက်သော် စီးပွားကျအံ့။

ရေခပ်သည်ကို မြင်မက်သော် သာယာအေးချမ်းအံ့။

ရေကူးသည်ဟု မြင်မက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရအံ့။

ရေနစ်သည်ဟု မြင်မက်သော် အလုပ်အကိုင် ပျက်စီးဆုတ်ယုတ်အံ့။

ရေဆင်းချိုးရသည်ဟု မက်သော် အကြံအောင်အံ့။

ရေ၌ မြွေကိုတွေ့ရသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

ရေပေါ်တွင် လမ်းလျှောက်ရသည်ဟုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

ရေပေါ်တွင် လှဲအိပ်နေရသည်ဟု မက်သော် စုတ်ကြီးလာဘ်ကြီးဝင်လာအံ့။

ရေငုပ်ရသည်ဟု မက်သော် ကြွေးဟောင်းများ ပြန်ရအံ့။

ရေထဲသို့ ဒိုင်ဗင်ထိုးချသည်ဟု မက်သော် ထီပေါက်အံ့။

ရေကန်ဘေးနားတွင် ထိုင်နေရသည်ဟု မြင်မက်သော် ကူညီမ,စမည့်သူ ပေါ်လာအံ့။

ရေပက်ခံရသည်ဟုမက်သော် ထီပေါက်အံ့။

ရေတိုင်ကီကို မြင်မက်သော် ငွေဝင်အံ့။

ရေကစားသည်ဟုမက်သော် ပျော်ရွှင်မှုနှင့်တွေ့ ရအံ့။

ရေတိုင်ကီထဲတွင် ရေများပြည့်လျှံနေသည်ဟု အိပ်မက်သော်လာဘ်ဝင်အံ့။

ရေတိုင်ကီထဲတွင် ရေများခန်းခြောက်နေသည်ဟု မက်သော် စီးပွားကျအံ့။

ရေဝင်သည်ဟုမက်သော် ရောဂါရအံ့။

ရေတွင် မျှော့ကိုမြင်မက်သော် စီးပွားဖြစ်အံ့။

ရေခဲမုန့်စားရသည်ဟုမက်သော် ကုသိုလ်ကံကောင်းအံ့။

ရေခဲမုန့်ရောင်းချရသည်ဟုမက်သော် ငွေဝင်အံ့။

ရေတကောင်းကို မြင်မက်သော် ခက်ခဲအံ့။

ရေတကောင်းကျကွဲသည်ဟုမက်သော် စီးပွားပျက်အံ့။

ရွှံ့ညွန်ကိုနင်းရသည်ဟုမက်သော် ကျက်သရေယုတ်အံ့။

ရွှံ့စင်သည်ဟုမက်သော် သတင်းကောင်းကြားရအံ့။

ရွှံ့ညွန်လူးရသည်ဟုမက်သော် ကျန်းမာရေးညံ့အံ့။

ရွှံ့ညွန်များကို ကောက်၍စားရသည်ဟုမက်သော် ဘဝပျက်အံ့။

ရွှံ့ညွန်ထဲတွင် နပန်းလုံးရသည်ဟုမက်သော် ဘေးရန်များအံ့။

ရွှံ့နှင့် ပစ်ပေါက်ခံရသည်ဟုမက်သော် ထိခိုက်ဒဏ်ရာရအံ့။

ရွှံ့ပုံကြီး မိမိနေအိမ်ပေါ်တွင် တွေ့ ရသည်ဟုမြင်မက်သော် စီးပွားပျက်အံ့။

ရွှံ့လုံးလေးများလုပ်ရသည်ဟု မက်သော် ပင်ပန်းကြီးစွာ လုပ်ရအံ့။

ရှဉ့်ကိုမြင်မက်သော် အပြောင်းအရွှေ့များအံ့။

ရှဉ့်ဖမ်းရသည်ဟုမက်သော် ငွေဝင်အံ့။

ရှဉ့် မိမိနေအိမ်ပေါ်သို့တက်သည်ဟုမက်သော် ထီပေါက်အံ့။

ရှဉ့် မိမိကိုယ်ပေါ်သို့တက်သည်ဟုမက်သော် ထီပေါက်အံ့။

ရွှေငွေကိုမြင်မက်သော် မယားကောင်းရအံ့။

ရွှေအရောင် ပြိုးပြိုးပြက်ပြက်ကို မြင်မက်သော် သေကြေပျက်စီးအံ့။

ရွှေရောင်အဆင်းရှိသောအဝတ်ကို ဝတ်ဆင်၍ ရွှေရောင်ပန်းကို

ပန်ဆင်ထားရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ရွှေခွက်နှင့် ထမင်းစားရသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

ရွှေလက်ဖွဲ့ဝယ်ရသည်ဟုမက်သော် ပစ္စည်းဥစ္စာကြွယ်ဝသော မိန်းမကိုရအံ့။

ရွှေလက်ကောက်ဝတ်ရသည်ဟုမက်သော် သားသမီးဖြစ်သူ လာဘ်ရအံ့။

ရွှေဖြင့်ဆောက်လုပ်ထားသောအိမ်တွင် နေရသည်ဟုမက်သော်အကြီးအကဲဖြစ်အံ့။

ရွှေဆိုင်ဖွင့်ရသည်ဟုမက်သော် အကြံအောင်အံ့။

ရွက်လှေမှောက်သည်ဟု မြင်မက်သော် လုပ်ငန်းများ ပျက်စီးဆုံးရှုံးအံ့။

ရွက်လှေစီးပြီး မုန်တိုင်းဒဏ်ခံနေရသည်ဟုမြင်မက်သော် ဒုက္ခပေါင်းစုံနှင့် တွေ့ရအံ့။

ရိပ်သာကိုမြင်မက်သော် အေးချမ်းမှုရှိအံ့။

ရိပ်သာလှူရသည်ဟုမြင်မက်သော် ကူညီမ,စမည့်သူပေါ်အံ့။

ရိပ်သာ၌ တရားအားထုတ်ရသည်ဟုမက်သော် စိတ်ချမ်းသာရမှုနှင့် ပြည့်စုံအံ့။

ရိပ်သာတွင် ကျွေးမွေးလှူဒါန်းရသည်ဟု မက်သော် လာဘ်ကြီးဝင်အံ့။

ရှေ့နေကိုမြင်မက်သော် ဘေးဒုက္ခတွေ့အံ့။

ရှေ့နေနှင့်အတူ ပြောဆို စားသောက်ရသည်ဟုမက်သော်ပြဿနာများ ဖြေရှင်းရအံ့။

ရှေ့တွင် အတားအဆီးများကိုမြင်မက်သော် နှောင့်ယှက်ခြင်း ခံရအံ့။

ရှောက်ပင်ကိုမြင်မက်သော် ငွေဝင်လာအံ့။

ရှောက်ချိုသီးစားရသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

ရွာထဲလျှောက်လည်ရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

ရွာထဲတွင် အိမ်ဆောက်နေရသည်ဟုမက်သော် မိတ်ဆွေပေါများအံ့။

ရွာကို ခြံစည်းရိုးခတ်ရသည်ဟုမက်သော် ထီကြီးပေါက်အံ့။

ရွာထဲတွင် ခွေးဟောင်သံကြားရသည်ဟုမက်သော် မကောင်းသတင်းကြားရအံ့။

ရဲကိုမြင်မက်သော် ယုံကြည်စွာ နေထိုင်ရအံ့။

ရဲစခန်းကိုမြင်မက်သော် ပြဿနာဖြေရှင်းအံ့။

ရုံးတက်ရသည်ဟု မြင်မက်သော် နှောင့်ယှက်ခြင်းခံရအံ့။

ရုံးတွင် ပြဿနာဖြေရှင်းရသည်ဟုမက်သော် အဆင်ပြေအံ့။

လကိုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

လပြည့်သည်ကိုမြင်မက်သော်ကောင်းစားအံ့။

လမွန်းတည့်သည်ဟု မြင်မက်သော် လာဘ်ဝင်အံ့။

လကြတ်သည်ဟု မြင်မက်သော် ဘုန်းတန်ခိုးကြီးသော သားယောက်ျားလေး မွေးဖွားအံ့။

လထွက်သည်ဟု မြင်မက်သော် အေးချမ်းသာယာမှုရှိအံ့။

လဖမ်းရသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

လငပုပ်ဖမ်းသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

လပေါ်သို့ရောက်နေသည်ဟုမက်သော် အထွတ်အထိပ်သို့ ရောက်အံ့။

လနှင့်ကြယ် နီးကပ်နေသည်ဟုမက်သော် တိုင်းပြည်မငြိမ်မသက်ဖြစ်အံ့။

လကျောက်ကိုရသည်ဟုမက်သော် ထီပေါက်အံ့။

လခရသည်ဟုမက်သော် ငွေကုန်ကြေးကျများအံ့။

လခထုတ်ပြီး လူများအား ဝေငှပေးလိုက်ရသည်ဟုမက်သော်လူချစ်လူခင်ပေါများအံ့။

လဲကျသည်ဟုမြင်မက်သော် တရားရှုံးအံ့။

လဲကျနေရာမှ ပြန်၍ထလာနိုင်သည်ဟုမက်သော် တရားနိုင်အံ့။

လေတိုက်သည်ကို အိပ်မက်သော် စိတ်သောကရောက်အံ့။

လေပွေတိုက်သည်ဟု မြင်မက်သော် ဘေးတွေ့ ရအံ့။

လေတိုက်၍ မိမိနေအိမ် ပြိုကျပျက်စီးသွားသည်ဟုမက်သော်နေအိမ်ပြောင်းရွှေ့ရအံ့။

လေထဲတွင် သွားလာနေရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

လေယာဉ်ပျံစီးရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

လေယာဉ်ပျံပျက်ကျသည်ဟု မြင်မက်သော် ဘေးတွေ့အံ့။

လေပေါ်တွင် တိုက်အိမ်ဆောက်နေရသည်ဟုမက်သော် အကြံပျက်အံ့။

လေလံဆွဲရသည်ဟုမက်သော် စီးပွားပျက်အံ့။

လားကိုမြင်မက်သော် ကောင်းစားအံ့။

လားစီးရသည်ဟုမက်သော် လာဘ်ရအံ့။

လုယက်ခံရသည်ဟုမက်သော် လာဘ်ရအံ့။

လူသေကောင်ကို မြင်မက်သော် ကောင်းစားအံ့။

လူသားစားရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

လူသေကောင် ထလာသည်ဟုမက်သော် စကားဟောင်း ပေါ်အံ့။

လူ၏ဦးခေါင်းစားရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

လူအများ စုဝေးနေကြသည်ဟုမက်သော် စီးပွားရေးအဆင်မပြေဖြစ်အံ့။

လူအိုရုံကိုမြင်မက်သော် အသက်ရှည်အံ့။

လူအိုရုံမှ အဘိုးအဘွားများကို ကျွေးမွေးရသည်ဟုမက်သော် မကြာမီကောင်းစားအံ့။

လူညံ့တစ်ယောက်ဖြစ်ရသည်ဟုမက်သော် စိတ်ဆင်းရဲရအံ့။

လူဆိုးများနှင့် တိုက်ခိုက်ရသည်ဟုမက်သော် ရန်များအံ့။

လူခြောက်ကိုမြင်မက်သော် ကူညီမည့်သူ ပေါ်လာအံ့။

လူပုလေးများကို မြင်မက်သော် ဆုံးရှုံးမှုနှင့် ကြုံရအံ့ ။

လူပြက်ကိုမက်သော် ပြစ်တင်ရှုတ်ချခြင်းခံရအံ့။

လူကြီးမိဘများကိုမက်သော် ကောင်းကျိုးခံစားရအံ့။

လက်သုတ်ပဝါကိုမြင်မက်သော် ချစ်သူနှင့်ကွေကွင်းအံ့။

လက်ဆွဲနှုတ်ဆက်ရသည်ဟုမက်သော် အလုပ်အကိုင်ကောင်းရအံ့။

လက်နှီးစုတ်ကိုမြင်မက်သော် စီးပွားကျအံ့။

လက်နက်ကိုဖက်ရသည်ဟု မက်သော် ချမ်းသာရအံ့။

လက်နက်ခဲယမ်းမီးကျောက်ကို မြင်မက်သော် ဘေးအန္တရာယ်နှင့်ကြုံရအံ့။

လက်နက် မြေ၌ စိုက်ထားသည်ဟုမက်သော် ကြီးပွားတိုးတက်အံ့။

လက်ကိုင်တုတ်ကိုမြင်မက်သော် ပြဿနာပေါ်လာအံ့။

လက်စားချေရသည်ဟုမက်သော် ပြဿနာကြီးပေါ်လာအံ့။

လက်ညှိုးထိုးရသည်ဟုမက်သော် မိမိအကြံအောင်အံ့။

လက်နှိပ်စက်ကိုမြင်မက်သော် ပြဿနာပေါ်အံ့။

လက်ဆွဲမီးအိမ်ကို မြင်မက်သော် ပညာရှိအံ့။

လက်အိတ်ကိုမြင်မက်သော် သူတစ်ပါးစွပ်စွဲခံရအံ့။

လက်နက်ဖြင့် ပစ်ခတ်ဖမ်းဆီးရသည်ဟုမက်သော် စိတ်အေးချမ်းအံ့။

လက်ဖက်စားရသည်ဟုမက်သော် ချစ်ခင်နှစ်သက်ရအံ့။

လက်ဖက်ရည်ကြမ်းသောက်ရသည်ဟုမက်သော် မိတ်ဆွေတိုးအံ့။

လက်ဖြင့်ယက်၍ တွင်းတူးရသည်ဟုမက်သော် ပင်ပန်းကြီးစွာလုပ်ကိုင်ရပြီး အောင်မြင်မှုရအံ့။

လိမ့်ကျသည်ဟုမြင်မက်သော် အကြံပျက်အံ့။

လိမ့်ကျလာသောသူအား ဖမ်းလိုက်ရသည်ဟုမက်သော် ကူညီမ,စမည့်သူတွေ့အံ့။

လိပ်ရသည်ဟုမြင်မက်သော် လာဘ်ရအံ့။

လိပ်သားစားရသည်ဟုမက်သော် ဆန်ရေစပါးပေါများအံ့။

လိပ်ဥကိုမြင်မက်သော် ကောင်းစားအံ့။

လိပ်ဥစားရသည်ဟုမက်သော် ချမ်းသာကြွယ်ဝအံ့။

လိပ်ဥ လက်ထဲမှ ကျကွဲသွားသည်ဟုမက်သော် ငွေကြေးဆုံးရှုံးအံ့။

လိပ်ဖမ်းရသည်ဟုမက်သော် လာဘ်ရအံ့။

လိပ်မွေးထားသည်ဟုမြင်မက်သော် ထီပေါက်အံ့။

လိပ်များ တစ်ကောင်နှင့်တစ်ကောင် ကိုက်နေကြသည်ဟုမြင်မက်သော် ငွေကြေးအငြင်းအခုံဖြစ်ရအံ့။

လိပ်ခွံဘီး ခေါင်း၌ဆင်ထားသည်ဟုမြင်မက်သော် အကြီးအကဲဖြစ်အံ့။

လိင်ရှည်သည်ဟုမြင်မက်သော် ဘုန်းတန်ခိုးကြီးအံ့။

လိင်တိုသည်ဟုမြင်မက်သော် မိန်းမဖြစ်သူ အလွန်ညံ့အံ့။

လည်ပင်းတိုနေသည်ဟုမက်သော် ကျန်းမာရေးညံ့အံ့။

လည်ပင်းရှည်နေသည်ဟုမက်သော် အလုပ်အကိုင်သစ်ရအံ့။

လှည်းကိုမြင်မက်သော် သူတစ်ပါးမကောင်းကြံရအံ့။

လှည်းစီးရသည်ဟုမက်သော် ရန်အောင်အံ့။

လှည်းပေါ်မှလိမ့်ကျသည်ဟုမက်သော် ဘေးတွေ့အံ့။

လှည်းဒေါက်ပြုတ်နေသည်ဟုမက်သော် သေကြေအံ့။

လှည်းကျိုးနေသည်ဟုမက်သော် ဘေးတွေ့အံ့။

လှေကိုမြင်မက်သော် အလွန်ညံ့အံ့။

လှေစီးရသည်ဟုမက်သော် ပစ္စည်းဥစ္စာ ဆုံးရှုံးအံ့။

လှေပေါ်တွင် မည်သည့်ပစ္စည်းမှမပါဘဲ တွေ့ ရသည်ဟု မက်သော် ငွေကြေးရှားပါးရအံ့။

လှေထဲတွင် လူအပြည့်ပါလာသည်ဟုမက်သော် အလှူအတန်းပြုလုပ်ရအံ့။

လှေလှော်ရသည်ဟုမက်သော် ချစ်ခင်သည် နည်းပါးရအံ့။

လှေမှောက်သည်ဟုမက်သော် သေကြေပျက်စီးအံ့။

လှေမြုပ်သည်ဟုမက်သော် စီးပွားပျက်အံ့။

လှေစီးလျက် မြစ်ကို ပင်ပန်းကြီးစွာ ကူးခတ်ရသည်ဟု မြင်မက်

သော် အရပ်တစ်မျိုးသို့ ပြောင်းရွှေ့ပြီးမှ ပြန်လာရအံ့။

လှေထဲတွင် ရေများအပြည့်ဝင်နေသည်ဟုမက်သော် ဘေးတွေ့အံ့။

လှေကို ကုန်းပေါ်တွင်တင်ထားရသည်ဟုမက်သော် အမှုအခင်း ဖြစ်အံ့။

လှေတည်ဆောက်သည်ဟု မြင်မက်သော် ရန်အောင်အံ့။

လှေကားပေါ်သို့တက်ရသည်ဟုမြင်သော် ရာထူးတိုးအံ့။

လှေကားပေါ်မှ လိမ့်ကျသည်ဟုမက်သော် အလွန်ညံ့အံ့။

လှေကားကျိုးကျသည်ဟုမက်သော် အကြံအစည်ပျက်အံ့။

လှေကားပေါ်တွင် မြွေတွေ့ ရသည်ဟုမြင်မက်သော် စုတ်ကြီးလာဘ်ကြီးဝင်လာအံ့။

လင်းတကိုမြင်သော် အလွန်ညံ့အံ့။

လင်းတ အစာစားနေသည်ဟုမြင်မက်သော် စီးပွားကျဆင်းအံ့။

လင်းတ နေအိမ်ပေါ်တွင် နားနေသည်ဟုမြင်မက်သော် သေကျေပျက်စီးအံ့။

လင်းတ နေအိမ်ရှေ့တွင် နားနေသည်ဟုမက်သော် သေကျေပျက်စီးအံ့။

လင်းတသားစားရသည်ဟုမက်သော် ရန်အောင်အံ့။

လင်းနို့ကိုမြင်မက်သော် ကျန်းမာရေးညံ့ဖျင်းအံ့။

လင်းနို့အကိုက်ခံရသည်ဟုမက်သော် သေကြေပျက်စီးအံ့။

လင်းနို့ မိမိနေအိမ်ပေါ်တွင် တွေ့ ရသည်ဟုမက်သော် ကျန်းမာရေး ညံ့အံ့။

လယ်ကိုမြင်မက်သော် ရန်များအံ့။

လယ်၌ ကြာပေါက်သည်ဟုမက်သော် စီးပွားဖြစ်အံ့။

လယ်၌ ရေများပြည့်လျှံနေသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

လယ်၌ ရေများခန်းခြောက်နေသည်ဟုမက်သော် စီးပွားကျအံ့။

လယ်ကွင်း၌ မြွေတွေ့ ရသည်ဟုမက်သော် ဆန်ရေစပါး ပေါများအံ့။

လယ်ကွင်း၌ ဖားတွေ့ ရသည်ဟုမက်သော် စီးပွားဖြစ်ထွန်းအံ့။

လောက်ကိုဖမ်းရသည်ဟုမက်သော် ဆန်ရေစပါးပေါများအံ့။

လောက် ကိုယ်ပေါ်သို့တက်သည်ဟုမက်သော် လာဘ်ရအံ့။

လောက် နေအိမ်ပေါ်သို့တက်သည်ဟုမက်သော် ထီပေါက်အံ့။

လောက် မိမိဆိုင်ပေါ်သို့တက်သည်ဟုမက်သော် အရောင်းအဝယ်ကောင်းအံ့။

လောက်ကိုစားရသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

လောက်ကို မစင်ပုံထဲတွင်တွေ့ ရသည်ဟုမက်သော် ထီပေါက်အံ့။

လောက်လေးဂွကို မြင်မက်သော် ရန်များအံ့။

လောက်လေးဂွနှင့် ပစ်ခတ်ခံရသည်ဟုမက်သော် ဘေးအန္တရာယ်နှင့်ကြုံရအံ့။

လွယ်အိတ်ကိုမြင်မက်သော် ငွေဝင်အံ့။

လွယ်အိတ်လွယ်ထားရသည်ဟုမက်သော် စီးပွားဖြစ်အံ့။ အကြံအောင်အံ့။

လွယ်အိတ်ထဲတွင် ပစ္စည်းများ ပြည့်ကျပ်နေသည်ဟု မက်သော်ထီပေါက်အံ့။

လွယ်အိတ်ပေါက်ပြဲနေသည်ဟုမက်သော် စီးပွားရေးကျဆင်းအံ့။

လွယ်အိတ်ထဲတွင် စာအုပ်များကိုတွေ့ ရသည်ဟုမက်သော် ပညာရေး တိုးတက်အံ့။

လွှားက ခါးရသည်ဟုမက်သော် အလွန်ညံ့အံ့။

လှံတံကိုမြင်မက်သော် ရန်များအံ့။

သည် လှံနှင့်ထိုးသည်ဟုမက်သော် စည်းစိမ်ပျက်စီးအံ့။

လှံကစားသည်ဟုမက်သော် ဘေးအန္တရာယ်နှင့် တွေ့ကြုံရအံ့။

လံချားကိုမြင်မက်သော် ခရီးယာယီသွားရအံ့။

လံချားဆွဲရသည်ဟုမက်သော် ပင်ပန်းကြီးစွာ လုပ်ကိုင်ရပြီး ဆင်းရဲအံ့။

လံချားစီးရသည်ဟုမက်သော် လမ်းခရီးတွင် နှောင့်နှေးမှုနှင့်ကြုံရအံ့။

လျှို့ဝှက်ရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

လျှို့ဝှက်စွာ တိုင်ပင်ပြောဆိုရသည်ဟုမက်သော် ပြောဆိုတိုင်းဖြစ်အံ့။

လည်ပင်းကြီးသည်ဟုမြင်မက်သော် ရွှေဆွဲကြိုး ဝတ်ဆင်ရအံ့။

လည်ပင်းရှည်သည်ဟုမြင်မက်သော် အကြံအားလုံး ပျက်စီးအံ့။

လည်ပင်းတိုသည်ဟုမြင်မက်သော် စီးပွားပျက်အံ့။

ဝနေသည်ဟုမြင်မက်သော် ကျန်းမာရေးညံ့အံ့။

ဝသောသူနှင့်တွေ့ရသည်ဟုမက်သော် ပြစ်တင်စကားပြောဆိုခံရအံ့။

ဝရံတာပေါ်တွင် ထိုင်နေသည်ဟုမြင်မက်သော် စိတ်သောကဖြစ်အံ့။

ဝရံတာမှ အပေါ်သို့မော့ကြည့်သည်ဟုမက်သော် မျှော်လင့်သမျှအောင်မြင်အံ့။

ဝရံတာမှ အောက်သို့ငုံ့ကြည့်သည်ဟု မက်သော် သောကဖြစ်အံ့။

ဝတ်စုံဆင်တူဝတ်ဆင်ရသည်ဟုမက်သော် မိတ်ဆွေတိုးအံ့။

ဝတ်ဖြူစင်ကြယ် ဝတ်ရသည်ဟုမက်သော် ကောင်းမွန်သောလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုရအံ့။ ထိုလုပ်ငန်းအောင်မြင်မှုရအံ့။

ဝတ်အသင်းကိုဝင်ရသည်ဟုမက်သော် သူကောင်းပြုခြင်းခံရအံ့။

ဝတ်ကြီးဝတ်ငယ် ပြုစုရသည်ဟု မက်သော် လူချစ်လူခင် ပေါများအံ့။

ဝါးပင်ကိုမြင်မက်သော် အကူအညီရအံ့။

ဝါးချမ်းကိုမြင်မက်သော် အိမ်ထောင်ရေးအဆင်မပြေဖြစ်အံ့။

ဝါးစိမ်းကိုမြင်မက်သော် ကောင်းစားအံ့။

ဝါးပင်ပေါ်သို့တက်နေသည်ဟုမက်သော် လာဘ်ရအံ့။

ဝါးအိမ်ဆောက်လုပ်သည်ဟုမက်သော် လာဘ်ရအံ့။

ဝါးရောင်းရသည်ဟု မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

ဝမ်းမြောက်ဝမ်းသာရသည်ဟုမက်သော် ကောင်းစားအံ့။

ဝမ်းရောင်ရောဂါဖြစ်သည်ဟုမက်သော် သောကရောက်အံ့။

ဝေါယာဉ်စီးရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

ဝေါယာဉ်ပေါ်မှ ပြုတ်ကျသည်ဟုမက်သော် စီးပွားပျက်အံ့။

ဝက်ကိုမြင်သော် ကောင်းစားအံ့။

ဝက်ပက်သည်ကိုမြင်မက်သော် ရန်များအံ့။

ဝက်သေကို မြင်မက်သော် ငွေကြေး အလုံးအရင်းနှင့်ဝင်လာအံ့။

ဝက်သားချက်စားရသည်ဟုမက်သော် လာဘ်ရအံ့။

ဝက်စီးရသည်ဟုမြင်မက်သော် သေကြေပျက်စီးအံ့။

ဝက်ကို ခြံလှောင်ထားရသည်ဟုမက်သော် ကျော်စောအံ့။

ဝက် မိမိနေအိမ်ပေါ်တွင် တွေ့ ရသည်ဟုမက်သော် ထီပေါက်အံ့။

ဝက်တစ်ကောင်နှင့်တစ်ကောင် ခိုက်ရန်ဖြစ်နေသည်ဟု မြင်သော် စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်ရပြီး အောင်မြင်အံ့။

ဝက် နှိပ်စက်ခံရသည်ဟုမြင်မက်သော် ရာဇဘေးသင့်အံ့။

ဝက်မွေးသည်ဟုမက်သော် စီးပွားဖြစ်အံ့။

ဝက်အစာကျွေးရသည်ဟုမက်သော် အလှူအတန်းလုပ်ရအံ့။

ဝက်ဝံကိုမြင်မက်သော် ဘေးရန်များအံ့။

ဝက်ဝံကိုက်ခံရသည်ဟုမက်သော် နှိပ်စက်ခံရအံ့။

ဝက်ဝံကို လှောင်ထားသည်ဟုမက်သော် ရန်အောင်အံ့။

ဝတ်အသင်းကိုမြင်မက်သော် ကောင်းစားအံ့။

ဝတ်ကြီးဝတ်ငယ် မိဘများအား ပြုစုရသည်ဟုမက်သော်လူချစ်လူခင်များအံ့။

ဝတ်လစ်စလစ်နှင့်သူကို မြင်မက်သော် ဒုက္ခရောက်အံ့။

ဝဲနာပေါက်သည်ဟုမြင်မက်သော် ထီပေါက်အံ့။

ဝေလငါးကိုမက်သော် ပင်လယ်ခရီးဝေးသွားရအံ့။

ဝေလငါးကိုဖမ်းရသည်ဟုမက်သော် ငွေဝင်အံ့။

ဝေလငါးကိုစားရသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

ဝေလငါးကို ဖက်တွယ်ထားသည်ဟုမက်သော် ထီကြီးပေါက်အံ့။

ဝံပုလွေကိုမြင်မက်သော် မကောင်းကြံစည်ခြင်းခံရအံ့။

ဝံပုလွေကိုဖမ်းရသည်ဟုမက်သော် ရန်အောင်အံ့။

ဝံပုလွေကိုသတ်သည်ဟု မြင်မက်သော် ရန်အေးအံ့။

ဝံပုလွေသားကို စားရသည်ဟုမက်သော် ရန်အောင်အံ့။

ဝံပုလွေအရေခွံကို ခြုံထားရသည်ဟုမက်သော် လိမ်ညာသူနှင့်တွေ့အံ့။

ဝင်းထရံခတ်ထားသည်ဟုမြင်မက်သော် ငွေကြေးစုဆောင်းမိအံ့။

ဝင်းထရံပေါ်သို့ ကျော်တက်ရသည်ဟုမက်သော် အခက်အခဲများပြေလည်လာအံ့။

ဝင်းထရံပေါက်နေသည်ဟုမက်သော် အိမ်တွင်းရန်ရှိအံ့။

သင်္ဘောနစ်မြုပ်သည်ဟုမက်သော် သေကြေပျက်စီးအံ့။

သမွန်ကိုမြင်မက်သော် စီးပွားရေးအဆင်ပြေအံ့။

သမ္ဗန်စီးရသည်ဟု မြင်မက်သော် အဆင့်အတန်းနိမ့်စွာ နေထိုင်ရအံ့။

သမ္ဗန်နစ်သည်ဟုမြင်မက်သော် ဘေးတွေ့အံ့။

သရဖူဆောင်းရသည်ဟုမြင်မက်သော် ရာထူးတိုးအံ့။

သမင်ကိုမြင်မက်သော် လာဘ်ဝင်အံ့။

သမင်သားစားရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

သမင်ကိုမွေးထားသည်ဟုမက်သော် ထီပေါက်အံ့။

သံပရာသီးစားရသည်ဟုမက်သော် ရန်ပျောက်အံ့။

သံပရာသီးနှင့် ဆော့ကစားနေသည်ဟုမက်သော် ပြဿနာပေါ်အံ့။

သံတိုင်ဖြင့်ပြုလုပ်သည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

သံတိုင်ကြားတွင်နေရသည်ဟုမက်သော် အမှုအခင်းဖြစ်အံ့။

သံကြိုးကိုမြင်မက်သော် ဘေးတွေ့အံ့။

သာယာသောအသံကြားရသည်ဟုမက်သော် ကောင်းစားအံ့။

သီချင်းဆိုရသည်ဟုမြင်မက်သော် စိတ်သောကရောက်အံ့။

သားစိမ်းစားရသည်ဟုမက်သော် သောကရောက်အံ့။

သားကင်စားရသည်ဟုမက်သော် လာဘ်ကြီးရအံ့။

သားငါးစားရသည်ဟုမက်သော် လာဘ်ကြီးရအံ့။

သားသမီးရသည်ဟုမက်သော် ဥစ္စာပစ္စည်းရအံ့။

သားပိုက်ကောင်ကိုမြင်မက်သော် သားသမီးများ စည်းလုံးညီညွတ်မှုရှိအံ့။

သင်္ကန်းကိုမြင်မက်သော် ချမ်းသာရအံ့။

သင်္ကန်းလှူသည်ဟုမြင်မက်သော် ချမ်းသာမှုနှင့် ပြည့်စုံအံ့။

သင်္ကန်းရောင်းဝယ်ရသည်ဟုမက်သော် ငွေကြေးအဆင်ပြေအံ့။

သတ်ဖြတ်ရသည်ဟု မြင်မက်သော် အကြံအောင်အံ့။

သတ်ဖြတ်ခံရသည်ဟု မြင်မက်သော် အကြံပျက်အံ့။

သည်းထန်စွာ ငိုကြွေးရသည်ဟုမက်သော် ထင်ရှားကျော်စောအံ့။

သည်းထန်စွာ ရွာသွန်းသော မိုးရေထဲတွင် လမ်းလျှောက်ရ

သည်ဟုမက်သော် အလုပ်အကိုင် အထူးအောင်မြင်အံ့။

သည်းထန်စွာ ရွာသွန်းသော မိုးရေထဲတွင် တစ်ယောက်တည်းထိုင်နေရသည်ဟုမက်သော် အကြံအစည် နှောင့်နှေးအံ့။

သည်းထန်စွာ ရွာသွန်းသော မိုးရေထဲတွင် မိသားစုနှင့် တပျော် တပါးလျှောက်ရသည်ဟုမက်သော် မိသားစုတစ်စုလုံး အောင်မြင်မှုရအံ့။

သွေးကိုမြင်မက်သော် ဘုန်းတန်ခိုးကြီးအံ့။

သွေးသောက်ရသည်ဟုမက်သော် ပညာရှိအံ့။

သွေးကိုချိုးရသည်ဟုမက်သော် ချမ်းသာကြွယ်ဝအံ့။

သွေးလှူရသည်ဟုမြင်မက်သော် အလှူအတန်းပေးရအံ့။

သွေးထွက်သည်ဟုမြင်မက်သော် လာဘ်ရအံ့။

သွေးသွင်းရသည်ဟု မြင်မက်သော် ငွေဝင်အံ့။

သွေးများ မိမိ၏ခန္ဓာကိုယ်တွင် ပေကျံနေသည်ဟုမက်သော်ထီပေါက်အံ့။

သွေးများ နှာခေါင်းမှလျှံထွက်နေသည်ဟုမက်သော် ထီပေါက်အံ့။

သွားပေါက်သည်ဟုမက်သော် ကောင်းစားအံ့ ။

အထက်သွားကျိုးသည်ဟုမြင်မက်သော် သားကြီးဖြစ်သူ ဘေးတွေ့အံ့။

အောက်သွားကျိုးသည်ဟု မြင်မက်သော် သမီးကြီးဖြစ်သူ ဘေးတွေ့အံ့။

သွားကျိုးသည်ဟုမက်သော် အဘိုးအဘွားများ ပျက်စီးအံ့။

အံသွားကျိုးသည်ဟုမက်သော် ဆွေမျိုးများထဲမှ အကြီးအကဲဖြစ်သူ ဘေးတွေ့အံ့။

အောက်အံသွားကျိုးသည်ဟုမက်သော် မိမိထက်ငယ်ရွယ်သူပျက်စီးအံ့။

သွားနာသည်၊ သွားယိုင်သည်ဟုမက်သော် စီးပွားရေးကျဆင်းအံ့။

သေနေသည်ဟု မက်သော် ကောင်း၏

သေနေပြီးသော မိတ်ဆွေများကိုမြင်မက်သော် ကောင်း၏။

သေနေသောသူနှင့် စကားပြောရသည်ဟုမက်သော် အကြံ ရအံ့။

သေရည်ရောင်းရသည်ဟုမက်သော် အမှုဖြစ်အံ့။

သေရည်သေရက်သောက်ရသည်ဟုမက်သော် စိုးရိမ်ကြောင့်ကြဖြစ်ရအံ့။

သင်္ဘောသားလုပ်ရသည်ဟုမက်သော် ခရီးဝေးသွားရအံ့။

သင်္ဘောကိုမြင်မက်သော် ခရီးဝေးသွားရအံ့။

သင်္ဘောသွားလာနေသည်ကိုမက်သော် ခရီးဝေးထွက်ရအံ့။

သင်္ဘောကို မိသားစုနှင့်အတူ စီးရသည်ဟုမက်သော် နိုင်ငံရပ်ခြားခရီးသွားရအံ့။

သင်္ဘောသားကို မြင်မက်သော် အဆင်မပြေဖြစ်အံ့။

သင်္ဘောမီးလောင်သည်ဟုမက်သော် အိမ်ထောင်ရေးအဆင်မပြေဖြစ်အံ့။

သင်္ဘောကို ကုန်းပေါ်တွင်တွေ့ရသည်ဟု မက်သော် အလုပ်အကိုင် နှောင့်နှေးအံ့။

သစ်ပင်ကိုမြင်မက်သော် ကောင်းစားအံ့။

သစ်ပင်တက်ရသည်ဟုမြင်မက်သော် ရာထူးတိုးအံ့။

သစ်ပင်ပြိုလဲရသည်ဟုမက်သော် သေကြေပျက်စီးအံ့။

သစ်ပင် မိမိနေအိမ်ပေါ်တွင် ပေါက်နေသည်ဟုမက်သော် ထီပေါက်အံ့။

သစ်သီးမှည့်စားရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

သစ်သီးပုပ်များကို မြင်မက်သော် မလိုသူနှင့် တွေ့ ရအံ့ ။

သစ်ရွက်စားရသည်ဟုမြင်မက်သော် လာဘ်ရအံ့။

သစ်ရွက်များ မြေပြင်တွင် လွင့်ကျနေသည်ဟုမက်သော် စီးပွားရေးကျဆင်းအံ့။

သစ်ရွက်များ ကောင်းကင်တွင် လွင့်ပျံနေသည်ဟု မြင်မက်သော် စီးပွားရေးအောင်မြင်အံ့။

သစ်ပင်ကျိုးသည်ဟုမြင်မက်သော် ဘေးဒုက္ခ ကြီးစွာရောက်အံ့။

သစ်ပင်ခုတ်သည်ဟုမြင်မက်သော် အလွန်ညံ့အံ့။

သစ်သီး လွယ်ပိုးထားသည်ဟုမက်သော် ကောင်းစားအံ့။

သစ်သားချောင်းများကို မြင်မက်သော် စိတ်သောကရောက်အံ့။

သစ်ပုံကြီးကိုမြင်မက်သော် ပြဿနာပေါ်လာအံ့။

သစ်သားအိမ်ဆောက်လုပ်ရသည်ဟုမက်သော် အိမ်တွင်း အဆင်မပြေဖြစ်ရအံ့။

သစ်ရောင်းဝယ်ရသည်ဟုမက်သော် အကြံနှောင့်နှေးရအံ့။

သော့ခလောက်ကိုမြင်မက်သော် မိသားစုအဆင်ပြေအံ့။

သော့ပျောက်နေသည်ဟုမက်သော် စီးပွားရေးအဆင်မပြေဖြစ်အံ့။

သော့ပျက်နေသည်ဟုမက်သော် ပြဿနာပေါ်အံ့။

သော့ရောင်းဝယ်ရသည်ဟုမက်သော် ပြဿနာရှုပ်ထွေးအံ့။

သော့တံကို ရိုက်ချိုးပစ်လိုက်သည်ဟုမက်သော် စီးပွားပျက်အံ့။

သူတောင်းစားကိုမြင်မက်သော် ရာထူးရအံ့။

သူသေကိုမြင်မက်သော် စကားဟောင်းပေါ်အံ့။

သူသေ ထလာသည်ဟုမက်သော် ပစ္စည်းရောက်အံ့။

သူသေကိုချီထားသည်ဟုမက်သော် လာဘ်ရအံ့။

သူတစ်ပါးထံတွင် မှီခိုနေထိုင်ရသည်ဟုမက်သော် အလွန်ညံ့အံ့။

သူငယ်ကို ချီးမြှောက်ရသည်ဟုမက်သော် လာဘ်ရအံ့။

သူငယ်နှင့်ကစားရသည်ဟုမက်သော် အလုပ်အကိုင်ရအံ့။

သူများသားမယားကို ကျူးလွန်သည်ဟုမက်သော် ကျန်းမာရေးညံ့အံ့။

သူခိုးဓားပြများကို မြင်မက်သော် အန္တရာယ်ကင်းအံ့။

သူတစ်ပါးကို ဆီးတားသည်ဟုမက်သော် အလွန်ညံ့အံ့။

သူတစ်ပါးက မိမိကို ဆီးတားသည်ဟုမက်သော် ကောင်းစားအံ့။

ဟင်္သာငှက်ကိုမြင်မက်သော် ကျော်စောထင်ရှားအံ့။

ဟင်္သာငှက် ကောင်းကင်၌ပျံနေသည်ဟု မက်သော် အထွတ်အထိပ်သို့ရောက်အံ့။

ဟင်္သာငှက် အစာစားနေသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

ဟင်္သာငှက် မြေပေါ်သို့ကျသည်ဟုမက်သော် စီးပွားရေးအလုပ်အကိုင်ပျက်စီးအံ့။

ဟင်းအိုးကိုမြင်မက်သော် ကောင်းစားအံ့။

ဟင်းရွက်စားရသည်ဟု မြင်မက်သော် လာဘ်ရအံ့။

ဟင်းသီးဟင်းရွက်ခူးရသည်ဟုမက်သော် လုပ်ငန်းတိုးချဲ့ရအံ့။

ဟင်းရွက် စိုက်ပျိုးရသည်ဟုမက်သော် လုပ်ငန်းတိုးချဲ့ရအံ့။

ဟင်းရွက်များ မြေပြင်တွင် ပြန့်ကျဲနေသည်ဟုမက်သော် လုပ်ငန်းနှင့်ပတ်သက်၍ ပြဿနာပေါ်လာအံ့။

အစားကြီးသည်ဟုမက်သော် ကျန်းမာရေးညံ့အံ့။

အစားနည်းသည်ဟုမက်သော် ကျန်းမာရေးကောင်းအံ့။

အစားအသောက်ကို ကျွေးမွေးဧည့်ခံရသည်ဟုမက်သော် မိတ်ဆွေတိုးအံ့။

အစားအစာယူဆောင်လာသည်ဟုမက်သော် လာဘ်ဝင်အံ့။

အသံကျယ်လောင်စွာ ငိုကြွေးရသည်ဟုမက်သော် ထင်ရှားကျော်စောအံ့။

အသံတိုးတိုးလေးကြားရသည်ဟုမက်သော် လုပ်ငန်းအကြံပျက်အံ့။

အသီးမျိုးစုံစားရသည်ဟုမက်သော် ကျော်ကြားအံ့။

အသီးရှိသောအပင်ကို တက်ရသည်ဟုမြင်မက်သော် ချမ်းသာရအံ့။

အသီးအရွက်နှင့်ပြည့်စုံနေသော သစ်ပင်ကို မြင်မက်သော် ပစ္စည်းဥစ္စာတိုးပွားအံ့။

အသီးအရွက်နှင့်ပြည့်စုံနေသောသစ်ပင် မိမိနေအိမ်ရှေ့တွင်ပေါက်သည်ဟု မြင်မက်သော် စီးပွားတိုးတက်အံ့။

အသီးအရွက်နှင့် ပြည့်စုံနေသောသစ်ပင် မိမိနေအိမ်နောက်ဖေးတွင်ပေါက်နေသည်ဟု မြင်မက်သော် ငွေကုန်ကြေးကျများအံ့။

အယူမှားသူ၊ အယူသီးသူတို့ကို မြင်မက်သော် အနှောင့်အယှက်ဖြစ်အံ့။

အခြွေအရံပေါများသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

အစိမ်းရောင်ကိုမြင်မက်သော် ခရီးဝေးသွားရအံ့။

အဆိပ်ကိုမြင်မက်သော် ကောင်းစားအံ့။

အဆိပ်သောက်ရသည်ဟု မက်သော် လာဘ်ရအံ့။

အဆိပ်ရှိသောသတ္တါ နေအိမ်ပေါ်သို့တက်သည်ဟု မြင်မက်သော်အလိုမတူသူနှင့်ပေါင်းသော် စီးပွားပျက်အံ့။ စီးပွားတိုးအံ့။

အပုပ်ကို မြင်မက်သော် လာဘ်ရအံ့။

အပုပ်စားပြီးမှ ပြန်၍အန်သည်ဟုမက်သော် သွေးထွက်သံယိုဖြစ်အံ့။

အစွယ်ရှိသောဆင်ကို မြင်မက်သော် ကောင်းစားအံ့။

အစွယ် (ဆင်စွယ်) များကိုမြင်မက်သော် ထီပေါက်အံ့။

အစွယ်ရှိသောသတ္တဝါကို မြင်မက်သော် ရာဇဝတ်ဘေးသင့်အံ့။

အစွယ် မိမိနေအိမ်ပေါ်တွင် တွေ့ ရှိရသည်ဟုမက်သော် လာဘ်ကြီးဝင်လာအံ့။

အလွန်ကြီးမားသော ကျွဲနှင့်နွားကို မြင်မက်သော် လာဘ်ကြီးဝင်အံ့။

အမဲလိုက်သည်ဟု မြင်မက်သော် လာဘ်ရအံ့။

အလံကိုမြင်မက်သော် အကြံအောင်အံ့။

အလံတိုင်ကျိုးသည်ဟုမက်သော် စီးပွားရေးပျက်အံ့။

အလံတိုင်၏ထိပ်ပေါ်တွင် ငှက်တစ်ကောင်နားနေသည်ဟု မြင်မက်သော် ကောင်းစားရအံ့။

အဝတ်အစားသစ် ဝတ်ရသည်ဟု မြင်မက်သော် ကျန်းမာရေးညံ့အံ့။

အဝတ်နီဝတ်ရသည်ဟုမြင်မက်သော် အမှုဖြစ်အံ့။

အဝတ်ဖြူဝတ်ရသည်ဟုမြင်မက်သော် လာဘ်ရအံ့။

အလိုမတူသူနှင့် ပေါင်းသင်းရသည်ဟု မြင်မက်သော် သေကြေအံ့။

အလှူအတန်းပေးရသည်ဟုမက်သော် ကောင်းစားအံ့။

အမှုဖြစ်ရသည်ဟုမက်သော် အလွန်ကောင်းစားအံ့။

အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ကိုင်ရသည်ဟုမက်သော် အောင်မြင်အံ့။

အလုပ်ပြုတ်သည်ကိုမြင်မက်သော် အဆင့်အတန်းမြင့်စွာ နေရအံ့။

အလှူပေးရသည်ဟုမက်သော် ကောင်းစားအံ့။

အလိမ်ခံရသည်ဟုမက်သော် ချစ်သူနှင့်ကွေကွင်းရအံ့။

အသားစားရသည်ဟုမက်သော် ကောင်းစားအံ့။

အင်္ကျီသစ် ဝတ်ဆင်ရသည်ဟုမက်သော် ကျန်းမာရေးညံ့အံ့။

အင်္ကျီအဟောင်းအနွမ်း ဝတ်ရသည်ဟုမက်သော် ကောင်းစားအံ့။

အိပ်ရာကိုမြင်မက်သော် မယားကောင်းရအံ့။

အိပ်နေသည်ဟုမြင်မက်သော် အကြံပျက်အံ့။

အိပ်ရာပေါ်သို့ မြွေတက်သည်ဟုမြင်မက်သော် ငွေ အစုလိုက်အပုံလိုက် ဝင်လာအံ့။

အိပ်ခန်းကိုမြင်မက်သော် ကျန်းမာရေးညံ့အံ့ ။

အိပ်ရာခင်းကိုမက်သော် အေးချမ်းစွာ နေထိုင်ရအံ့။

အိပ်ရာခင်း စုတ်ပြဲနေသည်ဟုမက်သော် စီးပွားပျက်အံ့။

အိမ်ကိုမြင်မက်သော် အကြံအောင်အံ့။

အိမ်ပြိုသည်ဟုမက်သော် စီးပွားကျအံ့။

အိမ်မီးလောင်သည်ဟုမက်သော် သေကြေပျက်စီးအံ့။

အိမ်သစ်ကို မြင်မက်သော် အရာရှိဖြစ်အံ့။

အိမ်၌ နေအိမ် လအိမ်ဖွဲ့နေသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

အိမ်ဆောက်သည်ဟုမက်သော် ကုသိုလ်ကံကောင်းအံ့။

အိမ်တိုင်မ လဲသည်ဟုမက်သော် သေကြေပျက်စီးအံ့။

အိမ်နားတွင် မှိုပေါက်သည်ဟုမက်သော် မိုးကြီးကျအံ့။

အိမ်ခေါင်မိုးကို မြင်မက်သော် ကျော်ကြားအံ့။

အိမ်ခေါင်မိုးပေါ်သို့တက်၍ ရေသောက်ရသည်ဟု မက်သော်အကြီးအကဲဖြစ်အံ့။

အိမ်အောက်သို့ မြွေဝင်သည်ဟုမက်သော် လာဘ်ကြီးဝင်အံ့ ။

အိမ်ပေါ်သို့ မြွေတက်သည်ဟုမက်သော် ထီပေါက်အံ့။

အိမ်ထောင်ပြုရသည်ဟု မြင်မက်သော် လာဘ်ကြီးရအံ့။

အိမ်ထောင်ကွဲသည်ဟုမြင်မက်သော် ပျော်ရွှင်ရအံ့။

အိမ်ထဲတွင် ဆူညံနေသည်ဟုမက်သော် စီးပွားကျအံ့။

အိမ်သာကို မြင်မက်သော် လာဘ်ကြီးဝင်အံ့။

အိမ်ရှေ့တွင် မဏ္ဍပ်ကြီးထိုးထားသည်ဟု မြင်မက်သော် အလှူကြီးပေးရအံ့။

အိမ်ဇောက်ထိုးဖြစ်နေသည်ဟုမက်သော် စီးပွားရေးပျက်အံ့ ။

အိမ်ခေါင်မိုးပေါ်မှ အိမ်မြှောင်စုတ်ထိုးသံ ကြားရသည်ဟုမက်သော် ထီပေါက်အံ့။ ကမာက

အိမ်ခေါင်ရင်းတွင် အိမ်မြှောင်စုတ်ထိုးသံကြားရသော် ပျက်စီးအံ့။

အိမ်ခေါင်မိုးလန်နေသည်ဟုမက်သော် အကြံပျက်အံ့။

အိုးခွက်ပန်းကန်ရသည်ဟုမက်သော် စီးပွားတိုးအံ့။

အိုးမဲလိမ်းရသည်ဟုမက်သော် ဘေးအန္တရာယ်များအံ့။

အိုးလည်ပြတ်ကို မြင်မက်သော် အလွန်ညံ့အံ့။

အိုးထဲတွင် ရေများပြည့်လျှံနေသည်ဟုမက်သော် ရွှေငွေဝင်အံ့။

အိုးထဲတွင် ရေများခန်းခြောက်နေသည်ဟုမက်သော် စီးပွားကျအံ့။

အိုးထဲတွင် မြွေဝင်နေသည်ဟုမက်သော် ဆန်ရေစပါးပေါများအံ့။

အိုးကျကွဲသည်ဟု မြင်မက်သော် သေကြေပျက်စီးအံ့။

အိုးများ နေအိမ်တွင် ပြည့်ကျပ်နေသည်ဟုမက်သော် လာဘ်ကြီးဝင်အံ့။

အုန်းသီးကိုမြင်မက်သော် လာဘ်ရအံ့။

အုန်းသီးအညှောင့်ပေါက်သည်ဟု မြင်မက်သော် လာဘ်ရအံ့။

အုန်းပင်တက်ရသည်ဟုမက်သော် အကြံအောင်အံ့။

အုန်းပင်ပေါ်မှ ပြုတ်ကျသည်ဟုမက်သော် အကြံပျက်အံ့။

အုန်းသီးစားရသည်ဟုမက်သော် အိုးသစ်အိမ်သစ်နှင့် နေထိုင်ရအံ့။

အုန်းရေသောက်ရသည်ဟုမက်သော် လိုအင်ဆန္ဒ ပြည့်စုံအံ့။

အုန်းမောင်းခေါက်သံကြားရသည်ဟုမက်မူ အစားအစာ ကောင်းစားရအံ့။

အုန်းမှုတ်ခွက်ကို မြင်မက်မူ ဆင်းရဲအံ့။

အုန်းပင်ပေါ်မှ အုန်းသီးပြုတ်ကျသည်ဟုမက်သော် နေအိမ်ပေါ်မှ ဖယ်ရှားခံရအံ့။

အုန်းပင်ပေါ်မှ အုန်းသီးပြုတ်ကျသည်ဟုမက်သော် နေအိမ်ပေါ်မှ ဖယ်ရှားခံရအံ့။

အုန်းပင်ပေါ်မှအုန်းသီး နေအိမ်ခေါင်မိုးပေါ်သို့ ပြုတ်ကျသည်ဟုမက်သော် စီးပွားပျက်၍ နေထိုင်စရာမရှိဖြစ်အံ့။

အူကိုထုတ်၍ ရွာကိုပတ်ရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။

အူကိုချက်စားရသည်ဟုမက်သော် လာဘ်ရအံ့။

အုတ်ခဲနှင့်ပစ်ပေါက်သည်ဟုမက်သော် အမှုအခင်းဖြစ်အံ့။

အုတ်ပုံကိုမြင်မက်သော် နေရာထိုင်ခင်း အသစ်ရအံ့။

အုတ်ပုံပြိုနေသည်ဟုမက်သော် နေရာထိုင်ခင်း အခက်တွေ့အံ့။

အုတ်လမ်းခင်းရသည်ဟုမက်သော် အလုပ်အကိုင် အောင်မြင်အံ့။

အုတ်ခဲပုံပေါ်တွင် တက်ထိုင်နေသည်ဟုမက်သော် အိုးအိမ် ပိုင်ဆိုင်ရအံ့။

အိတ်ကို အိပ်မက်သော် စီးပွားဖြစ်အံ့။

အိတ်ထဲတွင် ငွေများကိုမြင်မက်သော် လာဘ်ကြီးဝင်အံ့။

အိတ်ပေါက်နေသည်ဟုမြင်မက်သော် မိမိရှာထားသမျှ ဆုံးရှုံးရအံ့။

အပ် (ပင်အပ်) ကိုမြင်မက်သော် ထိရောက်သောလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ရပြီး အထူးအောင်မြင်အံ့။

အပ်ချည်လုံးကိုမြင်မက်သော် ပြဿနာများ ရှုပ်ထွေးအံ့။

အံ (ကြွေအံ) ကစားရသည်ဟုမက်သော် စီးပွားပျက်အံ့။

အံ (ကြွေအံ) ကစား၍ ရှုံးရသည်ဟုမက်သော် စီးပွားတက်အံ့။

အံ (ကြွေအံ) ကစား၍ အနိုင်ရသည်ဟုမက်သော် ငွေကုန် ကြေးကျများအံ့။

အားကစားလေ့ကျင့်ခန်း လုပ်ရသည်ဟုမက်သော် ကျန်းမာရေးအထူးကောင်းမွန်အံ့။

ဥဗျိုင်းနားသည်ဟုမက်တော် ရာထူးတိုးအံ့။

ဥဗျိုင်းတောနေသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်သူ ပျက်စီးအံ့။

ဥဗျိုင်းများ မိမိကိုယ်ကို ဝန်းရံထားသည်ဟု မြင်မက်သော်အကြီးအကဲဖြစ်အံ့။

ဥယျာဉ်ကို မြင်မက်သော် လာဒ်ရအံ့။

ဥယျာဉ်တွင်း မီးလောင်နေသည်ဟု မြင်မက်သော် စီးပွားဆုတ်ယုတ်အံ့။

ဥယျာဉ်တွင်း ချစ်သူနှင့်အတူ ယှဉ်တွဲထိုင်နေသည်ဟု မြင်မက်သော် စိတ်ချမ်းသာမှုနှင့် ပြည့်စုံအံ့။

ဥစားရသည်ဟုမက်တော် အကြံအစည်အောင်မြင်အံ့။

ဥမျိုးစုံ စားရားသည်ဟုမြင်မက်တော် သာကြွယ်ဝအံ့။

ဥမျိုးစုံ မိမိနေအိမ်ပေါ်တွင် တွေ့ရှိရသည်ဟု မြင်မက်သော်လာဘ်ကြီးဝင်လာအံ့။

ဥများ အသိုက်ထဲတွင်ရှိသည်ကို မြင်မက်သော် ထီပါက်အံ့။

ဥဒေါင်းတွန်သံကြားရသည်ဟု မြင်မက်သော် သတင်းကောင်း ကြားရအံ့။

ဥသျှစ်ပင်ကို မြင်မက်သော် ပစ္စည်းဥစ္စာတိုးပွားလာအံ့။

ဥသျှစ်သီးစားရသည်ဟုမက်သော် ထီပေါက်အံ့။

ဦးနှောက်ပျက်သွားသည်ဟု မြင်မက်သော် အကြံကောင်း ပေါ်အံ့။

ဦးခေါင်းပြတ်သွားသည်ဟု မြင်မက်သော် သေကြေပျက်စီးအံ့။

ဦးခေါင်းဖြတ်လိုက်ရသည်ဟု မြင်မက်သော် ရန်အောင်အံ့။

ဦးခေါင်းကွဲသွားသည်ဟု မြင်မက်သော် အလွန်ညံ့အံ့။

ဦးခေါင်းရိတ်သည်ဟု မြင်မက်သော် နာဖျားအံ့။

ဦးထုပ်ဆောင်းသည်ဟုမြင်မက်သော် ချမ်းသာအံ့။

ဦးစားပေးခံရသည်ဟု မြင်မက်သော် ကြန့်ကြာရအံ့။

ဦးချိုကို မြင်မက်သော် ရန်များအံ့။

ဦးချိုရှိသောသတ္တဝါကိုမက်သော် ရာဇဝတ်ဘေးတွေ့အံ့။

ဦးဦးဖျားဖျားစားရသည်ဟု မြင်မက်သော် အကြီးအကဲဖြစ်အံ့။

ဦးဦးဖျားဖျား စားစရာများကို လှူဒါန်းရသည်ဟုမက်သော် အဆင့်အတန်းမြင့်စွာ နေထိုင်ရအံ့။